Home သတင်း တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုကို SYCB ကန့်ကွက်

တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုကို SYCB ကန့်ကွက်

2018

ဒီဇင်ဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံ ‌မြောက်ပိုင်း‌ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးတပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့အဖြစ် ‌ခေါ်‌ဝေါ်သုံး နှုန်း‌နေမှုများနှင့် စစ်‌ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွား‌နေမှုများ‌ပေါ် မြန်မာနိုင်ငံ‌ကျောင်းသားများ ကွန်ဂရက်-SYCB က ကန့်ကွက် ‌ကြောင်း ဒီဇင်ဘာလ ၁၃ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန် ‌ပြောဆိုလုိုက်သည်။

နိုဝင်ဘာလ လယ်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ ရှမ်းပြည်‌မြောက်ပိုင်း‌ဒေသအတွင်း တိုက်ပွဲများ‌ကြောင့် တပ်မ‌တော်မှ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးတပ်ဖွဲ့များဖြစ်သည့် ကချင် လွတ်လပ်‌ရေးအဖွဲ့(KIO)၊ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မ‌တော်(MNDAA၊) တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)၊ ရက္ခိုင့်တပ်မ‌တော်(AA)တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်မှုများရှိလာသည့်အ‌ပေါ် SYCB က ထိုသို့ သ‌ဘောထားထုတ်ပြန်ကာ ကန့်ကွက်လိုက် ခြင်းဖြစ်သည်။

SYCB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂျက်ပစီက “‌မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့‌တွေကို အကြမ်းဖက်အဖွဲ့ဖြစ် သုံးနှုန်းမယ့်အစား အ‌ခြေအ‌နေနဲ့ ဖြစ်ရပ်‌ပေါ် မူတည်ပြီး တခြား‌သော အသုံးအနှုန်း‌လေး‌တွေတစ်ခုခု‌ပေါ့။ နှစ်ဖက်စလုံးက စစ်‌ရေးအရ လုပ်‌ဆောင် ‌နေချိန်မှာ တစ်ဖက်ကို အကြမ်းဖက်လို့ ပုံ‌ဖော်တာ မဖြစ်သင့်ဘူးယူဆလို့ အခုလို ကန့်ကွက်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးတပ်ဖွဲ့များဖြစ်သည့် KIO၊ MNDAA၊ TNLA ၊ AA တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်သင့်‌ကြောင်း ပြည်သူ့လွှတ်‌တော်ထံ အဆိုတင်သွင်းမှုကို ဒီဇင်ဘာလ (၂)ရက်‌နေ့ မဲခွဲဆုံးဖြတ်ရာတွင် အတည်မပြု နိုင်သဖြင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ပြီး ရှမ်းပြည်နယ်လွှတ်‌တော်မှ ယင်းအဖွဲ့များအား အကြမ်းဖက်အဖွဲ့များအဖြစ် ဒီဇင်ဘာ လ ၇ရက်‌နေ့တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သတ်မှတ်ခံလိုက်ရသည့်အတွက် စစ်‌ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများဖြစ်‌ပေါ်လာနိုင်ခြင်း‌ကြောင့် စစ်‌ဘေး‌ရှောင်များ ပိုမိုများပြားလာနိုင်သလို လုံခြုံမှုမရှိသည့် အ‌ခြေအ‌နေများဖြစ်‌ပေါ်လာမည်ကို ‌ဒေသခံများက စိုးရိမ်‌နေကြသည်ဟု တအာင်းလူ ငယ်အ‌ရေးလှုပ်ရှာ‌နေသူ မိုင်းဆါည်ရံက်က ယခု ‌ပြောသည်။

“ဒီလိုသတ်မှတ်တာ အ‌ခြေအ‌နေ ပိုဆိုးလာစရာ‌တွေဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ‌တွေဘက်ကလည်း သူ့ယုံကြည်ချက်နဲ့သူဆို‌တော့ ပိုပြီးကြမ်းလာမလား‌ပေါ့။ အဲဒါဆိုရင် တိုက်ပွဲက ‌တော်‌တော်နဲ့ ရပ်မှာမဟုတ် ဘူး။ အခု ရှမ်းပြည်နယ်တစ်ခုလုံးအ‌နေအထား‌တောင် ‌ပြောလို့ရတယ်။ ပြည်သူ‌တွေက စိုးရိမ်ပြီး တစ်ခုခုဆို ‌ပြေးဖို့လွှားဖို့ အဆင် သင့်ပြင်ဆင်‌နေကြတဲ့သူ‌တွေ‌တောင် ရှိ‌နေတယ်”ဟု ၎င်းက ‌ပြောသည်။

ယင်းသို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေမှုများ‌ကြောင့် စစ်‌ဘေး‌ရှောင်များ ပိုမိုများပြားနိုင်သည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့ များအ‌နေဖြင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေစဉ် ကာလအတွင်း တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်‌နေမှုများထက် နိုင်ငံ‌ရေးနည်းလမ်း ဖြင့်သာ ‌ဆွေး‌နွေးအ‌ဖြေရှာရန်လည်း SYCB မှ တိုက်တွန်း‌တောင်းဆိုထားသည်။

ထို့အတူ NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ PPST နှင့် လုပ်ငန်းအဖွဲ့ PPWT/CT တို့၏ တတိယအကြိမ်‌မြောက် ညှိနှိုင်းအစည်းအ‌ဝေးတွင် ‌မြောက်ပိုင်းမဟာတပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန် လုပ်‌ဆောင်‌နေမှုများကို ကန့်ကွက်‌ကြောင်း ဒီဇင်ဘာလ ၁၁ရက်‌နေ့က သ‌ဘောထား ထုတ်ပြန်ခဲ့သည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်ပြီး ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်၊ ဗမာ၊ တအာင်း(ပ‌လောင်)၊ ပအိုဝ်း၊ ကယန်းနှင့် ထားဝယ် စသည့် တိုင်းရင်းသား‌ကျောင်းသားလူငယ်အဖွဲ့များ ပါဝင်‌သော မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက်(SYCB) ကို ၁၉၉၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက်‌နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူး‌ဒေလီမြို့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။