Home သတင်း တူး‌မြောင်းပိတ်သွားသဖြင့် လယ်သမားများ၏ မုရင်းလယ်ယာ‌မြေပျက်စီး

တူး‌မြောင်းပိတ်သွားသဖြင့် လယ်သမားများ၏ မုရင်းလယ်ယာ‌မြေပျက်စီး

1852

ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာအုပ်စု၌ ယခုနှစ်မိုးရာသီတွင် စ‌တော်‌ချောင်းတူး‌မြောင်းကို ‌ရေတိုက်စားမှုဖြစ်ပွားရာ တွင် တူး‌မြောင်းပိတ်ဆို့သွား‌သော‌ကြောင့် သစ်ကိုင်းများနှင့် သဲများ လယ်ကွင်းထဲသို့ စီးဆင်းလာသည့်အတွက် မုရင်း(‌ရေလိုက် စပါး)လယ်များ ပျက်စီးမှုရှိသည်ဟု မုရင်းလယ်စိုက်‌တောင်သူများထံမှ သိရသည်။

ခလယ်‌ကျေးရွာအုပ်စုရှိ စ‌တော်‌ချောင်းကို ‌ကျေးရွာတာဝန်ရှိသူများ၏ တင်ပြချက်အရ ပြီးခဲ့သည့် (၂၀၁၅)ခုနှစ်၊ မြို့နယ် ဆည် ‌မြောင်းဦးစီးဋ္ဌာနက ‌ချောင်းကို ပြန်လည်‌ဖော်ထုတ်‌ဆောင်ရွက်‌ပေးခဲ့ပြီး‌နောက် ယခုနှစ် မိုးရာသီက ‌ရေတိုက်စားရာမှ တူး‌မြောင်း ပိတ်ဆို့မှုဖြစ်ပွားခဲ့‌သော‌ကြောင့် ယခုလို မုရင်းလယ်‌မြေများ ပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု လယ်သမားများက ‌ပြောသည်။

မုရင်းလယ်စိုက်‌တောင်သူ ခလယ်ရွာမှ နန်းအစန်းက “အ‌ပေါ်က‌နေ စီးလာတဲ့သစ်ကိုင်း‌တွေ သဲ‌တွေ လယ်နားမှာ ‌မျှောလာပြီး ‌ချောင်းပိတ်သွားတယ်။ သဲ‌တွေ လယ်ထဲဝင်‌တော့ ‌ရေလိုက်စပါးတစ်ခင်း ပျက်စီးသွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယင်းတူး‌မြောင်းကို တူး‌ဖော်ခဲ့စဉ် ငါးကန်များ ပျက်စီးခဲ့သလို တူး‌မြောင်းပိတ်ဆို့မှု ဖြစ်ပွားသည့်‌နေရာကို ယခုနှစ်အ တွင်း အချိန်မီ ပြန်လည်တူး‌ဖော်မှု မပြုလုပ်နိုင်ပါက ‌နောက်နှစ်အတွက် ‌ရေလျှံမှုနှင့်အတူ သဲများစီး‌မျှောလာမှု ထပ်မံ ဖြစ်‌ပေါ်ပြီး လယ်‌မြေများ ပိုမိုပျက်စီးသွားနိုင်သည်ဟု မုရင်းစပါးစိုက်ပျိုးသူ လယ်သမားများက ‌ပြောကြသည်။

ခလယ်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး မန်းဆန်းညွန့်‌မောင်က “‌မြောင်းတူးတုန်းက လယ်သမား‌တွေ လယ်‌မြေ ထိခိုက်မှာစိုးလို့ ‌ပေ(၄၀) တူးရမယ့်‌နေရာမှာ ‌ပေ(၂၀)၊ (၁၈)ပဲ တူးတယ်ဆို‌တော့ ကျဉ်းတယ်‌ပေါ့။ ‌ချောင်းက ‌ကွေး‌ကောက်တာနဲ့ အဲ‌နေရာ ပြည့် သွားတယ်။ ‌ရေတံခါးကို‌တော့ အရင်‌နေရာ‌ဟောင်းမှာ ‌ဆောက်လုပ်ဖို့ တင်ပြ‌ပေးထားတယ်”ဟု ‌ပြောသည်။

၎င်းကိစ္စအ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆည်‌မြောင်းဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမြင့်‌ထွေးက “‌မြေတူးစက်နဲ့ ‌မြောင်းတစ်ဖက်ကမ်း ကူးလို့ အဆင်မ‌ပြေလို့ မလုပ်ဘဲနဲ့ ပြန်လာခဲ့ရတယ်‌လေ။ ပွင့်လင်းရာသီကျလို့ရှိရင် ‌မြောင်းမှာပိတ်တဲ့ သဲ‌တွေကို ‌ဖော်‌ပေးဖို့ အစီ အစဉ်ဆွဲထားပြီး လယ်သမား‌တွေအတွက် အဆင်‌ပြေ‌အောင် လုပ်‌ပေးပါမယ်။ ‌ရေတံခါး‌ဆောက်လုပ်‌ပေးဖို့လည်း အထက်ကို တင်ပြထားပြီးပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စ‌တော်‌ချောင်းကို ပြန်လည်တူး‌ဖော်ခဲ့စဉ်တွင် ခလယ်ရွာ၊ ခလယ်ရွာ‌လေးနှင့် မြို့‌ဟောင်းရွာမှ လယ်သမား (၁၀)ဦး‌ကျော်က ၎င်း တို့၏ စိုက်ပျိုး‌မြေ‌နေရာ၊ ငါးကန်အချို့ပျက်စီးခဲ့ရသည့်အပြင် ယခုနှစ်မိုးရာသီက တူး‌မြောင်း‌အောက်ဘက် မုရင်းစပါးများ စိုက်ပျိုး သည့်‌နေရာတွင် ‌ချောင်းပိတ်ဆို့မှုဖြစ်ပွားပြီး ‌ရေအခက်အခဲ‌ကြောင့် လယ်‌မြေအချို့မှာ စိုက်ပျိုး၍ မရ‌တော့သည့်အတွက် ပဲနှင့် နှမ်းများကိုသာ ပြန်လည် အစားထိုး စိုက်ပျိုးခဲ့ရသည်ဟု လယ်သမားများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် တိုက်နယ် ‌ကျေးရွာအုပ်စုအတွင်း ခလယ်‌ကျေးရွာအုပ်စုမှ စ‌တော်‌ချောင်း၊ ခလယ် ‌ချောင်း၊ တံခွန်တိုင်‌ချောင်း၊ ထီဖိုးနိုင်း‌ချောင်းများကို (၂၀၁၅)ခုနှစ်က ဆည်‌မြောင်းဦးစီးဋ္ဌာနမှ တူး‌မြောင်းများ ပြန်လည်တူး‌ဖော်မှု ပြုလုပ်‌ပေးခဲ့‌ကြောင်း သိရသည်။