Home သတင်း KUPC တွင် ဧရာဝတီတိုင်း ကိုယ်စားလှယ် အ‌ရေအတွက် တိုး‌ပေးရန် ‌တောင်းဆိုထား

KUPC တွင် ဧရာဝတီတိုင်း ကိုယ်စားလှယ် အ‌ရေအတွက် တိုး‌ပေးရန် ‌တောင်းဆိုထား

2202

စက်တင်ဘာ ၈ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC) လုပ်ငန်းစဉ်များကို တိုးချဲ့လုပ်‌ဆောင်နိုင်‌ရေး အတွက် ဧရာဝတီတိုင်း KUPC ကို်ယ်စားလှယ်အ‌ရေအတွက် တိုး‌ပေးရန်လိုလားသည်ဟု ‌ကော်မတီဝင်တစ်ဦး ဖြစ်သူ ပန်းတ‌နော်မြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းတုန်းက လုပ်တဲ့ ၈ ကြိမ်‌မြောက် KUPC ‌ကော်မတီအစည်းအ‌ဝေးမှာ ဧရာဝတီတိုင်း အတွက် ကိုယ်စားလှယ်တိုး‌ပေးဖို့ တင်ပြခဲ့တယ်။ KUPC မှာ ကရင်ပြည်နယ်‌ကော်မတီဝင်၂၈ ဦး ရှိတယ်။ ဧရာဝတီကိုယ်စားလှယ်က စာယဉ်က ၂ ဦး၊ ပါတီက ၂ ဦးပဲရှိတယ်။ ဧရာဝတီ ကရင်လူဦး‌ရေက ကရင်ပြည်နယ် ထက်နှစ်ဆ‌လောက်ရှိပြီး ‌နေရာလည်း ကျယ်ပြန့်တယ်။ ‌ကော်မတီက တစ်မျိုးသားလုံးကို ကိုယ်စားပြုဖို့ လုပ်မယ်ဆို‌တော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ အခုလို ‌တောင်းဆိုတာဖြစ်တယ်”ဟု ၎င်းက ‌ပြောသည်။

လက်ရှိ KUPC တွင် ‌ကော်မတီဝင် ၇ဝ ဦးခန့်ရှိပြီး ဧရာဝတီတိုင်း‌ဒေသကြီးမှ ‌ကော်မတီဝင် ၄ ဦးသာရှိသလို တိုင်း‌ဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်၊ ခရိုင် ၆ ခုရှိသည့်အတွက် ခရိုင်တစ်ခုလျှင် KUPC ‌ကော်မတီဝင် တစ်ဦးနှုန်း တိုးချဲ့ဖွဲ့စည်းရန် ဧရာဝတီတိုင်း ‌ကော်မတီဝင်များက လိုလား‌သော်လည်း လာမည့် ၉ ကြိမ်‌မြောက် အစည်းအ‌ဝေးတွင် ‌ကောမတီဝင်၂ ဦးသာ ထပ်တိုးရန်ရှိသည်ဟု ‌ကော်မတီဝင် မန်းသန်းဝင်းဦးက ‌ပြောသည်။

KUPC အ‌နေဖြင့် ကရင်တစ်မျိုးသားလုံး ကိုယ်စားပြု ‌ကော်မတီဖြစ်လာ‌အောင် ရည်ရွယ်လုပ်‌ဆောင်‌နေသည့် အတွက် ‌ကောမတီ စနစ်တကျဖြစ်‌စေရန် ‌ကော်မတီဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်း တခုခုရှိသင့်သလို လက်ရှိတွင် ‌ကောမတီဝင်များကို အရှိန်အဝါရှိသူများက ကြုံသလို ခန့်အပ်သည့် ပုံစံမျိုးဖြစ်‌နေသည်ကို ‌တွေ့ရ‌ကြောင်း မန်းဝင်း‌မောင်က ဆက်‌ပြောသည်။

ယခုကိစ္စအ‌ပေါ် ကရင့်‌ရေးရာ ‌လေ့လာသုံးသပ်‌နေသူ ‌စောကပိက “ဧရာဝတီတိုင်း‌ကော်မတီဝင်‌တွေ တိုး‌ပေးဖို့ ဆိုတဲ့ အပိုင်းကို လက်ခံတယ်။ ဒါ‌ပေမဲ့ ဘယ်‌ဒေသမှာ ‌ကော်မတီဝင် ဘယ်‌လောက်ရှိလို့ ဘယ်‌နေရာကလည်း ‌ကော်မတီဝင် ဘယ်‌လောက်ရှိရမယ်ဆိုတဲ့ အ‌ကြောင်းတရားက သဘာဝမကျဘူးလို့ ယူဆတယ်။ လုပ်နိုင် ကိုင်နိုင်တဲ့ စွမ်းအားနဲ့ လုပ်လို‌သောဆန္ဒနဲ့ အချိန်‌ပေးနိုင်မှုအ‌ပေါ်မှာ အများကြီးမူတည်တယ်၊ ဖြစ်ဖို့ လိုတယ်လို့‌တော့ မြင်တယ်” ‌ကေအိုင်စီသို့ မှတ်ချက်ပြု‌ပြောသည်။

ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)ကို ၂၀၁၂ ခုနှစ်အတွင်းက ကရင်ပြည်နယ် ဖားအံမြို့တွင် ပြုလုပ်သည့် ကရင့်‌ရေးရာ အစည်းအ‌ဝေးတွင် ‌ကော်မတီ ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ‌နောက်ပိုင်းတွင် လူဦး‌ရေ တိုးမြှင့်ဖွဲ့စည်းလာကာ လက်ရှိအချိန်တွင် ‌ကော်မတီဝင် ၇ဝ ဦးအထိရှိသည်။ KUPC သည် ‌ကော်မတီဝင်စုံညီ အစည်းအ‌ဝေး ၈ ကြိမ် ပြုလုပ်ပြီးဖြစ်သလို ၉ ကြိမ်‌မြောက်အစည်းအ‌ဝေးကို လာမည့် နိုဝင်ဘာလအတွင်း ပြုလုပ်ရန် လျာထား‌ကြောင်း ‌ကော်မတီဝင်များထံမှ သိရသည်။