Home သတင်း ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌ဖြေဆိုသူ ၂,၇၀၀‌ကျော်တိုးလာ

ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌ဖြေဆိုသူ ၂,၇၀၀‌ကျော်တိုးလာ

1834

မတ် ၁ဝရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

မြန်မာနိုင်ငံတစ်ဝှမ်း မတ်လ ၈ရက်‌နေ့တွင် စတင် စစ်‌ဆေး‌နေသည့် တက္ကသိုလ်ဝင်(၁ဝတန်း) စာ‌မေးပွဲကို ကရင်ပြည်နယ်အ တွင်း၌ ဝင်‌ရောက်‌ဖြေဆိုသူ‌ပေါင်း ၁၇,၂၉၅ဦးရှိသည့်အတွက် ယခင်နှစ်ထက် ‌ဖြေဆိုသူ ၂,၇၀ဝဦး‌ကျော် တိုးလာ‌ကြောင်း ပြည် နယ်ပညာ‌ရေးဌာန တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၆ တက္ကသိုလ်ဝင်စာ‌မေးပွဲ ကျင်းပခဲ့စဉ်က ဝင်‌ရောက်‌ဖြေဆိုရန် ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၄,၄၉၅ ဦး စာရင်း‌ပေးခဲ့ရာတွင် ၁၃,၅၆၁ဦး ‌ဖြေဆိုပြီး ပျက်ကွက်သူ ‌ကျောင်းသား ၈၅၀‌ကျော်ရှိခဲ့‌သော်လည်း ယခုနှစ်တွင် ၁၇,၂၉၅ဦး ‌ဖြေဆိုသည့်အတွက် ယခင်နှစ်ထက် ‌ဖြေဆိုသူ များပြားလာခဲ့ခြင်းဖြစ်သည်။

ပြည်နယ်၊ ပညာ‌ရေးဌာန လက်‌ထောက်ဦးစီးမှူး ဦး‌ငွေစိုးက “ပြည်နယ်တွင်းမှာ လမ်းပန်းဆက်သွယ်‌ရေး ‌ကောင်းလာတယ်။ အရင်ကထက် ငြ်ိမ်းချမ်းလာတယ်။ က‌လေး‌တွေပညာသင်ခွင့် ပိုရလာတယ်။ ဒီနှစ်‌တော့ ဆယ်တန်းဝင်‌ဖြေတာ ပိုတိုးလာတယ်။ စာစစ်ဌာန‌တွေလည်း တိုး‌ပေးထားတယ်။ စာ‌မေးပွဲအတွက် ဆရာ၊ မိဘ၊ ရပ်မိရပ်ဖနဲ့ လုံခြုံ‌ရေးဆိုင်ရာ တာဝန်ရှိသူ‌တွေ ပူး‌ပေါင်း ပြီး အဆင်‌ပြေ‌ပြေ၊ ‌ချော‌ချော‌မွေ့‌မွေ့ ‌ကျောင်းသား‌တွေ ‌ဖြေဆိုနိုင်ဖို့ ပူး‌ပေါင်းပါဝင်ကြ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ စာ‌မေးပွဲရက်ကာလတွင် စာ‌ဖြေ‌ကျောင်းသူ‌ကျောင်းသားများကို စိတ်အ‌နှောက်အယှက်ဖြစ်‌စေမည့် ကား၊ ဆိုင်ကယ် ဟွန်းတီးခြင်း၊ ဆူညံသံများ ထွက်‌ပေါ်‌စေသည့် ‌ဈေးဆိုင်များ၊ ပွဲလမ်းသဘင်များကို လူမှု‌ရေးအသိစိတ်ဓါတ်ဖြင့် သတိပြုလုပ် ‌ဆောင်ကြရန်လည်း ‌ကျောင်းသားမိဘတဦးဖြစ်သူ ဖားအံမြို့ခံ ကိုမြင့်‌အောင်က ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောဆိုသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုသူ ဦး‌ရေ တိုးလာ‌သော်လည်း ကရင်ပြည်နယ်အတွင်း ‌ဒေသအများစု၌ မူလတန်းအဆင့် ‌အောင်မြင်သည့် ‌ကျောင်းသူ‌ကျောင်းသားများသည် အလယ်တန်းနှင့် အထက်တန်း‌ကျောင်း ဆက်တက်ရန် မြို့‌ပေါ် အနီးတဝိုက်သို့ သွား‌ရောက်ရသည့်အတွက် အခက်အခဲရှိ‌နေသလို ရွာ‌ကျောင်းအများစုမှာ ဆရာ၊ ဆရာမ မလုံ‌လောက် မှုများနှင့် ကြုံ‌တွေ့‌နေရဆဲဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲသု့ိ ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၂,၀၈၄ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ပြီး ‌အောင်ချက် ၂၉.၅၄ရာခိုင်နှုန်း၊ ၂၀၁၆ခုနှစ်တွင် ‌ဖြေဆိုသူ ၁၃,၅၆၁ဦးရှိရာ ၂၇.၁၅ရာခိုင်နှုန်းသာရှိသည့်အတွက် ‌အောင်ချက်ကျ ဆင်း‌နေ‌ကြောင်း ပြည်နယ်ပညာ‌ရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။