Home သတင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီး‌နေ့ အခမ်းအနား ပြည်နယ်လူမှုဝန်ထမ်းနှင့် KWEG တို ့ပူးတွဲကျင်းပ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီး‌နေ့ အခမ်းအနား ပြည်နယ်လူမှုဝန်ထမ်းနှင့် KWEG တို ့ပူးတွဲကျင်းပ

2165

မတ်လ ၈ရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ယခုလ မတ်လ ၈ရက်‌နေ့တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး‌နေ့ အခမ်းအနားကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်း(KWEG) တို့ ပူးတွဲကျင်းပခဲ့ပြီး အခမ်းအနားသို့ အလွှာစုံ လူ ၆၀ဝခန့် တက်‌ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားနှင့်ပတ်သက်၍ KWEG ဒါရိုက်တာ ‌နော်သက်သက်ထွန်းက “အမျိုးသမီးများ‌နေ့ကို ကျမတို့ KWEG အ‌နေ နဲ့‌တော့ ခါတိုင်းနှစ် ‌ကျေးရွာ‌တွေမှာ ကျင်းပတာရှိတယ်။ အခုနှစ်မှာ‌တော့ အစိုးရလူမှုဝန်ထမ်း ဦးစီးဌာနတို့နဲ့ ဖားအံမြို့မှာ ပူး‌ပေါင်းလုပ်‌ဆောင်တာ‌ပေါ့။ လူထု‌တွေက အမျိုးသမီး အခွင့်အ‌ရေးနဲ့ပတ်သက်ပြီး အားလုံးမသိကြ‌ပေမယ့်လည်း ကျမတို့အဖွဲ့ ပညာ‌ပေးလုပ်‌ပေးတဲ့ ရွာ‌တွေမှာ‌တော့ သူတို့‌တွေက ‌တော်‌တော်များများ သိလာတာ ‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မနက် ၉နာရီမှ ည‌နေ ၄နာရီထိ တ‌နေ ့ပြုလုပ်သည့် အခမ်းအနားတွင် ပြည်နယ် စီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အမျိုးသ မီးများ အ‌ရေးကြီးသည့် အခန်းကဏ္ဍဆိုင်ရာများ၊ ငြိမ်းချမ်း‌ရေး၊ နိုင်ငံ‌တော် တိုးတက်‌ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အမျိုးသမီးစွမ်းရည်မြှင့်တင်ခြင်း အ‌ကြောင်းအရာများကို ‌ဟော‌ပြော‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်လာသူ ကြာအင်းဆိပ်ကြီးမြို့နယ် ဆယ်အိမ်စု‌ကျေးရွာမှ ‌နော်သာမူက “ ဗဟုသုတ အသစ်‌တွေ‌တော့ ရလိုက်ပါတယ်။ ဒီပွဲမှာ လာ‌ပြောတဲ့သူ‌တွေက ကျမအတွက် အကျိုးရှိတဲ့ဟာပဲ။ ကျမတို့မှာ အခွင့်အ‌ရေး အပြည့်ရှိတယ်။ အများ ကြီး လုပ်နိုင်တာကို သိရတယ်။ အရင်က သွားလည်းမသွားရဘူး၊ သိလည်း မသိရဘူး၊ အမြဲတမ်းပဲ ထိန်းချုပ်မှု‌အောက်မှာ ‌နေရ တယ်။ ဒါ‌တွေက အမျိုးသမီး‌တွေကို ဖိနှိပ်တယ်ဆိုတာ အခုမှ သိလိုက်ရတယ်။ သိပြီးဆို‌တော့ ကျမက‌တော့ ဆက်ကြိုးစားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ ပွင့်လင်းလာချိန်တွင် အမျိုးသမီးများ အခွင့်အ‌ရေးများစွာ ရှိလာ‌သော်လည်း ‌ကျေးလက်‌နေ အမျိုးသမီးများအ ‌နေဖြင့် မိမိတို့ အခွင့်အ‌ရေးကို သိရှိသူနည်းပါး‌နေ‌သေးသည်ဟု ‌နော်သာမူက ဆက်‌ပြောသည်။

ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက “ဒီလိုပွဲမျိုးက မနှစ်ကတည်းက ကျ‌နော် ကျင်းပတာ ‌တော့ ရှိတယ်။ ဒီနှစ်‌တော့ အခြားအဖွဲ့‌တွေနဲ့ ပိုပြီး ပူး‌ပေါင်းလာနိုင်တယ်။ ပြီး‌တော့ အဖွဲ့အစည်း‌တွေရဲ့ ပံ့ပိုးမှု‌ကြောင့် ‌ကျောင်းသူ ‌ကျောင်းသား‌တွေကို အမျိုးသမီးနဲ့ ငြိမ်းချမ်း‌ရေးပတ်သက်ပြီး စာစီစာကုံးနဲ့ ‌ဆောင်းပါးပြိုင်ပွဲ‌တွေ လုပ်ဖြစ်တယ်။ ဒါက တစ်ဖက် တစ်လမ်းက‌နေ က‌လေး‌တွေကို အသိပညာတစ်မျိုး ‌ပေးနိုင်တာ‌ပေါ့”ဟု ‌ပြောသည်။

မတ်လ ၈ရက်‌နေ့တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ အခမ်းအနားကို ယခင်နှစ်များကလည်း ဖားအံမြို့ ၌ ကျင်းပခဲ့သလို ယခုနှစ်တွင် အချို့‌နေရာများ၌ ကြိုတင် ကျင်းပခြင်းများရှိ‌ကြောင်း အမျိုးသမီး အခွင့်အ‌ရေး လုပ်‌ဆောင်‌နေသူ များထံမှ သိရသည်။