Home သတင်း ‌ကော့လှိုင်းရွာ‌လေး ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်းကို အစိုးရ‌ကျောင်းအဖြစ် လွှဲ‌ပြောင်း‌ပေးအပ်

‌ကော့လှိုင်းရွာ‌လေး ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်းကို အစိုးရ‌ကျောင်းအဖြစ် လွှဲ‌ပြောင်း‌ပေးအပ်

2228

‌ဖေ‌ဖော်ဝါရီ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

‌ရေရှည်တွင် သင်ကြား‌ရေးပိုင်း အခက်အခဲရှိလာနိုင်သည့်အတွက် ကိုယ်ထူကိုယ်ထဖြင့် နှစ်နှစ်ခန့်အကြာ တည်‌ဆောက်ပြီးစီးခဲ့သည့် သထုံမြို့နယ်ရှိ ‌ကော့လှိုင်းရွာ‌လေး‌ကျေးရွာ မူလတန်းခွဲအဆင့် စာသင်‌ကျောင်းကို အစိုးရ‌ကျောင်းအဖြစ် ရပ်တည်သွားရန် သထုံမြို့နယ် အစိုးရပညာ‌ရေးဌာနသို့ အခမ်းအနားနှင့်အတူ ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၂ ရက်)တွင် ‌ပြောင်းလဲ‌ပေးအပ်ခဲ့သည်။

‌ကော့လှိုင်းရွာ‌လေးရှိ ‌ကျောင်း‌နေက‌လေးများသည် နှစ်မိုင်‌ဝေး‌သော ‌ကော့လှိုင်းရွာကြီး မူလွန်‌ကျောင်းသို့ ‌ကျောင်းတက်ရ‌သော‌ကြောင့် မိမိရွာ စာသင်‌ကျောင်းတွင် ‌ကျောင်းတက်နိုင်ရန် ‌ကျေးရွာ‌ကျောင်းထိုင်ဘုန်းကြီး အပါအဝင် အခြားအလှူရှင် သံဃာအချို့နှင့် ရွာသားများပူး‌ပေါင်း၍ ကျပ်သိန်း ၂၀ဝ နီးပါး အကုန်ကျခံကာ ယင်း‌ကျောင်းကို တည်‌ဆောက်ပြီး‌နောက် စာသင်နှစ် နှစ်ခုအကြာတွင် ယခုလို ‌ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

‌ကျောင်း‌ပေးအပ်ခြင်းကိစ္စအ‌ပေါ် ‌ကော့လှိုင်းရွာ‌လေး ‌ကျောင်း‌ကော်မတီတစ်ဦးဖြစ်သူ ‌စော‌အောင်ကြီးက “ကျ‌နော်တို့ ဒီ‌ကျောင်းကို အစိုးရ ‌ကျောင်းဖြစ်‌အောင် ဒီ‌နေ့ ‌ပေးအပ်လိုက်ပါပြီ။ ‌လော‌လောဆယ် ‌စေတနာ့ ဝန်ထမ်း ‌ကျောင်းဆရာ‌တွေကို ငှား‌ပေးတာ အဆင်‌ပြေ‌ပေမယ့် ‌ရေရှည်မှာ အခက်အခဲရှိတဲ့အတွက် အခုလို အစိုးရကို ‌ပေးအပ်လိုက်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့လှိုင်းရွာ‌လေး၌ ‌ကျောင်းမရှိစဉ်ကာလက ‌ကော့လှိုင်းရွာကြီး စာသင်‌ကျောင်းသို့ သွားရသည်မှာ ‌ဝေးကွာ သလို မိုးတွင်ဘက်တွင် ‌ရေကြီးမှုများရှိသဖြင့် က‌လေးများအတွက် အခက်အခဲရှိ‌ကြောင်း၊ ယခုစာသင်နှစ်တွင် ‌ကျောင်းဆရာ ဆရာမ ၃ ဦး၊ ‌ကျောင်းသား ၆ဝ ‌ကျော်ရှိပြီး သူငယ်တန်းမှ တတိယတန်းအထိ သင်ကြား‌နေ ‌ကြောင်းနှင့် က‌လေးများ စာ‌မေးပွဲ‌ဖြေဆိုနိုင်ရန် ‌ကော့လှိုင်းရွာကြီး‌ကျောင်းနှင့် တွဲ‌ပေးထား‌ကြောင်း သူက ဆက် ‌ပြောသည်။

ထို့အပြင် အဆိုပါ ‌ကျောင်း‌ဆောင်သစ် ‌ပေးအပ်ပွဲအခမ်းအနားတွင် ‌ကော့လှိုင်းရွာ‌လေး ‌ဒေသခံများ၊ ‌ကျောင်း‌ကော်မတီဝင်များ၊ ‌ကျောင်းဆရာ ဆရာမများနှင့် သထုံမြို့နယ် ဒုပညာ‌ရေးမှူး ဦးလှဝင်းနှင့်အဖွဲ့တို့ တက်‌ရောက်ခဲ့ပြီး ‌ကျောင်းဆက်လက်လည်ပတ်‌ရေးအတွက် ‌ပြောဆိုခဲ့ကြသည်ဟု သိရသည်။

“‌ကျောင်းအတွက် စာသင်ကြားရာမှာ အစိုးရ‌ကျောင်းဆရာ ကူညီတာရှိ‌ပေမယ့် အရင်ဦးဆုံး စာသင်နှစ်မှာ ‌ကျောင်းဆရာ သုံးဦးမှာ နှစ်ဦးငှားရတယ်။ ဒီနှစ်က‌တော့ တစ်ဦး ငှားတာ‌ပေါ့။ ဘာပဲဖြစ်ဖြစ် တတ်စွမ်းသမျှ ဦးဇင်းတို့ လုပ်‌ဆောင်ခဲ့ကြပြီ။ အခု အစိုးရကပဲ ပို‌ကောင်း‌အောင် လုပ်ဖို့ ပိုတာဝန်ရှိတယ်”ဟု ယင်း‌ကျောင်းတည် ‌ဆောက်မှုကူညီရာတွင် ပါဝင်သူ ‌မော်လမြိုင်မြို့အနီး ဘီလူးကျွန်းမှ ဦးဇင်း ဦးပညာဝံသက မိန့်ကြားသည်။

သထုံမြို့နယ်၊ ‌ကော့လှိုင်း‌ကျေးရွာအုပ်စုရှိ ‌ကော့လှိုင်းရွာ‌လေး စာသင်‌ကျောင်းကို ၂၀၁၅ ခုနှစ်၊ ‌နွေရာသီ‌ကျောင်း ပိတ်ရက်အတွင်းတွင် စတင်တည်‌ဆောက်ခဲ့ပြီး ထိုနှစ် စာသင်နှစ် ၂၀၁၅-၂၀၁၆ မှာပင် စတင်စာသင်ကြားကာ ယခု ၂၀၁၆-၂၀၁၇ စာသင်နှစ်အထိ ဆက်လက် သင်ကြားလျှက်ရှိသည်။