Home သတင်း ကရင်နှစ် ၂၇၅၆ခု၊ နှစ်သစ်ကူးအခါသမယအတွက် နှစ်သစ်နှုတ်ခွန်းဆက်စကား

ကရင်နှစ် ၂၇၅၆ခု၊ နှစ်သစ်ကူးအခါသမယအတွက် နှစ်သစ်နှုတ်ခွန်းဆက်စကား

2077

ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး (ဥက္ကဌ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)

saw-mutu-saepoe“ကရင်အမျိုးသားနှင့် နိုင်ငံသူနိုင်ငံသား အားလုံးအတွက် ယခုကဲ့သို့‌သော ကရင့်နှစ်သစ်ကူး‌နေ့ အခါသမယတွင် မိမိတို့လူမျိုး များ၏ စည်းလုံးညီညွှတ်မှုနှင့် နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွှတ်မှု တည်‌ဆောက်နိုင်‌ရေးအတွက် သံန္နိဌာန်ချမှတ်ကြရန် ထို့ အပြင် မိမိတို့အမျိုးသားများ၏ နိုင်ငံ‌ရေးလိုအပ်ဆန္ဒနှင့် နိုင်ငံ‌ရေးရည်မှန်းချက်များ ပြီးပြည့်စုံသည်အထိ စည်းစည်းလုံးလုံးနှင့် တစ်စိန်တစ်ဝမ်းတည်း လုပ်‌ဆောင်သွားကြရန် တိုက်တွန်း‌ပြောကြားလိုပါသည်။ မိမိတို့၏ အမျိုးသားများနှင့်တကွ နိုင်ငံသူ နိုင်ငံ သားအ‌ပေါင်း မ‌ကောင်းမှု၊ အခက်အခဲနှင့် စိုးရိမ်‌ကြောင့်ကြမှုအ‌ပေါင်းတို့မှ ကင်း‌ဝေးကြပြီး နှစ်သစ်တွင် စည်းလုံးညီညွှတ်မှု၊ ငြိမ်း ချမ်းမှု၊ ကြွယ်ဝမှုတို့အပြင် စိတ်၏ချမ်းသာခြင်းနှင့် ‌ပျော်ရွှင်ခြင်းများ ခံစားရရှိကြပါ‌စေ‌ကြောင်း ဆန္ဒမွန်ပြုအပ်ပါသည်။”

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်

ပြည်နယ်ဝန်ကြီးချုပ်-နန်းခင်‌ထွေးမြင့်
“၂၇၅၆ခုနှစ် ကရင်နှစ်သစ်ကူး မဂင်္လာမှာ ကရင်တိုင်းရင်းသားအားလုံးနှင့် ပြည်နယ်သူပြည်နယ်သားအ‌ပေါင်းနှစ်သစ်မှာ ရွှင် လန်းချမ်း‌မြေ့ပါ‌စေ….။
ဒီလို ဆု‌တောင်း‌ပေးနိုင်ဖို့ ကျမတို့ ဘယ်‌လောက်ကြိုးစားခဲ့ရလဲ….ဒီကြိုးစားမှု‌တွေ‌ကြောင့် နှစ်သစ်ကို နှုတ် ဆက်ခွင့်ရတာပါ။ မြန်မာပြည် အ‌ပြောင်းအလဲနှင့်အတူ နှစ်သစ်မှာ ကျမတို့ ကရင်‌တွေလည်း စိတ်သစ်လူသစ်နဲ့ ငြိမ်းချမ်းတဲ့လမ်း ဆီသို့ ကြိုးစား‌လျှောက်လှမ်းကြပါစို့။”

အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်စူစန်နာလှလှစိုး

dsc09559“၂၇၅၆ခုနှစ် ကရင်နှစ်သစ်ကူးအချိန်မှစ၍ လာမယ့်အချိန်‌တွေမှာ ကရင်လူမျိုး‌တွေ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုး‌ရေး ပန်းတိုင်‌တွေဆီကို အ‌ရောက်လှမ်းနိုင်ကြပါ‌စေ။ မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းပါ‌စေ။ မိမိအတ္တ၊ မာနများကို ခဝါချပြီး ပြည်သူ ‌တွေကို မျက်နှာမူ‌သောသူများ ဖြစ်နိုင်ကြပါ‌စေ။”