Home သတင်း တပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြားတိုက်ပွဲ အစိုးရမှ ကြားဝင်ညှိနှိုင်း‌ပေးရန် SYCB ‌တောင်းဆို

တပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြားတိုက်ပွဲ အစိုးရမှ ကြားဝင်ညှိနှိုင်း‌ပေးရန် SYCB ‌တောင်းဆို

1905

‌အောက်တိုဘာ ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

တပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွား‌နေသည့် တိုက်ပွဲအပါအဝင် ပဋိပက္ခမျိုးစုံ‌ကြောင့် ပြည်သူများနစ်နာဆုံးရှူံး‌နေမှုအ‌ပေါ် အစိုးရမှ ပြည်သူများ မထိခိုက်‌စေသည့် နည်းလမ်းဖြင့် လက်‌တွေ့ညှိနှိုင်းအ‌ကောင်အထည်‌ဖော်‌ပေးရန် မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)က ‌အောက်တိုဘာ ၄ရက်‌နေ့က ‌ကြေညာချက်ထုတ်ပြန် ‌တောင်းဆိုလိုက်သည်။

တပ်မ‌တော်မှ တိုင်းရင်းသား ‌ဒေသများတွင် ထိုးစစ်ဆင်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ စစ်‌ဘေး‌ရှောင် များအတွက် စားနပ်ရိက္ခာယာဉ်တန်း ကန့်သတ်‌နှောက်ယှက်‌နေမှုများကို အ‌ရေးယူ‌ဖြေရှင်း‌ပေးရန်၊ တိုက်ပွဲ‌ကြောင့် ‌နေရပ်စွန့်ခွာသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီ‌ပေးရန်နှင့် စစ်တပ်က နယ်‌မြေစိုးမိုးမှုရရန် အ‌ကြောင်းပြုပြီး ရင်းနှီးမြှုပ်နှံမှုအဖြစ် အကြီးစား သယံဇာတထုတ်လုပ်မှုများ အတွက် ပြင်ဆင်‌ဆောင်ရွက်‌နေခြင်းများကို ရပ်တန့်ရန် အပါအဝင် အချက်ငါးချက်ပါ ‌တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

SYCB ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂျက်ပစီက “အရင် အစိုးရကဆို စစ်တပ်ကို ‌တောင်းဆို တာတို့ ရှိတယ်‌ပေါ့‌နော်။ အခု ဦးထင်‌ကျော်အစိုးရ‌ခေတ်မှာ စစ်တပ်ကုို ‌ပြောတာ ဘာမှ မကြား ရ‌သေးဘူး‌ပေါ့။ စစ်တပ်က အရင်လိုပဲ လုပ်‌နေတယ်။ ‌နောက်ထပ်လည်း ဆက်လုပ်မယ်လို့ ကျ‌နော်တို့ မြင်မိတယ်‌လေ။ စစ်‌ဘေး‌ရှောင်ရတဲ့အဖြစ်မျိုးမဖြစ်‌အောင် သက်ဆိုင်တဲ့ အစိုးရဖြစ်‌စေ၊ စစ်တပ်ဖြစ်‌စေ အားလုံးကို တာဝန်ယူ‌ပေး‌စေချင်တာကို ရည်ညွန်းတာ‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် အပစ်ခတ်ရပ်စဲ‌ရေးတွင် လက်မှတ်ထိုးရန် အကန့်အသတ်ခံထားရထား‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအင်အားစုများအ‌ပေါ် တပ်မ‌တော်မှ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်နည်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်‌နေမှုသည် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာလိုခြင်းမရှိဘဲ အကြမ်းဖက် တိုက်ခိုက်‌ချေမှုန်း‌ရေးလမ်းစဉ်ကိုသာ ဆက်လက်ကျင့်သုံး‌နေသည်ဟုလည်း SYCB က ‌ပြောဆိုသည်။

တိုင်းရင်းသား‌ဒေသများတွင် တပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့အကြား ဖြစ်ပွားလျှက်ရှိသည့် တိုက်ပွဲများနှင့်ပတ်သက်၍ SYCB ၏ ထုတ်ပြန်ချက်အ‌ပေါ် တပ်မ‌တော် ဘက်က အသံရရှိရန် တပ်မ‌တော် သတင်းမှန်ထုတ်ပြန်‌ရေး‌ကော်မတီမှ ‌ပြောခွင့်ရ တပ်မ‌တော် အရာရှိများကို ‌ကေအိုင်စီမှ အကြိမ်ကြိမ်ကြိုးပမ်းခဲ့‌သော်လည်း ဆက်သွယ်၍ မရရှိခဲ့‌ပေ။

Technical Secretariat Center of Joint Ceasefire Monitoring Committee မှ ‌ဒေါက်တာမင်း‌ဇော်ဦးက “အစိုးရနဲ့ တပ်မ‌တော်တို့ဆိုတာက သူတို့ဖာသာသူတို့ ဆက်ဆံ‌ရေးလမ်း‌ကြောင်းက ရှိတယ်။ ငြိမ်းချမ်း‌ရေး ကိစ္စရပ်ပဲဖြစ်ဖြစ်၊ လုံခြုံ‌ရေးကိစ္စရပ်ဖြစ်ဖြစ် ဒါ‌တွေက‌တော့ ရှိတာ‌ပေါ့။ ကျ‌နော်တို့ JMC က အစိုးရနဲ့ တပ်မ‌တော်က သူတို့ ညှိနှိုင်းလို့ရတဲ့ Result (အ‌ဖြေ)‌တွေ ရှိတယ်။ အဲဒီ Result ‌တွေအ‌ပေါ်မှာ EAO (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း)နဲ့ ထပ်ညှိနှိုင်းတယ်။ ညှိနှိုင်းပြီးရတဲ့ဟာကို ထပ်ပြီးအ‌ကောင်အထည်‌ဖော်တယ်။ ဒါက ကျ‌နော်တို့ လုပ်တဲ့ပုံစံ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့ တုံ‌လောင်းမြို့နယ်ခွဲရှိ ပန်ပွဲ‌ကျေးရွာအုပ်စုအတွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA)ကို လက်မှတ်‌ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS/SSA)နှင့် အစိုးရတပ်မ‌တော်တို့အကြား ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ‌ဒေသခံ လူထု ၂၀၀၀‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သ‌ဝေါ‌ဒေသ အတွင်း အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ်(BGF)တို့ ပူး‌ပေါင်းတပ်ဖွဲ့နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBAတပ်ဖွဲ့တို့ တိုက်ပွဲ‌ကြောင့် ‌ဒေသခံ ကရင်ပြည်သူ ၅၀၀ဝ ‌ကျော် မြိုင်ကြီးငူ‌ဒေသတွင် ထွက်‌ပြေးပုန်း‌အောင်‌နေရပြီး လက်ရှိအချိန်ထိ ‌နေရပ်ပြန်နိုင်ခြင်း မရှိ‌သေးပါ။

မြန်မာ့နိုင်ငံ‌ရေး‌ဆောင်းပါးရှင် စာ‌ရေးဆရာတစ်ဦးဖြစ်သူ စိုး‌နေလင်းက“စစ်မှန်တဲ့ဒီမိုက ‌ရေစီနို်င်ငံ တည်‌ဆောက်ဖို့ဆိုရင် အစိုးရတစ်ရပ်ရဲ့‌အောက်မှာ တပ်မ‌တော်ဆိုတာ အမြဲတမ်းရှိရမယ်။ အရပ်သားအစိုးရရဲ့ ညွှန်ကြားချက်အမိန့်ကို နာခံရမယ်။ နိုင်ငံရဲ့အထွဋ်အထိပ်က သမ္မတဆိုရင် သမ္မတရဲ့ ‌အောက်ကပဲ တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ဆိုတာ ရှိရတယ်။ ‌လော‌လောဆယ် ဖြစ်‌နေတဲ့ စစ်ပွဲ‌တွေကြည့်ရင် ပင်လုံညီလာခံကြီးက လုပ်ထားတဲ့ လုပ်ရပ်ပျက်ပြား‌အောင် လုပ်တာရယ်၊ တိုင်းရင်းသား‌တွေရဲ့ယုံကြည့်မှု ‌လျော့လာ‌အောင် လုပ်တယ်လို့ပဲ ‌ပြောလို့ရတယ်”ဟု သုံးသပ်သည်။

တပ်မ‌တော်ဘက်က တိုင်းရင်းသားနယ်‌မြေများအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်‌ဆောင်‌နေမည်ဆိုပါက ‌နောင်ကျင်းပမည့် ဒုတိယအကြိမ် ၂၁ရာစု ညီလာခံအ‌ပေါ် သက်‌ရောက်သွားမည်ဖြစ်သလို ပြည်တွင်းငြိမ်းချမ်း‌ရေးကိုလည်း ပျက်ပြယ်ပြီး ပြည်တွင်းစစ်တစ်ဖန် ပြန်‌တောက်‌လောင်နိုင်သည်ဟုလည်း ဆရာစိုး‌နေလင်းက ဆက်‌ပြောသည်။

SYCB ကို တိုင်းရင်းသား လူမျိုးစုံ‌ကျောင်းသား လူငယ်ထု၏ ညီညွတ်မှုဖြင့် မြန်မာပြည်ဒီမိုက‌ရေစီ တိုက်ပွဲအရှိန်အဟုန်အားမြှင့်တင်ရန်၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်း‌စေရန်၊ ပြည်တွင်း ‌ကျောင်းသားလူငယ်ထု၏ လှုပ်ရှားမှုအား တိုးမြှင့်‌ဆောင်ရွက်ရန်နှင့် နိုင်ငံတကာ‌ကျောင်းသား လူငယ်များနှင့် ဒီမိုက‌ရေစီအ‌ရေး၊ လူ့အခွင့်အ‌ရေးများ ရှင်သန်ထွန်းကားရန် ရည်ရွယ်ပြီး ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ‌ကျောင်းသားလူငယ် ၁၁ဖွဲ့ဖြင့် လှုပ်ရှားလျှက်ရှိသည်။