Home သတင်း ‌ကေအဲန်ယူ ‌ရွေး‌ကောက်ပွဲ စတင်ကျင်းပ

‌ကေအဲန်ယူ ‌ရွေး‌ကောက်ပွဲ စတင်ကျင်းပ

2166

ဧပြီ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ ကျင်းပ‌နေသည့် ၁၆ ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်၏ ၁၈ ရက်‌မြောက်‌နေ့ ယ‌နေ့ (ဧပြီ ၆ ရက်‌နေ့)တွင် လာမည့် ၄နှစ် သက်တမ်းအတွက် ဦး‌ဆောင်သွားမည့် ‌ခေါင်း‌ဆောင်သစ်များကို လျှို့ဝှက်မဲစနစ်ဖြင့် စတင်‌ရွေး‌ကောက်‌နေပြီဖြစ်သည်။

‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်သစ်များကို ‌ရွေးချယ်တင်‌မြောက်ရာတွင် မဲ‌ပေးခွင့်ရှိသူ ကိုယ်စားလှယ် ၂၁၇ ဦးမှ ‌ရှေးဦးစွာ ဗဟို‌ကော်မတီဝင်‌လောင်း ၆ဝ ကို‌ရွေးချယ်ရမည်ဖြစ်သည်။ ထို့‌နောက် ‌ရွေးချယ်ခံရသူ ကိုယ်စား လှယ်‌လောင်း ၆ဝ ဦးထဲမှ ယခုကွန်ဂရက်ဆုံးဖြတ်ချက်အရ ပြန်လည်တိုးချဲ့ထားသည့် ‌ကော်မတီဝင်ဦး‌ရေ ၅၅ ဦးကို ပြန်လည်‌ရွေး‌ကောက် ရမည်ဖြစ်သည်။

‌ရွေး‌ကောက်ပွဲအစီအစဉ်များအရ ‌ရွေးချယ်ခံထားရသည့် ဗဟို‌ကော်မတီဝင် ၅၅ ဦးထဲမှ ‌ကေအဲန်ယူတွင် ဩဇာအရှိဆုံး ကြီး ၅ ကြီးဖြစ်သည့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်နှင့် တွဲဖက်အတွင်း‌ရေးမှုး ၁ နှင့်၂ တို့ကို ‌ရွေး‌ကောက်တင်‌မြှောက်ကြမည်ဖြစ်သည်။

‌ရွေး‌ကောက်ပွဲအဆင့်တိုင်းတွင် လျှို့ဝှက်မဲ‌ပေးစနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ‌ရွေးချယ်ခံရသည့် ကြီး ၅ ကြီးမှ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ၁၁ ဦးနှင့်အတူ ဌာနဆိုင်ရာ တာဝန်ခံများကို ပြန်လည်‌ရွေးချယ်ကြမည် ဖြစ်သည်ဟု သိရသည်။

‌ကေအဲန်ယူ ‌ရွေး‌ကောက်ပွဲကို ပြည်တွင်း ပြည်ပ ကရင်အမျိုးသားများနှင့် နိုင်ငံ‌ရေး စိတ်ဝင်စားသူများက ဥက္ကဌသစ် မည်သူဖြစ်လာမည်ကို စိတ်ဝင်တစား‌စောင့်ကြည့်‌နေပြီး
အမျိုးသား‌ရေးနှင့်တိုင်းရင်းသားအ‌ရေးအတွက် မှန်မှန်ကန်ကန်ဦး‌ဆောင်မှု ပြုနိုင်သည့် ‌ခေါင်း‌ဆောင်ကို ‌ရွေးချယ်‌ပေး‌စေလိုသည်ဟု ပြည်တွင်းပြည်ပ ကရင်အမျိုးသားများက ‌ပြောသည်။

လက်ရှိ ကျင်းပ‌နေသည့် ‌ကေအဲန်ယူ ‌ရွေး‌ကောက်ပွဲကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဌအဖြစ် ဖလုံ-စ‌ဝေါ်ဒီမို ကရက်တစ်ပါတီ ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုး၊ အတွင်း‌ရေးမှူး အကျိုး‌ဆောင်အဖြစ် ကရင်သတင်းဌာန (‌ကေအိုင်စီ) အယ်ဒီတာချုပ် နန်း‌ဖော့‌ဂေ၊ အဖွဲ့ဝင်များအဖြစ် မန်း‌ကျော်ငြိမ်း၊ ဗိုလ်မှူး‌စော‌အောင်စီ၊ ‌စောအယ်ကလူ၊ ‌စောစိန်ဝင်းနှင့် ‌စောက‌ပေါ်မှူးတို့က တာဝန်ယူ ပြုလုပ်‌ပေးလျှက်ရှိသည်။