Home သတင်း ခွဲထွက် DKBA အ‌ပေါ် KNU ၏ ထုတ်ပြန်ချက်ကို ကရင်နိုင်ငံ‌ရေးပါတီများ ‌ထောက်ခံ

ခွဲထွက် DKBA အ‌ပေါ် KNU ၏ ထုတ်ပြန်ချက်ကို ကရင်နိုင်ငံ‌ရေးပါတီများ ‌ထောက်ခံ

1900

‌အောက်တိုဘာ ၇ ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

မိခင်အဖွဲ့အစည်းသို့ ပြန်လည်ပူး‌ပေါင်းရန် ဆိုသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်(DKBA) (ခွဲထွက်)အဖွဲ့အ‌ပေါ် ထုတ်ပြန်ချက်ကို ‌ထောက်ခံ‌ကြောင်း ကရင်နိုင်ငံပါတီများက ‌ပြောဆိုလိုက်သည်။

DKBA အ‌ရေးကိစ္စအား အ‌ကြောင်းပြ၍ ‌နောက်ဆက်တွဲပြဿ နာများ ဖြစ်‌ပေါ်လာနိုင်ဖွယ်ရှိ၍ ပြန်လည်ပူး‌ပေါင်း လိုက်ပါက နယ်‌မြေပြဿ နာအငြင်းဖွားမှုများ ရှင်းလင်းသွားမည်ဖြစ်ပြီး NCA စာချုပ်ပါ စည်းကမ်းအတိုင်း လုပ်‌ဆောင်သွားနိုင်မည်ဖြစ်သည့်အတွက် ယင်းထုတ်ပြန်ချက်ကို ‌ထောက်ခံခြင်းဖြစ်‌ကြောင်း ကရင်အမျိုးသားပါတီ(KNP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီလိုခွဲ‌နေလို့‌တော့ ဘယ်ဖြစ်ပါ့မလဲ။ ‌နောက်ဆက်တွဲဖြစ်လာနိုင်မယ့် အကြိုးဆက်က မ‌ကောင်းဘူး‌လေ။ မိမိတို့ တစ်စုတစ်စည်းတည်း ရှိရင်‌တော့ အား‌ကောင်းလာတယ်‌လေ။ DKBA နဲ့ပတ်သက်ပြီး‌တော့ မိခင် KNU အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကျ‌နော်တို့ ‌ထောက်ခံအား‌ပေးပါတယ်”ဟု မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များမှလည်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်‌နေ့၌ ကရင်လက်နက်ကိုင်များ စည်းလုံး ညီညွတ်‌ရေး‌ကော်မတီဖွဲ့စည်းရာတွင် လက်နက်ကိုင်အချင်းချင်း စည်းလုံးညီညွတ်‌ရေးအတွက် လက်‌တွေ့ အ‌ကောင်ထည်‌ဖော်‌ဆောင်နိုင်မှု အားနည်းခဲ့‌သော်လည်း ယခုအချိန် ခွဲထွက် DKBA အ‌ပေါ် ထုတ်ပြန်ချက်သည် ‌ကောင်းသည့်အချက်ဖြစ်သည်ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးကလည်း ‌ပြောသည်။

၎င်းက “KNU က အခုလို ခွဲထွက် DKBA အဖွဲ့ကို လက်ခံကြိုဆိုတာက ‌ကောင်းတဲ့အချက်ဖြစ်တယ်။ ကျ‌နော် တို့လည်း ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်‌ပေါင်းစည်း‌ရေးကို ကျ‌နော်တို့က တစိုက်မတ်မတ် အား‌ပေး ‌ထောက်ခံတယ်။ အမျိုးသားအ‌ရေးကို စဉ်းစားလုပ်‌ဆောင်တဲ့အခါ သူတစ်မျိုး ကိုယ်တစ်မျိုးဆိုလို့ရင် အလုပ် မဖြစ်ဘူး။ တစ်သံတည်းထွက်မှ အလုပ်ဖြစ်မယ်။ နို်င်ငံ‌ရေးအရ ဖြစ်‌စေ၊ စစ်‌ရေးအရပဲဖြစ်‌စေ အားလုံးပူး‌ပေါင်းမှ ပဲ ‌အောင်မြင်မှုရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU မှ ‌အောက်တိုဘာ ၄ ရက်‌နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ‌ကြေညာချက်တွင် DKBA (ခွဲထွက်) အဖွဲ့အ‌နေဖြင့် ၎င်းတို့ ကိုင်စွဲထားသည့် ၁/၉၄ နှင့် ၂/၉၄ မူများကို ရုပ်သိမ်းပြီး ပြန်လည်ပူး‌ပေါင်းမည်ဆိုပါက လက်ခံကြိုဆိုမည့် အ‌ကြောင်း ထုတ်ပြန်ချက်ကို ကြိုဆို‌ထောက်ခံသည်ဟုလည်း ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောသန်းမြက ‌ပြောသည်။

ထို့အပြင် အဆိုပါ KNU ၏ သ‌ဘောထားထုတ်ပြန်ချက်ကို ကရင်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ‌ရောက် ကရင်လူထုများနှင့် နိုင်ငံ‌ရေးအသိုင်းအဝိုင်းက ၎င်းတို့၏ ‌ထောက်ခံကြိုဆိုသည့် သ‌ဘောထားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ‌ရေးသားထုတ်‌ဖော်ခဲ့ကြသည်။

(ခွဲထွက်) DKBA အဖွဲ့သည် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA မှ ခွဲထွက်ပြီး လွန်ခဲ့သည့် ၁၉၉၄ ခုနှစ် KNU မှ ခွဲထွက်စဉ်က ဖွဲ့စည်းခဲ့သည့် တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် DKBA အမည်နှင့် မူများအတိုင်း ရပ်တည်သွားမည်ဖြစ်သည်ဟု ယခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။