Home သတင်း ပြည်သူများကန့်ကွက်ပါက ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေးအသုံးပြုမည့်ကိစ္စကို ခွင့်ပြုမ‌ပေးနိုင်

ပြည်သူများကန့်ကွက်ပါက ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေးအသုံးပြုမည့်ကိစ္စကို ခွင့်ပြုမ‌ပေးနိုင်

2092

‌အောက်တိုဘာ ၅ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောညွန့်‌သောင်း

ဖားအံမြို့နယ်ရှိ တန်(၄၀၀၀) မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံကို လျှပ်စစ်မှ ‌ကျောက်မီး‌သွေး‌လောင်စာသို့ ‌ပြောင်းလဲလည်ပတ်အသုံးပြုမည့်ကိစ္စအ‌ပေါ် ပြည်သူများကန့်ကွက်ပါက လွှတ်‌တော်ကိုယ်စားလှယ်များ အ‌နေဖြင့်လည်း ခွင့်ပြုမ‌ပေးနိုင်‌ကြောင်း ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင်က ‌အောက်တိုဘာ ၄ ရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။

ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦး‌စောသန်းထွဋ် နှင့် အင်ဂျင်နီယာအဖွဲဲ့့၊ မြို့နယ်အုပ်ချုပ်မှူးအဖွဲ့ ပါဝင်‌သော အဖွဲ့သည် ‌အောက်တိုဘာ ၁ရက်‌နေ့က အဆိုပါ ဘိလပ် ‌မြေစက်ရုံသို့ တာဝန်ရှိသူများနှင့် သွား‌ရောက်‌တွေ့ဆုံကာ စက်ရုံရှိ ‌ကျောက်မီး‌သွေး‌လောင်စာ ထားရှိမည့် ‌နေရာကို ‌လေ့လာကြည့်ရှုခဲ့ပြီး‌နောက် နန်းသန်းသန်းလွင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ဒီစီမံချက်‌တွေ အစိုးရရဲ့ ခွင့်ပြုချက်‌တွေ တင်ထားပြီးလား၊ ရထားပြီးလား‌မေး‌တော့ စက်ရုံတာဝန်ရှိသူ ‌တွေက ဘာမှမတင်ထားရ‌သေးဘူးလို့ ‌ပြောတယ်။ ဒီလိုလုပ်ငန်းစဉ်စီမံချက်ရှိတယ်လို့‌တော့ သူတို့က ကျမတို့ကို ရှင်းပြတာပဲရှိတယ်။ ‌ကျောက်မီး‌သွေးပြန်လည်အသုံးပြုရင် ဘယ်လိုကုန်ကျစရိတ် သက်သာ‌ကြောင်း သူတို့က ‌ပြောပြတယ်။ ‌ကျောက်မီး‌သွေးရဲ့ဆိုးကျိုး‌တွေ ဘယ်လိုရှိသလဲဆိုတာ‌တော့ သူတို့ မရှင်းပြဘူး။ ပြည်သူ‌တွေ အကျိုးမရှိရင် ပြည်သူ‌တွေကန့်ကွက်ရင် ကျမတို့က ခွင့်ပြု‌ပေးဖို့ မဖြစ်နိုင်ဘူး”ဟု ‌ပြောသည်။

ထို့အပြင် ‌ကျောက်မီး‌သွေး‌လောင်စာဖြင့် စက်ရုံပြန်လည်အသုံးပြုမည့်ကိစ္စနှင့်ပတ်သက်၍ မြိုင်က‌လေးဂွင်ရှိ ရွာ‌ပေါင်း ၂၇ ရွာကို ကန့်ကွက်လက်မှတ် ‌ကောက်ခံရာတွင် လူဦး‌ရေ သုံး‌ထောင်ခန့် ကန့်ကွက်လက်မှတ်ထိုးပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးသို့ စက်တင်ဘာ ၃ဝ ရက်‌နေ့က ‌ပေးပို့တင်ပြထားသည်ဟုလည်း ကန့်ကွက် လက်မှတ်‌ကောက်ခံရာ၌ ပါဝင်သူ မြိုင်က‌လေး‌ဒေသခံ မန်း‌ကျော်ထက်ခိုင်က ‌ပြောသည်။

“ကျ‌နော်တို့ ကန့်ကွက်စာသွားတင်တယ်။ ရုံးအုပ် ဦး‌အောင်စိုးလွင်က ရုံးဝင်စာ အမှတ် ၁၂၁၁၃/၂၀၁၆ လက်ခံ ထားပါတယ်။ ‌ကျောက်မီး‌သွေးအသုံးမယ့် ပစ္စည်း‌တွေ ‌ရောက်ရှိလာပြီးလို့လည်း ခပ်သဲသဲကြား‌နေရတယ်။ အတိအကျ‌တော့ မ‌ပြောနိုင်‌သေးဘူး။ ဒါ‌ပေမယ့်လို့ ဒီအ‌ရေးကိစ္စနဲ့‌တော့ ‌ဒေသခံပြည်သူ‌တွေက အလွန်ပဲ စိုးရိမ်‌နေတာ‌တော့ အမှန်ပါ”ဟု မန်း‌ကျော်ထက်ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောက်မီး‌သွေး‌လောင်စာဖြင့် စက်ရုံလည်ပတ်သွားရန်ရှိ‌သော်လည်း ထိုသို့ လည်ပတ်ပါက စက်ရုံမှ ထွက်ရှိ မည့် အမှုန်အမွှားများ၊ ရရှိခံစားရမည့် ‌ကောင်းကျိုးဆိုးကျိုးအန္တရာယ်များအ‌ပေါ် မည်သူ တာဝန်ယူ၊ တာဝန်ခံ သွားမည်ကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရ‌သေး‌ကြောင်း ‌ဒေသခံပြည်သူများက ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်‌နေ့က ‌ဒေသခံပြည်သူများ၊ သံဃာ‌တော်များ၊ ရပ်မိရပ်ဘများနှင့် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး စသည်တို့ စု‌ပေါင်း၍ မြိုင်က‌လေးရှိ ဇရပ်ဖြူဘုန်းကြီး‌ကျောင်းတွင် ယင်းဘိလပ်‌မြေစက်ရုံကိစ္စကို ကန့်ကွက်ထားပြီး ယခုလ ‌အောက်တိုဘာ ၈ ရက်‌နေ့၌လည်း သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားရန် ရှိ‌ကြောင်း သိရသည်။