Home သတင်း ၂၇၅၆ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး‌ကော်မတီ သတင်းနှင့်ပြန်ကြား‌ရေးပြခန်း စတင်ဖွင့်လှစ်

၂၇၅၆ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး‌ကော်မတီ သတင်းနှင့်ပြန်ကြား‌ရေးပြခန်း စတင်ဖွင့်လှစ်

1753

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

၂၇၅၆ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်) သတင်းနှင့်ပြန်ကြား‌ရေး ပြခန်းဖွင့်ပွဲ အခမ်းအနားကို ယ‌နေ့(ဒီဇင်ဘာ ၂၈ရက်)၊ မနက် ၉နာရီတွင် အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဝကင်္ဘာ အာလိန်ငါးဆင့်‌ကျောင်း တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီ နာယကကြီးများ၊ ‌ကော်မတီ ဥက္ကဌနှင့် ‌ကော်မတီဝင်များ၊ သတင်းမီဒီ ယာများနှင့် ဧည့်ပရိဿတ်များ စုစု‌ပေါင်း ၁၀ဝဦး‌ကျော် တက်‌ရောက်ခဲ့သည်။

ယ‌နေ့ ကရင်လူငယ်များအ‌နေဖြင့် ‌ရှေးကရင်ဘိုး‌ဘေတို့၏ နှစ်သစ်ကူး‌နေ့ရရှိ‌ရေး လုပ်‌ဆောင်ခဲ့မှုများနှင့် အမျိုးသား‌ရေး လုပ် ‌ဆောင်ခဲ့မှုတို့အ‌ပေါ် သိရှိနားလည်ပြီး အတိတ်သမိုင်းကို နာကြည်းစရာအဖြစ် မခံယူဘဲ သင်ခန်းစာယူရန် ဗဟို‌ကော်မတီဥက္ကဌ ပါ‌မောက္ခ မန်း‌ရွှေပြည်‌အေးက အခမ်းအနားဖွင့်ပွဲတွင် ‌ပြောကြားခဲ့သည်။

ယ‌နေ့ဖွင့်လှစ်သည့် ယဉ်‌ကျေးမှုပြခန်းတွင် ‌ရှေး‌ဟောင်းယဉ်‌ကျေးမှု အနုပညာလက်ရာများ၊ ထင်ရှားကရင့်‌ခေါင်း‌ဆောင်များ၏ ရုပ်ထု၊ ရုပ်ပုံများနှင့် လာ‌ရောက်ကြည့်ရှု‌လေ့လာသူများ စည်းလုံး‌ရေးအတွက် အမှတ်တရ လက်မှတ်ထိုးနိုင်သည့် Unity Book ထားရှိ‌ပေးထားသည်ဟု ပြန်ကြား‌ရေး ဥက္ကဌ ‌စောထီးမူးက ‌ပြောသည်။

သုံးရက်ကြာ ကျင်းပမည့် နှစ်သစ်ကူးပွဲ‌တော်တွင် ဂျပန်နိုင်ငံမှ လက်‌ဝှေ့သမားများ ပါဝင်သည့် ရိုးရာလက်‌ဝှေ့ပွဲ၊ ဒုံးပြိုင်ပွဲ၊ ပန်းချီပြ ခန်းများ အပါအဝင် နှစ်သစ်ကူးအလံတင်အခမ်းအနားကို ဒီဇင်ဘာ ၂၉ရက်၊ မနက် ၆နာရီတွင် ပြုလုပ်မည်ဖြစ်သည်။