Home သတင်း KNU နှင့် UNICEF တို့ က‌လေးစစ်သားအသုံးပြုမှု တားဆီး‌ရေး ပညာ‌ပေးသင်တန်း ပြုလုပ်

KNU နှင့် UNICEF တို့ က‌လေးစစ်သားအသုံးပြုမှု တားဆီး‌ရေး ပညာ‌ပေးသင်တန်း ပြုလုပ်

2047

စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂက‌လေးသူငယ်များ ရန်ပုံ‌ငွေအဖွဲ့ (UNICEF)တို့ ကြီးမှူးပြီး က‌လေး စစ်သားအသုံး ပြုမှုတားဆီး‌ရေး ဆိုင်ရာ အသိပညာ‌ပေး သင်တန်းတစ်ခုကို စက်တင်ဘာလ ၁၃ မှ ၁၄ ရက်‌နေ့အထိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ ‌လေး‌ကေ‌ကော်မြို့ သစ်တွင် ကျင်းပပြု လုပ်ခဲ့သည်။

KNU လက်‌အောက်ခံ ခရိုင်၊ တပ်မဟာ (၇)ခုတို့မှ စစ်ဖက်အရပ်ဖက် ဆိုင်ရာတာဝန်ရှိသူ ၃ဝ နီးပါး ပါဝင် တက်‌ရောက်သည့် အဆိုပါအသိပညာ‌ပေးသင်တန်း ပြုလုပ်ရခြင်း အ‌ပေါ် KNU နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေက ယခုလို‌ပြောသည်။

“ကျ‌နော်တို့ ‌ကေအဲန်ယူက က‌လေးစစ်သားအသုံးပြုမှု ရှိ‌သေးတယ်ဆိုပြီး အစွပ်စွဲခံရတယ်‌လေ။ အဲဒါနဲ့ ပတ်သက်ပြီး Black list ထဲမှာရှိ‌သေးတယ်။ အဲဒီ List က‌နေထွက်ရ‌အောင် အခုလို အသိ ပညာ‌ပေး သင်တန်း‌တွေ‌ပေးတယ်‌ပေါ့။ သူတို့က ‌လေ့လာစုံစမ်းပြီးမှ အဲဒီ Black list က‌နေ ပြန်ထုတ်‌ပေးမှာ ဖြစ်တယ်” ဟု ၎င်းက ‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ယင်းပညာ‌ပေးမှုအစီအစဉ်တွင် ‌မော်လမြိုင်၊ ဖားအံအ‌ခြေစိုက် UNICEF ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး -UNHCR ၊ Save the Children စသည့်အဖွဲ့ များ ပူး‌ပေါင်းပါဝင်ခဲ့ကြပြီး က‌လေးသူငယ်အခွင့် အ‌ရေး၊ က‌လေးစစ်သား အသုံးပြုမှုတားဆီး‌ရေးဆိုင်ရာ ပညာ‌ပေးမှုများများကို ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါအသိပညာ‌ပေးမှု သင်တန်းတွင်ပါဝင်တက်‌ရောက်သူ KNLA မှအရာရှိတစ်ဦးက “ကျ‌နော်တို့ဆီမှာ အဲဒီက‌လေးစစ်သား‌တွေ လက်မခံပါဘူး။ ကျ‌နော်တို့‌တွေ Black list ထဲပါတာ အခုသင်တန်းမှ သိရတယ်။ ဘာပဲဖြစ်ဖြစ် ဒီသင်တန်းမှာ‌တော့ က‌လေးသူငယ် အခွင့်အ‌ရေးနဲ့ပတ်သက်ပြီး ပိုသိလာရတာ‌တော့ ရှိတယ်” ဟု ‌ပြောသည်။

မြန်မာနိုင်ငံတွင် က‌လေးသူငယ်များအား တပ်သားအဖြစ် ‌ခေါ်ယူစု‌ဆောင်းအသုံးပြုမှု ရှိ‌နေသည့်အဖွဲ့ အစည်း များစာရင်း၌ အစိုးရတပ်မ‌တော်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ပါဝင်ဆဲ ဖြစ်သည် ဟု ရန်ကုန်မြို့ရှိ ကုလသမဂ္ဂပြန်ကြား‌ရေးရုံးမှ ၂၀၁၆ ခုနှစ် မတ်လ ၁၂ ရက်‌နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအဖွဲ့များမှာ KNU လက်‌အောက်ခံ KNLA၊ ဒီမိုက‌ရေစီအကျိုးပြုကရင့် တပ်မ‌တော်(DKBA)၊ ကချင် လွတ်‌မြောက်‌ရေးတပ်ဖွဲ့ KIA၊ KNU/KNLA (Peace Council) ၊ ကရင်နီတပ်ဖွဲ့ KA၊ ရှမ်းပြည် တပ်မ‌တော် (‌တောင်ပိုင်း) SSA-S ၊ “ဝ” ပြည် ‌သွေးစည်းညီညွတ်‌ရေးတပ်ဖွဲ့ UWSAတို့ ဖြစ်သည်။

အဆိုပါထုတ်ပြန်မှုများနှင့်ပတ်သက်ပြီး KNU ဘက်မှငြင်းဆိုထားသလို ၎င်းတို့ချမှတ်ထုတ်ပြန်ထားသည့် ဥပ‌ဒေ၊ စည်းမျဉ်းစည်းကမ်းများတွင် အသက်မပြည့်‌သေးသည့် က‌လေးသူငယ်များအား က‌လေးစစ်သား အဖြစ် အသုံးပြု‌ရေးမပါဝင်သည့်ကာ အသုံးပြုမှုလည်းမရှိ‌ကြောင်း ပြန်လည်‌ချေပ ‌ပြောဆိုမှုများ ရှိခဲ့သည်။