Home သတင်း စပါးဖျက်ပိုး အန္တရာယ်ကာကွယ်‌ရေး ပိုးသတ်‌ဆေးမှန်ကန်စွာ အသုံးပြုရန် စိုက်ပျိုး‌ရေးဌာန အကြံပြု

စပါးဖျက်ပိုး အန္တရာယ်ကာကွယ်‌ရေး ပိုးသတ်‌ဆေးမှန်ကန်စွာ အသုံးပြုရန် စိုက်ပျိုး‌ရေးဌာန အကြံပြု

4289

စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောမြတ်ဦးသာ

ရာသီဥတု‌ဖောက်ပြန်မှု‌ကြောင့် လက်ရှိ ကရင်ပြည်နယ် ‌နေရာအများစုတွင် စပါးစိုက်ခင်းများ ပိုးကျ‌ရောက် ‌နေသည့်အတွက် ပိုးသတ်‌ဆေးမှန်ကန်စွာ‌ရွေးချယ် အသုံးပြုရန်လိုအပ်သည်ဟု ကရင်ပြည်နယ်၊ စိုက်ပျိုး‌ရေး ဌာန၊ လက်‌ထောက်ညွှန်ကြား‌ရေးမှူး ‌ဒေါ်‌ဝေ‌ဝေမြင့်က ‌ကေအိုင်စီသို ့ ယမန်‌နေ ့တွင် ‌ပြောသည်။
ပြည်နယ် စိုက်ပျိုး‌ရေးဌာနမှ စပါးဖျက်ပိုးကျ‌ရောက်‌နေသည့် ‌ဒေသများသို ့ကွင်းဆင်းစစ်‌ဆေး အသိပညာ ‌ပေးမှုများ လုပ်‌ဆောင်လျက်ရှိရာ စက်တင်ဘာ ၁၄ ရက်‌နေ ့တွင် ကြားအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာသို ့ လာ‌ရောက်စစ်‌ဆေးစဉ် ၎င်းက ယခုလို အကြံပြု ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ တပြည်နယ်လုံး အခုနှစ် စပါးဖျက်ပိုး‌တွေ ကျ‌ရောက်လာတာ‌တွေ့ရတယ်။ ပိုးကျတာနဲ့ လက်ဦး‌ဆေးဖျန်း လိုက်နိုင်ရင် စပါးအထွက်နှုန်းမထိခိုက်နိုင်ဘူး။ အခုကွင်းဆင်းစစ်‌ဆေးပြီး‌တော့ ပိုးအမျိုးအစားသိတာနဲ့ ဘယ်ပိုးအမျိုးအစားက ဘယ်‌ဆေးနဲ့ဖျန်းရမလဲဆိုပြီး ‌ဒေသခံလယ်သမား‌တွေကို ပညာ‌ပေးလက်ကမ်း စာ‌စောင်‌တွေ‌ပေးပြီး စနစ်တစ်ကျပိုးသတ်‌ဆေးဖျန်းတက်ဖို့ လာ‌ရောက် အသိပညာ‌ပေးခြင်းဖြစ်တယ်” ဟု လက်‌ထောက်ညွန်ကြား‌ရေးမှူး၊ ‌ဒေါ်‌ဝေ‌ဝေမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို စပါးဖျက်ပိုးများ ကျ‌ရောက်ရခြင်းမှာ ရာသီဥတု‌ဖောက်ပြန်ခြင်း၊ စပါးစိုက်ခင်းများ အနီးဝန်းကျင်၌် စပါးဖျက်ပိုးများ ခို‌အောင်းနိုင်သည့် ‌ပေါင်းမြက်များကို ယခင်နှစ်က ရှင်းလင်းမှုမရှိခြင်း၊ ပိုးသတ်‌ဆေး အလွန်အကျွံ သုံးစွဲခြင်း စသည့်တို ့‌ကြောင့် ဖြစ်ပြီး အချိန်မှီကာကွယ်ရန်အတွက် စိုက်ခင်းများကို ‌ရေထုတ် ‌ပေးရန်လိုမည်ဟု ပြည်နယ် စိုက်ပျိုး‌ရေး ဦးစီးဌာနမှ နှိုး‌ဆော်ချက် ထုတ်ပြန်ထားသည်။
ခလယ်‌ကျေးရွာမှ‌တောင်သူ ‌စောလှပြည့်‌ကျော်က “ ဒီနှစ်မှာ တရွာလုံးပဲ စပါးပိုး‌တွေကျတယ်။ ကျ‌တော် ဆယ်ဧက စိုက်ထားတယ်။

လယ်‌မြေနိမ့်ပိုင်း‌ရေရှိတဲ့ဘက်က တစ်ဝက်‌လောက်ပိုးကျ‌နေတယ်။ ခါတိုင်းနှစ် ဒီ‌လောက်ထိ ပိုးမကျဘူး။ အခုစပါးပင်အရွက်‌တွေ နီဝါ‌ရောင်ဖြစ်‌နေတယ်။ အသီး‌အောင်မြင်မှု‌တော့ နည်းသွား မှာ‌ပေါ့။ တာဝန်ရှိသူ‌တွေဘက်က ပိုးသတ်တဲ့‌ဆေးအမျိုးအစား‌တွေကို လာ‌ရောက်ပြီး ကွင်းဆင်းလုပ်‌ပေး ‌စေခြင်တယ်” ဟု စက်တင်ဘာ ၁၄ ရက်‌နေ ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် အပါအဝင် ကရင်ပြည် ၇ မြို့နယ်လုံးတွင် စပါးဖျက်ပိုးကျ‌ရောက်‌နေပြီး ပြည်နယ်တခုလုံး မိုးစပါး စိုက်ဧက ၅ သိန်း‌ကျော်ရှိ‌ကြောင်း ပြည်နယ် စိုက်ပျိုး‌ရေးဌာနမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။