Home သတင်း သျှမ်း(ရှမ်း)ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုအများဆုံးဟု ND-Burma ထုတ်ပြန်

သျှမ်း(ရှမ်း)ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုအများဆုံးဟု ND-Burma ထုတ်ပြန်

2099

ဩဂုတ် ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

သျှမ်း(ရှမ်း)ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်အများဆုံးဖြစ်‌ပေါ်‌နေသည်ဟု လူ့အခွင့်အ‌ရေး မှတ်တမ်းကွန်ရက်-မြန် မာနိုင်ငံ (ND-Burma)၏ ဩဂုတ် ၂၄ရက်‌နေ့ ထုတ်ပြန်သည့် ၂၀၁၆ခုနှစ် မြန်မာနိုင်ငံ လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေ နှစ်ဝက် အစီရင်ခံစာ၌ ‌ဖော်ပြထားသည်။

ယခင် ၂၀၁၅ ခုနှစ် မှတ်တမ်းအရ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု ၈၄မှုရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ နှစ်ဝက်အတွင်း တိုင်းနှင့် ပြည်နယ် ဆယ်ခုတွင် ၉၈မှု ရှိကာ ယင်းအနက် ၅၇မှုမှာ သျှမ်း(ရှမ်း)ပြည်နယ်အတွင်း အများဆုံး ဖြစ်‌ပေါ်ခဲ့ခြင်းဖြစ် ‌ကြောင်း ND-Burma ညှိနှိုင်း‌ဆောင်ရွက်‌ရေးမှူး ကိုဟန်ကြီး ‌ကေအိုင်စီသို ့ယခုလို ‌ပြောသည်။

“လက်နက်ကိုင်တိုက်ပွဲ‌တွေက သျှမ်း(ရှမ်း) ပြည်နယ် ‌မြောက်ပိုင်းမှာ အများဆုံးဖြစ်တဲ့အတွက် ဒီစစ်ဖြစ်တဲ့ ‌ဒေသနားမှာက လူ့အ ခွင့်အ‌ရေးချိုး‌ဖောက်မှု အများဆုံး ဖြစ်တယ်။ ကျ‌နော်တို့ အများဆုံး ‌တွေ့ရတာက ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှု‌ပေါ့‌နော်”ဟု ကိုဟန်ကြီးက ‌ပြောသည်။

အဆိုပါ ချိုး‌ဖောက်မှုကို အစိုးရစစ်တပ်ဘက်မှ စစ်ဖြစ်ပွားရာ ‌ဒေသအနီးတစ်ဝိုက်ရှိ ‌ဒေသခံပြည်သူများကို တိုင်းရင်းသားလက် နက်ကိုင်များနှင့် ပါဝင်ပတ်သက်မှုရှိမရှိ မသကင်္ာဖြစ်ရာမှ ဖမ်းဆီးစစ်‌ဆေး ညှဉ်းပန်းနှိပ်စက်သည့်အပြင် လက်လွန်၍ ‌သေဆုံးမှု များရှိခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်များဘက်ကလည်း ချိုး‌ဖောက်မှု တစ်ချို့ရှိခဲ့သည်ဟု ကိုဟန်ကြီးက ဆက်‌ပြောသည်။

အစီရင်ခံစာပါ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အမျိုးအစားများတွင် မတရားဖမ်းဆီး ထိန်းသိမ်း ချုပ်‌နှောင်မှုများ၊ ပစ္စည်းဥစ္စာ ပို်င်ဆိုင် မှုများကိုသိမ်းယူခြင်း၊ ဖျက်ဆီးခြင်း၊ ‌ပျောက်ဆုံးခြင်း၊ အတင်းအဓမ္မ ‌စေခိုင်းခြင်းနှင့် ‌ရွှေ့‌ပြောင်းခြင်း၊ လူကုန်ကူးမှု၊ သတ်ဖြတ် ခြင်း ၊ လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုခြင်း၊ စု‌ဝေးခြင်း၊ အခြားလိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု၊ အတင်းအဓမ္မပြုကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ က‌လေးစစ်သားအသုံးပြုခြင်းနှင့် မတရားအခွန်‌ကောက်ခြင်းတို့ ပါဝင်သည်ဟု ND-Burma က ‌ထောက်ပြထား သည်။

အဆိုပါချိုး‌ဖောက်မှုများအနက် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုမှာ အများဆုံးဖြစ်ပြီး ကချင်၊ ကရင်၊ မွန်၊ သျှမ်း(ရှမ်း)ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တ‌လေး၊ မ‌ကွေး၊ တနသင်္ာရီတိုင်းစသည့် တိုင်း‌ဒေသကြီးအတွင်း ချိုး‌ဖောက်မှုများကို မှတ်တမ်းတင်ထား ခြင်းဖြစ်သည်ဟု အစီရင်ခံစာ၌ ‌ဖော်ပြထားသည်။

ယခင်နှစ်များတွင် လူ့အခွင့်ချိုး‌ဖောက်မှုများကို တိုက်ပွဲဖြစ်ပွားရာ သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် အများဆုံး ဖြစ်‌ပေါ် ခဲ့ပြီး ယခုနှစ်တွင်လည်း အစိုးရစစ်တပ်နှင့် တအာင်း(ပ‌လောင်) အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-TNLA၊ ကချင်လွတ်လပ် ‌ရေးတပ်မ‌တော်-KIA၊ သျှမ်းပြည်‌တောင်ပိုင်းတပ်မ‌တော် RCSS/SSAနှင့် TNLA တိုက်ပွဲများ အပါအဝင် အပစ်ရပ်‌ဒေသ မွန်ပြည် နယ်၊ ‌ရေးမြို့နယ်၌ ရွာသားနှစ်ဦးအား အစိုးရစစ်တပ်၏ သတ်ဖြတ်မှုကိုပါ ND-Burma အစီရင်ခံစာ၌ အဓိက ‌ဖော်ပြထားသည်။

ထို့အပြင် ယခင် သမ္မတ‌ဟောင်းဦးသိန်းစိန် လက်ထက်၌ လက်မှတ်ထိုးရန် ဆုံးဖြတ်ထားသည့် ညှင်းပမ်းနှိပ်စက်ခြင်းနှင့် အခြား ရက်စက် လူမဆန်၊ ဂုဏ်သိက္ခာနှင့်မ‌လျော်ညီသည့် ဆက်ဆံပြစ်ဒဏ်‌ပေးခြင်းများအား ဆန့်ကျင်သည့် ကုလသမဂ္ဂ သ‌ဘောတူ စာချုပ်(UNCAT) နှင့် ‌နောက်ဆက်တွဲလိုက်နာ‌စောင့်ထိန်းအပ်သည့် လုပ်ထုံးလုပ်နည်းကျင့်ဝတ်(OPCAT) တို့ကို အစိုးရသစ်က လက်မှတ်‌ရေးထိုးရန်လည်း ND-Burma က ၎င်းတို့၏အစီရင်ခံစာ၌ တိုက်တွန်းထားသည်။

ND-Burma အဖွဲ့ကို တိုင်းရင်းသားလူငယ်၊ အမျိုးသမီးအဖွဲ့အစည်းနှင့် လူ့အခွင့်အ‌ရေး‌စောင့်ကြည့် မှတ်တမ်းတင်သည့် အဖွဲ့အ စည်းများဖြင့် ၂၀၀၄ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အ‌ခြေစိုက်သည့် အဖွဲ့အစည်းဖြစ်သည်။ ၎င်းအဖွဲ့ သည် မြန်မာနို်င်ငံ၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို မှတ်တမ်းတင် အစီရင်ခံခြင်း၊ စည်းရုံးလှုံ့‌ဆော်မှုများနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌ကြောင့် နစ်နာခဲ့သူများ တရားမျှတမှုရရှိရန်နှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု အချက်အလက်များကို မှတ်တမ်းတင် စု‌ဆောင်းခြင်းများ လုပ်‌ဆောင်လျက်ရှိသည်။