Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးပါဝင်‌ရေးနှင့် လိင်အကြမ်းဖက်မှု‌လျော့နည်း‌ရေး အမျိုးသမီးဖိုရမ်၌‌ဆွေး‌နွေး

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးပါဝင်‌ရေးနှင့် လိင်အကြမ်းဖက်မှု‌လျော့နည်း‌ရေး အမျိုးသမီးဖိုရမ်၌‌ဆွေး‌နွေး

1390

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်‌ရေး၊ ကျား/မ‌ရေးရာနှင့် အမျိုးသမီးများ အကြမ်းဖက်မှု‌လျော့နည်း‌ရေးတို့ကို ‌ဆွေး ‌နွေးအ‌ဖြေရှာရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ကန်သာဦးခန်းမ၌ အမျိုးသမီးဖိုရမ်တစ်ရပ်ကို ‌အောက်တိုဘာလ ၁၃ ရက်မှ ၁၄ရက်‌နေ့အထိ ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသမီးဖိုရမ်ကို အမျိုးသမီးများအား စိတ်ဓာတ်မြှင့်တင်‌ရေးအတွက် ပြုလုပ်ခြင်းဖြစ်ပြီး ဖိုရမ်မှသိရှိသည့် အ‌ကြောင်း အရာများကို မိမိ၏လူမှုအသိုင်းဝိုင်းတွင် ပြန်လည်ဖြန့်ချိ‌ပေးနိုင်ရန် ရည်ရွယ်၍ လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ဖိုရမ်ဖြစ်‌မြောက်‌ရေး အတွက် ဦး‌ဆောင်လုပ်‌ပေးသူ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ (KWEG)အဖွဲ့မှ ‌နော်စင်သီယာဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“နယ်ပယ်အသီးသီးမှာ လုပ်‌နေတဲ့အမျိုးသမီး‌ခေါင်း‌ဆောင်‌တွေရှိသလို အရပ်သားလုပ်‌နေတဲ့ အမျိုးသမီး‌တွေ ရှိတယ်။ သူ့ကဏ္ဍ နဲ့သူ လုပ်‌နေကြတယ်။ ပူး‌ပေါင်းလုပ်‌ဆောင်သွားရင် အမျိုးသမီးထုအသံလည်း ကျယ်လာမယ်။ အမျိုးသမီးအင်အားစုကို ပြနိုင် လို့ရှိရင် ငြိမ်းချမ်း‌ရေးမှာ ပါဝင်လာနိုင်တယ်။ အကြမ်းဖက်မှု ‌လျှော့ချ‌ရေးကဏ္ဍ အသီးသီးလုပ်နိုင်ရင် ပိုပြီး‌အောင်မြင်လာနိုင်မယ်။ အဲဒါ‌ကြောင့် ကျမတို့ အမျိုးသမီးအလွှာ‌ပေါင်းစုံ ‌တွေ့ဆုံနိုင်ဖို့ အခုလိုဖိုရမ်လုပ်‌ပေးတာလည်း ပါတယ်”ဟု သူမက ‌ပြောသည်။

ယခုကျင်းပသည့်ဖိုရမ်သည် ကရင်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်‌သော‌ကြောင့် ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးအ‌ခြေအ‌နေသိရှိရန် ပြည်နယ်တွင်းရှိ မြို့နယ် ၇မြို့နယ်မှ လူမှုအဖွဲ့အစည်းကွန်ရက်(Network)နှင့် ချိတ်ဆက်မှုရှိ သည့် အမျိုးသမီးသာ ဖိတ်ကြားနိုင်‌သေးသည်ဟု ‌နော်စင်သီယာဝင်းက ဆက်‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်မည့်ဖိုရမ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ Women’s Organizations Network(WON)၊ လွှတ်‌တော်တွင်း အမျိုးသမီးနှင့် က‌လေးသူငယ်အခွင့်အ‌ရေးဆိုင်ရာ ‌ကော်မတီမှ ကိုယ်စား လှယ်များက တက်‌ရောက်ကာ မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ခြေအ‌နေ၊ ကျား/မ‌ရေးရာအ‌ခြေပြု အကြမ်းဖက်မှု ‌လျှော့ချ‌ရေးနှင့် တားဆီးကာကွယ်‌ရေးအ‌ကြောင်းများနှင့် ပတ်သက်ပြီး ‌ဆွေး‌နွေးတင်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးထုအတွက် ကာကွယ်ရမည့်ဥပ‌ဒေရှိ‌သော်လည်း အမျိုးသမီးအများစုမှ သိရှိခွင့်မရှိသည့်အပြင် အမျိုး သမီးများကို ဖိနှိပ်ထားသည့် ယခင် ‌ခေတ်အဆက်ဆက် အစဉ်အလာများ‌ကြောင့် မိမိကိုယ်ကိုမိမိ အကြမ်းဖက်ခံရခြင်းကို မသိ သည့် အ‌ခြေအ‌နေအထိရှိ‌နေသည်ဟု WON မှ စီမံကိန်းမန်‌နေဂျာ မမဉ်ဇူက ၎င်းဖိုရမ်တွင် ‌ပြောကြားသည်။

အမျိုးသမီးဖိုရမ်ကို တက်‌ရောက်သူ ‌ကော့ကရိတ်မြို့နယ် ရန်ကုတ်‌ကျေးရွာမှ ဟှားညွန့်ရီက“ ကျမတို့နယ်က အခုချိန်ထိ တိုက်ပွဲ ဖြစ်တဲ့နယ်ဆို‌တော့ ကျမတို့အမျိုးသမီး‌တွေက အမျိုးသား‌တွေထက် အခုချိန်ထိခံရတုန်းပါပဲ။ ဥပ‌ဒေဆိုတာက ကျမတို့နယ်က အမျိုးသမီးနဲ့အလှမ်း‌ဝေးတယ်။ အဲဒီတိုက်ပွဲကြားမှာ‌နေရတဲ့ အမျိုးသမီး‌တွေဆိုရင် ဒီပွဲမှာ သူတို့ကို အရမ်း‌ပေးတက်ချင်တယ်။ ဒီပွဲမှာ‌ပြောတဲ့ဟာ‌တွေ သူတို့ကြားရင် သူတို့လည်း အားရှိသွားမယ်လို့ ကျမထင်တယ်”ဟု ‌ပြောသည်။

အဆိုပါ ဖိုရမ်တွင် ဖားအံ၊ လှှိုင်းဘွဲ၊ မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံ‌တောင်နှင့် ဖာပွန်စသည့်မြို့နယ်များမှ အမျိုး သမီးများ၊ လွှတ်‌တော်ကိုယ်စားလှယ်(KWO)၊ (KWEG)နှင့် (WON)အဖွဲ့များမှ အမျိုးသမီးများ အပါအဝင် အမျိုးသမီး ကိုယ်စား လှယ်‌ပေါင်း ၂၀၀‌ကျော်မှ ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။