Home သတင်း ‌တောင်ကိုရီးယားနိုင်ငံ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပပြီးစီး

‌တောင်ကိုရီးယားနိုင်ငံ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပပြီးစီး

2834

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

‌တောင်ကိုရီးယားနိုင်ငံတွင် ‌ရောက်ရှိ‌နေကြသည့် ကရင်လူမျိုးများစု‌ပေါင်းပြီး ဒီဇင်ဘာလ ၂၉ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင် နှစ်သက္ကရာဇ် ၂၇၅၆ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ဒီဇင်ဘာလ ၁၈ရက်(ယမန်‌နေ့)က ‌တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့ကြ‌ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ‌တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့နယ် ဘူ‌ဖြောင်းမြို့၊ ဘူ‌ဖြောင်းရပ်ကွက်တွင် ကျင်းပခဲ့ ကြခြင်းဖြစ်ပြီး ယခုနှစ် ‌စောလျင်စွာ ကျင်းပရခြင်းနှင့်ပတ်သက်၍ ကိုရီးယားနိုင်ငံ၊ ကရင်နှစ်သစ်ကူး ကျင်ပ‌ရေး‌ကော်မတီအဖွဲ့မှ နာယကတစ်ဦးဖြစ်သူ ‌စောထွန်းထွန်းက ယခုလို ‌ပြောသည်။

၎င်းက “ကိုရီးယားနိုင်ငံအ‌ခြေအ‌နေအရ တနဂင်္‌နွေ‌နေ့မှာပဲ လုပ်လို့အဆင်‌ပြေတာရယ်။ ၂၅ရက်‌နေ့ကလည်း ခရစ်စမတ်‌နေ့ဖြစ်တဲ့ အတွက် တစ်ပတ်ကြိုပြီး‌တော့ ဒီဇင်ဘာလ ၁၈ရက်‌နေ့မှာ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ်များက ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကရင်လူငယ်အစည်းအရုံး(KYO-ကိုရီးယား)မှ ဦး‌ဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ကိုရီးယားနိုင်ငံတွင် အ‌ခြေချ‌နေထိုင်ရန် ‌ရောက်ရှိလာသည့် ကရင်မိသားစုဝင်များနှင့်အတူ စည်းလုံးမှုကိုပြသလိုသဖြင့် ပူး‌ပေါင်းကျင်းပရခြင်းဖြစ်‌ကြောင်းလည်း ‌စောထွန်းထွန်းက ဆက်‌ပြောသည်။
korea-new-year-2
‌တောင်ကိုရီးယားနိုင်ငံတွင် ၁၂ကြိမ်‌မြောက်ကျင်းပသည့် ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်သို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့်အလုပ်သမားသံအရာရှိများ၊ ကိုရီးယား NLD နှင့် မြန်မာအသင်း တာဝန်ရှိသူများ၊ ကရင်မိသားစုဝင် ၆ဝ ‌ကျော်အပြင် ပအိုဝ်းလူငယ်များလည်း ပူး‌ပေါင်းပါဝင်ခဲ့ကြပြီး လူဦး‌ရေ ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပရာတွင် ကရင်အမျိုးသား အလံ‌တော်အား အ‌လေးပြုခြင်း၊ ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်မှ အမှာစကား‌ပြောကြားခြင်း၊ ဒုံးအကများ၊ ကရင်‌တေးသီချင်းအပြင် ပအိုဝ်းလူ ငယ်များ၏ ‌တေးသီချင်း‌ဖျော်‌ဖြေမှုများ၊ ဒုံးအဖွဲ့ဆုချီးမြှင့်ခြင်းဖြင့် ကျင်းပခဲ့ကြ‌ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံတွင် ‌ရောက်ရှိ‌နေသည့် ဖားအံဇာတိ ‌စော‌ကျော်‌ပေ့က “ကျ‌နော်တို့ ကရင်လူမျိုး‌တွေအ‌နေနဲ့ ဘယ်‌နေရာ၊ ဘယ်နိုင်ငံပဲ‌ရောက်‌ရောက် ကိုယ့်လူမျိုးရဲ့ရိုးရာ ယဉ်‌ကျေးမှုကိုမ‌ပျောက်ပျက်‌အောင် စုစုစည်း စည်းနဲ့ကျင်းပနိုင်သလို အခု ကိုရီးယား ကရင်နှစ်သစ်ကူးပွဲ ကျင်းပခွင့်ရပြီး တက်‌ရောက်ခွင့်ရတာလည်း ဝမ်းသာမိတယ်”ဟု ‌ပြောသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကိုရီးယားနိုင်ငံတွင် ‌ရောက်ရှိ‌နေသည့် ကရင်လူမျိုးများမှ ပြီးခဲ့သည့် ၂၀၀၅ခုနှစ်မှစတင် ကာ နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။