Home သတင်း KED၏ ‌ဒေ့ပိုနို့ အထက်တန်း‌ကျောင်း ‌ကျောင်းသားဦး‌ရေ တိုးလာ၍ သင်‌ထောက်ကူပစ္စည်း လိုအပ်‌နေ

KED၏ ‌ဒေ့ပိုနို့ အထက်တန်း‌ကျောင်း ‌ကျောင်းသားဦး‌ရေ တိုးလာ၍ သင်‌ထောက်ကူပစ္စည်း လိုအပ်‌နေ

1864

‌ဖေ‌ဖော်ဝါရီ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဖာပွန်ခရိုင်အတွင်း ကရင်ပညာ‌ရေးဌာန-KED လက်‌အောက်ရှိ ‌ဒေ့ပိုနို့ အမှတ်(၁) အထက်တန်း‌ကျောင်း၌ နှစ်စဉ်‌ကျောင်းသူ/‌ကျောင်းသား ဦး‌ရေတိုးလာ၍ သင်‌ထောက်ကူပစ္စည်း မလုံ‌လောက်သည့် အတွက် သင်ကြားမှုအပိုင်းတွင် အခက်အခဲဖြစ်‌ပေါ်‌နေသည်ဟု အဆိုပါ ‌ကျောင်း၏ ပညာ‌ရေးတာဝန်ရှိသူများက ဆိုသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ တစ်နှစ်ကို ‌ကျောင်းသားဦး‌ရေ တစ်ရာနီးပါးခန့် နှစ်စဉ်တိုးလာသည့်အတွက် သင်‌ထောက်ကူ ပုံနှိပ် စာအုပ် မလုံ‌လောက်မှုဖြင့် ကြုံ‌တွေ့ခဲ့ရပြီး သင်ကြား‌ရေး အချိန်ကာလ ‌နောက်ကျ‌နေရသည်ဟု ‌ဒေ့ပိုနို့ ‌ကျောင်းအုပ် ‌စောဆာမုထူးက ‌ကေအိုင်စီသို့ ဇန်နဝါရီ ၃ဝ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “ သင်ခန်းစာ အခန်း Chapter-1 က‌နေ အခန်းဆုံးတဲ့အထိ သင်ကြားနိုင်ဖို့က အခက်အခဲရှိတယ်။ ဘာဖြစ်လဲ ဆို‌တော့ ကျ‌နော်တို့‌ကျောင်းသား‌တွေမှာ ပုံနှိပ်စာအုပ်မရှိကြဘူး။ ကျ‌နော်တို့က ‌ရေး‌ပေးပြီးသူတို့က ‌နောက်က လိုက်ကူးရတယ်။ သင်ကြားဖို့ ပိုအချိန်ကြာပြီး‌တော့ သင်ခန်းစာ အခန်း‌တွေက ‌နောက်ကျတယ်” ဟု ‌ပြောသည်။

၎င်းအပြင် ယခုနှစ် တင်ပြသည့် သင်‌ထောက်ကူ ပစ္စည်းများသည် လာမည့်နှစ်မှ ရရှိသည့်အတွက် နှစ်စဉ်သင်‌ထောက်ကူ ပစ္စည်းအတွက် တင်ပြထားသည့် ခန့်မှန်းအ‌ရေအတွက်ထက် ‌ကျောင်းသားဦး‌ရေ ပိုမိုတိုးတိုးလာ‌သော‌ကြောင့် ထိုသို့ အခက်အခဲဖြစ်‌ပေါ် လာခြင်းဖြစ်သည်ဟုလည်း ‌စောဆာမုထူးက ဆက်‌ပြောသည်။

‌ဒေ့ပိုနို့အထက်တန်း‌ကျောင်းတွင် ယခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်ပညာသင်နှစ်တွင် ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ ၇၄ဝ ဦးကို ဆရာ/ဆရာမ ၃ဝ ဦးမှ သင်ကြား‌ပေးကာ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ‌ဖောင်တိန်နှင့် ခဲတံ စသည့် သင်‌ထောက်ကူပစ္စည်း များကို KED နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှု ကွန်ရက်-KESAN တို့မှ ကူညီ‌ထောက်ပံ့‌ပေး သည်။

ယင်းကိစ္စအ‌ပေါ် KED (ဗဟို) ဌာနတာဝန်ခံ ပဒို‌စောလား‌စေးက “ ကျ‌နော်တို့က နှစ်စဉ် စာရင်းတင်ပြလာမှုအ‌ပေါ် မှာ ကြည့်ပြီး အပြည့်အဝ‌ထောက်ပံ့‌ပေးပါတယ်။ လိုအပ်မှုအ‌ပေါ်မှာကြ‌တော့ မြို့နယ်တို့ ခရိုင်တို့မှာ တင်ပြရမှာပါ။ အဲ့မှာ တင်ပြလို့မှ မ‌လောက်ဘူးဆိုရင် ကျ‌နော်တို့ဆီကိုတင်ပြလို့ ကျ‌နော်တို့က အတတ်နိုင်ဆုံးစီစဉ် ‌ပေးပါတယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

KED ကွပ်ကဲမှု‌အောက်ရှိစာသင်‌ကျောင်းများကို နှစ်စဉ်တင်ပြလာသည့် စာရင်းဇယားအ‌ရေအတွက်‌ပေါ်မူတည်ကာ မြို့နယ်၊ ခရိုင်အဆင့်ဆင့်သို့ တင်ပြလာသည့် စာရင်းထက် ၅ ရာခိုင်နှုန်းပို၍ ‌ထောက်ပံ့‌ပေးပြီး အခြားလူမှုအဖွဲ့အစည်းများ၏ သီးခြား ကူညီ‌ထောက်ပံ့မှုကိုလည်း အခွင့်အ‌ရေး ‌ပေးထား‌ကြောင်း ပဒို‌စောလား‌စေးက ဆက်‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင်တွင် KED လက်‌အောက်ရှိ အထက်တန်း‌ကျောင်း ၉ ‌ကျောင်းရှိသည့်အနက် ‌ဒေ့ပိုနို့ အမှတ်(၁) အထက်တန်း‌ကျောင်းကို ၁၉၉၉ ခုနှစ်၌ အလယ်တန်းအဆင့်ဖြင့်သာ စတင်တည်‌ထောင်ခဲ့ပြီး ဆရာမ ‌နော်မုတ‌ရော်မှ ပထမဦးဆုံး ‌ကျောင်းအုပ်တာဝန်ယူခဲ့သည်။

KNU ခရိုင် ၇ခုတွင် KED ပညာ‌ရေးဌာန လက်‌အောက်ခံ စာသင်‌ကျောင်း‌ပေါင်း ၁,၅၂၉ ‌ကျောင်း၊ ‌ကျောင်း ဆရာ/ဆရာမ‌ပေါင်း ၇,၉၀၇
ဦးနှင့် ‌ကျောင်းသူ/‌ကျောင်းသား‌ပေါင်း ၁၆၀,၃၅ဝ ဦးရှိသည်ဟု ကရင်‌ကျောင်းဆရာများ ပူး‌ပေါင်းလုပ်‌ဆောင်မှုအဖွဲ့-KTWGမှ ထုတ်ပြန်သည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် စာရင်းအရ သိရသည်။