Home သတင်း ဖားအံမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ စတင်

ဖားအံမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ စတင်

1643

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာ ပြုလုပ်မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ(ကရင်)ကို ယ‌နေ့ ဇန်နဝါရီ ၁၈ ရက်‌နေ့တွင် စတင်ကျင်းပ‌နေပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်‌ထောင်စု နိုင်ငံတည်‌ဆောက်သွား‌ရေးအတွက် လိုအပ်သည့် ကရင်အမျိုးသား များ၏ အမြင်သ‌ဘောထားများကို ရယူနိုင်ရန် ရည်ရွယ်ပြီး ယ‌နေ့‌ဆွေး‌နွေးပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု ပွဲဖြစ် ‌မြောက်‌ရေး‌ကော်မတီဝင် ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောလှထွှန်းက “ကျ‌နော်တို့ ကရင်အမျိုးသား‌တွေ ချမှတ်ထားတဲ့ နိုင်ငံ‌ရေးမူဝါဒ လမ်းစဉ်အတိုင်း တက်လှမ်း နိုင်ဖို့ ကျ‌နော်တို့ လိုလားတဲ့ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ရင် ဘာ‌တွေ လိုအပ်လဲဆိုတာ ဒီ‌ဆွေး‌နွေးပွဲမှာ ကျ‌နော်တို့‌တွေရဲ့ သ‌ဘောထား‌တွေ ‌ပြောဆို‌ဆွေး‌နွေးသွားမှာ ဖြစ်ပါတယ်” ဟု ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ‌ခေါင်း‌ဆောင်များ၊ ကရင်ပြည်နယ် အစိုးရ နှင့် ကိုယ်စားလှယ်များ၊ အစိုးရ တပ်ဖက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များ၊ ချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း စသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားသည့် ဧည့်သည်‌တော်များအပါအဝင် စုစု‌ပေါင်း ၅၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ယင်း‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့်က “ငြိမ်းချမ်း‌ရေးကို ကြိုးစားတဲ့အခါမှာ အစမှာ ပြီးပြည့်စုံမယ် မဟုတ်ပါဘူး။ အလွန်‌လေးနက်တဲ့ ကိစ္စကြီးတစ်ရပ် ဖြစ်တာ‌ကြောင့် တာဝန်လည်း ကြီးပါတယ်။ ဒါ‌ပေမဲ့ တဖြည်းဖြည်း ညှိနှိုင်း‌ဆွေး‌နွေးရင်း၊ ယုံကြည်မှုခိုင်မာလာသည်နှင့်အမျှ ညီညွှတ်လာကြမယ်ဆိုရင် ပြီးပြည်စုံတဲ့ အ‌ကောင်အထည် ‌ဖော်နိုင်လိမ့်မယ်လို့ ကျမအပြည့်အဝ ယုံကြည်ပါ တယ်”လို့ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကား ‌ပြောကြားခဲ့သည်။

ယ‌နေ့ ‌ဆွေး‌နွေးပွဲ ပထမရက် မနက်ပိုင်း၌ တက်‌ရောက်လာသည့် သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များဖြစ်ကြသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့်ငြိမ်းချမ်း‌ရေးဗဟိုဌာန(NRPC)မှ ဒုတိယဥက္ကဌ ‌ဒေါက်တာ တင်မျိုးဝင်း၊ အ‌ရှေ့ ‌တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း၊ UPDJC/PC အတွင်း‌ရေးမှူး ဦးခင်‌ဇော်ဦး၊ ‌တောင်က‌လေး ဆရာ‌တော် ‌ဒေါက်တာ အရှင်ပညာသာမိ ကိုယ်စား အရှင်စန္ဒာဝရ စသည့် ‌ခေါင်း‌ဆောင်များမှ အဖွင့်အမှာစကား အသီးသီး ‌ပြောကြား သွားကြသည်။

ထို့အပြင် သဘာပတိအဖွဲ့ ‌နေရာယူခြင်းနှင့် သဘာပတိမှ အဖွင့်စကား‌ပြောကြားခြင်း၊ ‌ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ကျင်းပ‌ရေး‌ကော်မတီမှ ကရင်အမျိုးသားနိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲ ကြိုးပမ်း‌ဆောင်ရွက်မှုဖြစ်စဉ်အဆင့်ဆင့်အား တင်ပြခြင်း၊ နိုင်ငံ‌ရေးကဏ္ဍဆိုင်ရာ စာတမ်းအား ဖတ်ကြားတင်ပြခြင်း တို့ဖြစ်သည်။

ထို့‌နောက် မွန်းလွဲပိုင်းတွင် ပြန်လည်‌ဆွေး‌နွေးရာ၌ ‌မြေယာနှင့် သဘာဝသယံဇာတကဏ္ဍဆိုင်ရာများ၊ လူမှု‌ရေး ကဏ္ဍဆိုင်ရာများနှင့် စီးပွား‌ရေးကဏ္ဍဆိုင်ရာများ စသည့် စာတမ်းများအား ဖတ်ကြားတင်ပြသွားမည်ဟု ‌ဆွေး‌နွေးပွဲအရ သိရသည်။