ဖေဖော်ဝါရီ ၃ ရက်၊၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်သည့် စီမံကိန်းများကို လက်ရှိအစိုးရအနေဖြင့် ပြန်စိစစ် ရန် တင်ပြထားသည်ဟု မြန်မာ့ပတ်ဝန်းကျင် သိပ္ပံ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာထွေးက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သဘာဝပတ်ဝန်းကျင် ထိခိုက်သည့် စီးပွားရေးဆိုင်ရာ စီမံကိန်းများနှင့်ပတ်သက်၍ မဟာဗျူဟာလေ့ လာ ဆန်းစစ်ခြင်းသင်တန်းနှင့်
အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂ရက် မှ ၃ ရက်နေ့ထိ ဖားအံမြို့၊ ဇွဲကပင်ဟို တယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (ကရင်ပြည်နယ်)နှင့် မြန်မာ့ပတ်ဝန်းကျင်ဝသိပ္ပံတို ့ပူးပေါင်းကျင်းပနေပြီး ယခုလို ပြန်စိစစ်ရန် ဆွေးနွေးခဲ့သည်ဟု အခမ်းအနား စီစဉ်သူများက ပြောသည်။
ဒေါ်ခင်ဥမ္မာထွေးက “ အခုဆိုရင် သံလွင်မြစ်ထဲမှာ သဲကျွန်းထွက်ပေါ်လာပြီး မြစ်ကမ်းပါးပြိုတာ များလာတယ်။ ကျောက်မိုင်း၊ ဘိလပ်မြေ စက်ရုံတွေကြောင့် ယဉ်ကျေးမှု အမွေနှစ်တွေ၊ လူနေမှုပတ်ဝန်းကျင်တွေ၊ ပျက်စီး ဆုံး ရှှုံးမှုများလာ တယ်။ အခု ဇွဲကပင် တောင်ခြေမှာ မိုင်းဖောက်ပြီး ကျောက်ထုတ်တယ်။ ဒါ မဖြစ်သင့်ဘူး။ တချို့ စီမံကိန်းတွေက အရင်အစိုးရလက်ထက်က ရှိထားတာ။ ဒီစီမံကိန်းတွေကြောင့် ဘယ်လို အကျိုးရှိလဲ၊ ဘာတွေ ထိခိုက်လဲ ပြန်ဆန်း စစ်ဖို့လိုတယ်။ ဒါကိုကျမတို့က သက်ဆိုင်ရာ အစိုးရတွေကို တင်ပြတယ်” ဟု ပြောသည်။
လက်ရှိ ဖားအံမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သည့် ဘိလပ်မြေ စက်ရုံစီမံကိန်း၊ တောင်များ ကိုမိုင်းခွဲကျောက် ထုတ်လုပ်သည့် လုပ်ငန်းများ၊ သစ်ထုတ်လုပ်ခြင်း၊ မြစ်အတွင်း သဲကျောက် ထုတ်လုပ်ငန်း များကြောင့် ရေထု၊ လေထုညစ်ညမ်းမှုများဖြစ်ပေါ်ကာ ပတ်ဝန်းကျင် ထိခိုက်မှုများရှိလာသည်ကို မြန်မာ့ပတ် ဝန်းကျင်သပ္ပံ၏ ကွင်းဆင်း လေ့လာဆန်းစစ်ချက်အရ တွေ့ရှိထားသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်ပြီး ကျောက်မိုင်းထုတ်လုပ်ခြင်းကို ပြန်လည်ကြပ်မတ်ရန်အတွက် တစ်မြို့နယ်လျှင် ကျောက်မိုင်းထုတ်ဇုံ ၂ ခုသာ ခွင့် ပြုတော့မည်ဖြစ်သလို ခွင့်ပြုမည်နေရာများကို လက်ရှိအချိန်တွင် စိစစ်နေဆဲဖြစ်သည်ဟု ပြည်နယ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြတ်ဝင်းက ကေအိုင်စီသို့ ပြောသည်။
“အခု ကရင်ပြည်နယ်မှာ သစ်ခုတ်၊ ကျောက်ထုတ်တာ အတိုင်းအတာတစ်ခု ဖြစ်သွားဖို့ ပြန်ကွင်းဆင်း စစ်ရ မယ်။ ထိန်းချုပ်ရမယ်။ အခုတော့ ဝန်ထမ်းလိုအပ်ချက်အပေါ်မူတည်ပြီး မလုပ်နိုင်သေးဘူး။ နောက်ပြီး လေ၊ ရေ တိုင်းတာဖို့က ကျနော်တို့ စက်နဲ့တိုင်းရမယ်။ ဒီလိုမှန်းပြီး ပြောလို့ မရဘူး။ ပတ်ဝန်းကျင် ထိခိုက်နိုင်လား၊ မနိုင် ဘူးလား စက်နဲ့ သေချာတိုင်း စစ်ဆေးမှ အဆင်ပြေမယ်။ ဘာလုပ်လုပ် ပတ်ဝန်းကျင်ဆိုတာ ပျက်စီးတယ်။ ပျက်စီး တာကို အတတ်နိုင်ဆုံး လျှော့အောင်တော့ လုပ်ရမှာပေါ့” ဟု ဦးအောင်မြတ်ဝင်းက ပြောသည်။
နှစ်ရက်ကြာ ပြုလုပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူ ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လေ့လာဆန်းစစ်ရန်အတွက် လုပ်ဆောင်မည့် လုပ်ငန်းစဉ် Action Plan ကို ရေးဆွဲသွားမည် ဖြစ်သည်ဟု အခမ်းအနား ဦးဆောင်သူများထံမှ သိရသည်။
မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ အနေဖြင့် ဖားအံမြို့နယ်တွင် ဂေဟစနစ်၊ အပင်များ၊ သတ္တဝါများ ဆိုင်ရာသုတေသန ပြုလုပ်ခြင်း၊ လေထု၊ မြေထု၊ လူမှုစီးပွားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနပြုလုပ်ခြင်း။ ဘူမိဗေဒဆိုင်ရာ အန္တ ရာယ်စစ်တမ်းများ ကောက်ယူခြင်းများကို ၂၀၁၅ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူများ ထံမှ သိရသည်။