Home အမြင်သဘောထား လက်ရှိ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအ‌ပေါ်‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စော‌ရွှေ‌မောင်း၏ အမြင်သ‌ဘောထားကို ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေးမြန်းထားချက်

လက်ရှိ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအ‌ပေါ်‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စော‌ရွှေ‌မောင်း၏ အမြင်သ‌ဘောထားကို ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေးမြန်းထားချက်

2136

လက်ရှိ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအ‌ပေါ် ကရင်ပြည်နယ်၊ JMC-S အဖွဲ့ဝင်လည်းဖြစ်၊
‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စော‌ရွှေ‌မောင်း၏ အမြင်သ‌ဘောထားကို ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေးမြန်းထားချက် ဖြစ်သည်။

“ဒီလိုနည်းနဲ့ အ‌ဖြေရှာတာ မ‌အောင်မြင်ဘဲ နိုင်ငံ‌ရေး‌နောက်ပြန်ဆုတ်မယ်ဆိုရင် အရင်ကထက်‌တောင် ဆိုးသွားမယ်။”

အနှစ်နှစ် အလလက ဆင်းရဲဒုက္ခ‌သေကြ အဲလို‌တွေ့တာ‌တော်‌တော်ကြာခဲ့ပြီး။ အဲဒါ‌တွေကိုလွတ်‌မြောက်ဖို့ ‌ခေါင်း‌ဆောင်‌တွေက ကြိုးစားပြီး လုပ်‌ဆောင်‌ပေး‌နေတယ်။ ‌နောက်ဆက်ပြီး နိုင်ငံ‌ရေးအတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ‌တွေ လုပ်မှာဖြစ်တယ်။ ‌ခေါင်း‌ဆောင် ‌တွေက‌တော့ နိုင်ငံ‌တော် တာဝန်ရှိပုဂ္ဂိုလ်‌တွေနဲ့ ပြီး‌တော့ ကျ‌နော်တို့ ကရင်လူထု‌ခေါင်း‌ဆောင်‌တွေနဲ့အပြင် တခြားတိုင်းရင်းသား ‌ခေါင်း‌ဆောင်‌တွေနဲ့က ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့အတွက် အဲဒီနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကိုသွားဖို့အတွက် ကျ‌နော်တို့ ကရင်လူထု‌တွေရဲ့ ကဏ္ဍအသီးသီးက အမြင်သ‌ဘောထား အကြံ‌ပေးချက်ကို အရင်ယူမယ်။ အဲဒီအထဲမှာ အမျိုးသား‌ရေးအတွက် လုပ်‌ပေးတဲ့သူ ‌တွေပါမှာ။

ဒီနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲက အရမ်းအ‌ရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျ‌နေ်ာတို့လူမျိုးက ကိုယ့်လူမျိုးကို ကိုယ်ကိုယ်တိုင် ပြန် အုပ်ချုပ်ရဖို့အတွက် အရင်က အခွင့်အ‌ရေးရဖို့က လက်နက်နဲ့‌တော်လှန်တယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်‌ရောက်‌တော့ သမ္မတ ဦးသိန်းစိန်က လက်နက်ကိုင်အဖွဲ့ကို‌ခေါ်ပြီး အပစ်ခတ်ရပ်စဲဖို့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု‌တွေ ပြန်လုပ်တယ်။ ‌တော်လှန်‌ရေးလုပ် တာက နှစ် ၆၀‌ကျော်သွားပြီး။ ကျ‌နော်တို့လူမျိုး၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာမှမ‌တွေ့‌သေးဘူး။ ပူပင်‌သောက‌တွေပဲ ဖြစ်လာတာ ‌တွေ့ရတယ်။ အဲဒါကို ပူပင်‌သောက‌တွေနဲ့ ကင်းလွှတ်‌အောင် ‌နောက်တစ်နည်းက နိုင်ငံ‌ရေးပြဿနာကို နှစ်ဖက် ‌တွေ့ ဆုံပြီး အ‌ဖြေရှာရမှာဖြစ်တယ်။ အခု‌ခေါင်း‌ဆောင်‌တွေက ဒီနည်းလမ်းကိုသွားတာက အ‌ကောင်းဆုံးနည်းလမ်းလို့ပဲ မြင်တယ်။

ဒီလိုနည်းနဲ့ အ‌ဖြေရှာတာ မ‌အောင်မြင်ဘဲ နိုင်ငံ‌ရေး‌နောက်ပြန်ဆုတ်မယ်ဆိုရင် အရင်ကထက်‌တောင် ဆိုးသွားမယ်။ စိုးရိမ်စရာ ‌တွေ များလာတယ်။ အရင်တုန်းက စစ်‌ရေးနည်းနဲ့ အ‌ဖြေရှာတဲ့အချိန်တုန်းက ကျ‌နော်တို့လူမျိုး‌တွေက ဆင်းရဲရ ‌သေကြ၊ ဒုက္ခိတ ဖြစ်သွားတဲ့လူ‌တွေ၊ မုဆိုးမဖြစ်သွားတဲ့လူ‌တွေ ဆင်းရဲဒုက္ခတွင်းမှာ‌နေရတာ အများကြီး ရှိခဲ့တာကိုမြင်ရတယ်။ အခုလုပ်တာ လည်း အမျိုးသား‌ရေးအတွက်ပဲ လုပ်တာဖြစ်တဲ့အတွက် ကျ‌နော်တို့ တိုင်းရင်းသားလူမျိုး‌တွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို‌ရောက် ရှိဖို့ စားပွဲဝိုင်းမှာ ‌တွေ့ဆုံ‌ဆွေး‌နွေးတဲ့ နည်းလမ်းကို ပြန်လည်အ‌ဖြေရှာတယ်။ အခုဆိုရင် အရင်တုန်းက ကြုံ‌တွေ့ခဲ့ရတဲ့ အ‌နေ ဆင်းရဲ အစားဆင်းရဲ ဒုက္ခ‌တွေကို မမြင်ရ‌တော့ဘူး။ ‌ဆွေး‌နွေးအ‌ဖြေရှာတဲ့နည်းက ‌ကောင်းပါတယ်။ တစ်မျိုးသားလုံးအတွက် အကျိုးရှိပါတယ်။

အခုချိန်မှာ အ‌ရေးကြီးတာက‌တော့ ‌ပြောရဲရမယ်။ ‌ပြောထွက်ရမယ်။ တာဝန်ရှိတဲ့‌ခေါင်း‌ဆောင်‌တွေကလည်း ‌ပြောဆို‌ဆွေး‌နွေးနိုင် ဖို့အတွက် မူ‌ဘောင်‌တွေ ‌ရေးဆွဲထားတယ်။ မူ‌ဘောင်အတိုင်းပဲ သွားမယ်။ အပစ်ရပ်စာချုပ်ထဲက ချုပ်ဆိုထားတဲ့အဆင့်ဆင့်ကို သွားမယ်။ အဲဒါက အ‌ကောင်းဆုံးနည်းလမ်းပဲဖြစ်တယ်။ ‌နောက်ဆုံးအ‌နေနဲ့ ကျ‌နော်တို့ ကရင်တစ်မျိုးသားလုံးအတွက် ဖြည့်စွက် ‌ပြောချင်တာက‌တော့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးအ‌ဖြေရှာတဲ့နည်းလမ်းကို သွား‌နေပါပြီး။ ကျ‌နော်တို့ ‌ကေအဲန်ယူဦး‌ဆောင်ပြီး သွားတဲ့ လမ်းမှာ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ သွား‌ပေးပါလို့ ‌ပြောချင်ပါတယ်။