Home သတင်း ရန်ကုန်မြို့တွင်း မြို့နယ်များတွင် စာယဉ်များ ဆက်တိုက်ဖွဲ့စည်းသွားမည်

ရန်ကုန်မြို့တွင်း မြို့နယ်များတွင် စာယဉ်များ ဆက်တိုက်ဖွဲ့စည်းသွားမည်

2220

‌ဖေ‌ဖော်ဝါရီ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကာ ရန်ကုန်မြို့တွင်းမြို့နယ်များတွင် ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီကို မြို့နယ်အလိုက် ဆက်တိုက်ဖွဲ့စည်းသွားမည်ဟု တိုင်းစာယဉ်အတွင်း ‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ပြီးခဲ့တဲ့ တိုင်းစာယဉ် ဖြည့်စွက်ဖွဲ့စည်းတဲ့ အခမ်းအနား အစည်းအ‌ဝေးဆုံးဖြတ်အရ စာယဉ်မဖွဲ့နိုင်‌သေး တဲ့ ရန်ကုန်မြို့တွင်းမြို့နယ်‌တွေကို မြို့နယ်အလိုက်စာယဉ်‌ကော်မတီ‌တွေ ဖွဲ့သွားဖို့ ရှိတယ်။ ဒီလုပ်ငန်းစဉ်ကို အ ‌ကောင်အထည်‌ဖော်တဲ့အ‌နေနဲ့ လုပ်‌ဆောင်သွားမှာ ဖြစ်တယ်”ဟု ‌ဖေ‌ဖော်ဝါရီ ၅
ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်တိုင်း စာယဉ်အ‌နေဖြင့် ‌ဖေ‌ဖော်ဝါရီ ၄ ရက်‌နေ ့ ကြည့်မြင်တိုင်မြို့နယ် စာယဉ်ကို ဖွဲ့စည်းခဲ့ပြီး၊ ယခုလ ၁၁ ရက်‌နေ့ တွင် မရမ်းကုန်းမြို့နယ် စာယဉ်ကိုလည်း‌ကောင်း၊ ၁၈ ရက်‌နေ့တွင် ‌မြောက်ဥက္ကလာပမြို့နယ် ကရင်စာ ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီတို့ကို ဆက်တိုက်ဖွဲ့စည်းသွားမည်ဖြစ်ပြီး အင်းစိန်မြို့နယ်၊ အလုံမြို့နယ် စသည့် မြို့နယ်များတွင်လည်း ဖွဲ့စည်းနိုင် ‌ရေးအတွက် လုပ်‌ဆောင်သွားမည်ဟု တိုင်းစာယဉ် တာဝန်ရှိသူများထံ မှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး ‌မြောက်ပိုင်းခရိုင်နှင့် ‌တောင်ပိုင်းခရိုင်မြို့နယ် အများစုတွင် ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီများကို မြို့နယ်အလိုက် ဖွဲ့စည်းထား‌သော်လည်း ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီများ မဖွဲ့စည်းနိုင်‌သေးသည့်အတွက် ဆက်လက်ဖွဲ့စည်းကြရန် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းဉ်ဇာမျိုးက နိုဝင်ဘာလအတွင်းက ‌ကော့မှူးမြို့နယ်တွင် ပြုလုပ်သည့် မြို့နယ် စာယဉ် များနှင့်‌တွေ့ဆုံပွဲတွင် တိုက်တွန်း‌ပြောဆိုခဲ့သည်။

ယခုလို တိုင်းစာယဉ်က ဦး‌ဆောင်ကာ မြို့နယ်အလိုက် စာယဉ်များ ဖွဲ့စည်းပြီး ‌ကော်မတီဝင်များစာရင်းကို ရန် ကုန်တိုင်း ကရင်‌ရေးရာဝန်ကြီးထံ‌ပေးပို့သွားမည်ဖြစ်ကာ မြို့နယ်အလိုက် ဖွဲ့စည်းပြီး‌နောက် တိုင်းစာယဉ်အစည်း အ‌ဝေးပြန်လည်‌ခေါ်ယူပြီး စာယဉ်များဖွဲ့စည်းပုံ၊ စည်းမျဉ်းများကို ‌ရေးဆွဲအတည်ပြုသွားရန် ရှိသည်ဟု အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ဆက်‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ‌မြောက်ပိုင်းခရိုင်၊ ‌မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်တို့တွင် မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများကို ဖွဲ့စည်းထားပြီး ဖြစ်သလို ‌တောင်ပိုင်းခရိုင် အတွင်းရှိ၊ ‌ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံ့‌တေး၊ ဒလမြို့နယ်တို့တွင်လည်း မြို့နယ်အလိုက် စာယဉ်များဖွဲ့စည်းပြီးဖြစ်ကာ ရန်ကုန်မြို့တွင်း ကြည့်မြင်တိုင် မြို့နယ်စာယဉ်ကိုလည်း ‌ဖေ‌ဖော်ဝါရီ ၄ ရက်‌နေ့တွင်ဖွဲ့စည်းထားပြီးဖြစ်‌ကြောင်း တိုင်းစာယဉ် တာဝန်ရှိသူများထံမှ သိရသည်။