Home သတင်း ‌ကေအဲန်ယူ သထုံခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီဝင် အများအပြား ‌ပြောင်းလဲ

‌ကေအဲန်ယူ သထုံခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီဝင် အများအပြား ‌ပြောင်းလဲ

1920

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၏ (၁၁)ကြိမ်‌မြောက် ကွန်ဂရက်ကို ‌ဖေ‌ဖော်ဝါရီ ၂၄ရက်မှ ၂၆ရက်‌နေ့အထိ သထုံမြို့နယ်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ‌နော်ကတို့‌ဒေသတွင် ပြုလုပ်ခဲ့ရာ ကွန်ဂရက်အတွင်း ခရိုင်အလုပ်အမှု‌ဆောင်‌ကော် မတီဝင်များ အသစ် ‌ရွေး‌ကောက်တင်‌မြှောက်ရာတွင် အများအပြား ‌ပြောင်းလဲမှု ရှိခဲ့သည်။

ခရိုင်အလုပ်အမှု‌ကော်မတီဝင် ၉ဦး ‌ရွေး‌ကောက်တင်‌မြှောက်ရာ၌ ဥက္ကဌ ပဒို‌စောကို‌လေး၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်‌စော‌ကျော်လင်း၊ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောပ‌လေ့၊ တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်နှင့် အဖွဲ့ဝင်များအဖြစ် ဒုဗိုလ်မှူးကြီး‌စောအီးသာ့၊ ဗိုလ်မှူး‌စောခင်‌ရွှေ၊ ပဒို‌စောမင်းသိန်း၊ ပဒို‌စောပဲနု၊ ဗိုလ်မှူး‌စော‌ကျော်ဒင်တို့ ပါဝင်သည်ဟု ‌ကေအဲန်ယူ သထုံခရိုင် ဆက်ဆံ‌ရေး ရုံးတာဝန်ခံ ‌စော‌အေးနိုင်က ယခုလို ‌ပြောသည်။

‌စော‌အေးနိုင်က “ဒီကွန်ကရက်က ‌ခေါင်း‌ဆောင်အ‌ပြောင်းအလဲ‌တွေ ရှိတယ်။ အထူးသဖြင့် ခရိုင်အတွင်း‌ရေးမှူးအဖြစ် သက်တမ်း အကြာကြီး တာဝန်ထမ်း‌ဆောင်ခဲ့တဲ့ ပဒို‌စောကို‌လေးကို ဥက္ကဌ တင်‌မြှောက်တယ်။ ဒီလို နိုင်ငံ‌ရေးအကူးအ‌ပြောင်းကာလမှာ သူ့ လို အ‌တွေ့အကြုံရှိတဲ့ပုဂိ္ဂုလ်ကို ‌ရွေး‌ကောက်တင်‌မြှောက်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကွန်ဂရက်တွင် ခရိုင်၏ ‌ရှေ့လုပ်ငန်းစဉ် ချမှတ်ရာ၌ မူးယစ်‌ဆေးဝါးနှင့်ပတ်သက်၍ ‌ရောင်းဝယ်သူနှင့် သုံးစွဲသူများကို အ‌ရေးယူမှု ပိုမို ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ပဒို‌စော‌အေးနိုင်က ဆိုသည်။

အဆိုပါ ကွန်ဂရက်တွင် ‌ကေအဲန်ယူ သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ သထုံ၊ ဘီးလင်းနှင့် ဖားအံ မြို့နယ်‌လေးခုမှ ကိုယ်စားလှယ် ‌ပေါင်း ၉၀‌ကျော် တက်‌ရောက်ခဲ့ပြီး မဲဖြင့် ‌ရွေး‌ကောက်တင်‌မြှောက်မှုပြုလုပ်ရာတွင် ‌ကေအဲန်ယူ ဗဟိုမှ ပဒိုမန်းငြိမ်း‌မောင်နှင့် ပဒို ‌စောလား‌စေးတို့ ပါဝင်သည့်အဖွဲ့က မဲ‌ကော်မရှင်အဖြစ် ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း တက်‌ရောက်သည့် ကိုယ်စားလှယ်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကျင်းပခဲ့သည့် (၁၀)ကြိမ်‌မြောက် ‌ကေအဲန်ယူ သထုံခရိုင်၏ကွန်ဂရက်တွင် ခရိုင်အလုပ်အမှု‌ဆောင် ‌ကော်မတီဝင်များအဖြစ် ဥက္ကဌ ပဒို‌စောမင်းသိန်း၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်‌စော‌ကျော်လင်း၊ အတွင်း‌ရေးမှူး ပဒို‌စောကို‌လေး၊ တွဲဘက် အတွင်း‌ရေးမှူး ဗိုလ်မှူး‌စော‌ကျော်ဒင်၊ အဖွဲ့ဝင်များအဖြစ် ပဒို‌စောပဲနု၊ ပဒို‌စောတင်စိုး၊ ဗိုလ်မှူးကြီး‌စောပ‌လေ့၊ ဒုဗိုလ်မှူးကြီး‌စောအီး သာ့နှင့် ဗိုလ်မှူး‌စောခင်‌ရွှေတို့ကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအရ ခရိုင်အဆင့် ကွန်ဂရက်ကို ၂နှစ်တစ်ကြိမ် ကျင်းပ‌လေ့ရှိပြီး ခရိုင်အမြဲတမ်း‌ကော်မတီဝင်ထဲတွင် ခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီဝင် ၉ဦး အပါအဝင် အဖွဲ့ဝင် ၂၁ဦး ပါဝင်‌ကြောင်း သိရသည်။