Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်းအတွက် ကျပ်သိန်း (၁၇,၀၀၀)‌ကျော် လျာထားဟု တာဝန်ရှိသူ‌ပြော

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်းအတွက် ကျပ်သိန်း (၁၇,၀၀၀)‌ကျော် လျာထားဟု တာဝန်ရှိသူ‌ပြော

2169
ဩဂုတ် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကမာ္ဘ့ဘဏ်‌ထောက်ပံ့‌ငွေဖြင့် ‌ကျေးလက်‌ဒေသ ဦးစီးဋ္ဌာနတို့ ပူး‌ပေါင်း‌ဆောင်ရွက်လျှက်ရှိသည့် လူထုဗဟိုပြု စီမံကိန်းကို ကြာ အင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ်အတွက် ကျပ်သိန်း‌ပေါင်း(၁၇၀၀၀)‌ကျော် သုံးစွဲရန် လျာထားသည်ဟု ၎င်းမြို့နယ်၏ လူထု ဗဟိုပြုစီမံကိန်း သတင်းပြန်ကြားဆက်သွယ်‌ရေးတာဝန်ခံ ‌ဒေါ်ဇင်မာထွန်းက ဩဂုတ်လ (၁၆)ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြော သည်။

“အခုကမာ္ဘ့ဘဏ်က‌နေ တစ်နှစ်အတွင်း ကျပ်သိန်း‌ပေါင်း(၁၇,၀၀၀)‌ကျော် ‌တောင်းထားတယ်‌ပေါ့‌နော်။ ကျန်‌နေ‌သေးတဲ့ ‌ကျေးရွာ အုပ်စုအချို့ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေနဲ့ ညှိနှိုင်းမှု‌တွေလုပ်‌နေတယ်။ အချို့‌ကျေးရွာ‌တော့ မိုးရာသီ ဖြစ်တဲ့အတွက် နိုဝင်ဘာလ‌လောက်မှ လုပ်ငန်းပြန်စတင်သွားမယ်”ဟု သူမက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ကျေးရွာအုပ်စု‌ပေါင်း (၅၁)စုရှိသည့်အနက် ဇန်နဝါရီလမှ ဩဂုတ်လထိ ‌ကျေးရွာအုပ်စု(၄၂)အုပ်စု၊ ‌ကျေးရွာ‌ပေါင်း(၁၂၄)ရွာကို ခွင့်ပြု‌ငွေ ကျပ်သိန်း‌ပေါင်း(၁၃,၀၀၀)‌ကျော်ဖြင့် ရာခိုင်နှုန်း ငါးဆယ်‌ကျော် လုပ်ငန်းပြီးစီးသွားပြီဖြစ် ‌ကြောင်းလည်း ‌ဒေါ်ဇင်မာထွန်းက ဆက်‌ပြောသည်။

‌တောင်ဒီး‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောလှမိုးက “အရင်က ရွာမှာ ‌ကျောင်းခြံစည်းရိုး၊ လမ်း၊ တံတား‌တွေ ပျက်ရင် ရွာက‌နေ ပိုက်ဆံ လိုက်‌ကောက်ရတယ်။ အများစုက လက်လုပ်လက်စား‌တွေပဲဆို‌တော့ ‌ငွေ‌ကြေး‌ကောက်တဲ့အခါ အခက်အခဲ အများကြီး‌တွေ့ရ တယ်။ ဒီလူထုဗဟိုပြုစီမံကိန်း‌ထောက်ပံ့‌ငွေက ပြန်‌ပေးဆပ်စရာလည်း မလိုဘူးဆို‌တော့ အများကြီး အဆင်‌ပြေသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌တောင်ဒီး‌ကျေးရွာအုပ်စုတွင် ထီးဖိုးနိုင်း(မွန်ရွာ) ‌တောင်ဒီးရွာ၊ လူဦး‌ရေ‌ပေါ်အ‌ခြေခံ၍ တနှစ်လျှင် ကျပ်သိန်း(၆၀၀) ‌ထောက်ပံ့‌ကြေးရရှိသည်ခဲ့‌သော်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဆိပ်က‌လေး‌ကျေးရွာအုပ်စုမှ (၁၈)ရွာ၊ ဝင်း‌ရော်ဆိပ်ကြီး ‌ကျေးရွာအုပ်စုမှ (၂)ရွာ၊ က‌မော့‌ကျေးရွာအုပ်စုမှ (၅)ရွာ အခြား‌ကျေးရွာများဖြစ်သည့် ဝဲဇလီ၊ ‌ဗေဒါရီ‌ကျေးရွာများက ၎င်းအကူအ ညီ ‌ထောက်ပံ့‌ငွေကို မရရှိ‌သေးဟု ‌ကျေးရွာတာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃-၂၀၁၄ခုနှစ်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် (၃)ခုတွင် စတင် ‌ဆောင်ရွက်ရာမှ ယခု ၂၀၁၆ခုနှစ်အတွင်း ၂၇မြို့နယ်ရှိပြီးဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးအ‌နေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး‌သော မြို့နယ်ကို ‌ရွေး ချယ်ခဲ့ရာ၌ ၂၀၁၆ခုနှစ်တွင်း ကြာအင်းဆိပ်ကြီးတစ်မြို့နယ်ကို ‌ရွေးချယ်ခြင်းဖြစ်ကာ ‌လေးနှစ်တာ ‌ငွေ‌ကြေး‌ထောက်ပံ့မှု ‌ပေးသွား မည်ဟု လူထုဗဟိုပြုစီမံကိန်းဘက်မှ တာဝန်ရှိသူများက ‌ပြောဆိုသည်။