Home သတင်း သဘာဝ‌ရေ‌ဘေးအန္တရာယ်‌ကြောင့် ပန်းတ‌နော် ကရင်ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနား ဖျက်သိမ်း

သဘာဝ‌ရေ‌ဘေးအန္တရာယ်‌ကြောင့် ပန်းတ‌နော် ကရင်ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနား ဖျက်သိမ်း

1665

ဩဂုတ် ၁ဝ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့၊ အ‌နောက်ပိုင်းရပ်ကွက် ယွန်းသီရိဓမ္မာရုံ၌ ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ကြီးမှူးကျင်းပမည့် ဩဂုတ် ၁၃ ရက်‌နေ့၊ ကရင်ချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနားကို သဘာဝ‌ရေ‌ဘေးအန္တရာယ်‌ကြောင့် ဖျက်သိမ်းလိုက်‌ကြောင်း ပန်းတ‌နော်လူငယ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဩဂုတ် ၇ ရက်‌နေ့က ‌ဖော်ပြထားသည်။

ယခုအခါ ပန်းတ‌နော်မြို့နယ်၏ ‌ကျေးလက်‌ဒေသဘက်ခြမ်းများတွင် လမ်းပန်းဆက်သွယ်‌ရေးများ အခက်အခဲ ရှိ‌နေ၍ ကယ်ဆယ်‌ရေးစခန်း ဖွင့်လှစ်နိုင်ခြင်းမရှိ‌သေးဘဲ ‌ကျေးရွာ(၅၆) အုပ်စုတွင် အုပ်စု(၃၀) နစ်မြှုပ်‌နေပြီး မြို့‌ပေါ်တွင်လည်း ရပ်ကွက်အားလုံးနီးပါး ‌ရေနစ်မြှုပ်‌နေသည့်အတွက် ချည်ဖြူဖွဲ့မဂင်္လာ ကျင်းပခြင်းအစီအစဉ်ကို ထိုသို့ ဖျက်သိမ်းခဲ့ရခြင်းဖြစ်‌ကြောင်း သိရသည်။

“ဒီပွဲလုပ်ဖို့ လွန်ခဲ့ နှစ်လ၊ သုံးလကတည်းက ကြိုလုပ်ထားရတာ။ လုပ်မယ့်‌နေရာ‌တွေ ပတ်ဝန်းကျင်‌တွေက အခု အကုန်လုံး ‌ရေလွှမ်း‌နေ‌တော့ မလုပ်ဖြစ်ဘူး။ လာတဲ့လူ‌ရော၊ လုပ်တဲ့သူ‌တွေ‌ရော ‌ခေါ်ပြီး‌တော့ ဒုက္ခ‌ပေးသလို ဖြစ်မှာစိုးလို့ ဖြစ်ပါတယ်”ဟု ပန်းတ‌နော်မြို့နယ် စာ/ယဉ် အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ချည်ဖြူဖွဲ့ပွဲကျင်းပ‌ရေးအတွက် ပါဝင်ဆင်နွှဲရန်ရှိ‌သော ပန်းတ‌နော်မြို့နယ်အတွင်း ‌ကျေးရွာအုပ်စုများ အနက် အုပ်စု(၃၀)တွင် ‌ရေနစ်မြှုပ်မှုများ ဖြစ်‌ပေါ်‌နေ‌သော်လည်း မြို့‌ပေါ်တွင် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း(၇) ခုသာ ဖွင့်လှစ်နိုင်‌သေး‌ကြောင်းလည်း သိရသည်။

‌ရေ‌ဘေးကယ်ဆယ်‌ရေး လုပ်ငန်းများကို ဝိုင်းဝန်းလုပ်‌ဆောင်‌နေ‌သော Karen Youth Emergency Network (Pantanaw) မှ လူငယ်‌ခေါင်း‌ဆောင် စရဲသူရိန်ဟန်က “ ၆၀၊ ၇ဝ ရာခိုင်နှုန်းနီးပါး အားလုံးပြင်ဆင်ပြီး‌တော့မှ ကျ‌နော်တို့ ဒီလက်ချည်ပွဲကို မလုပ်ဖြစ်‌တော့တာ စိတ်ထဲမှာ ခံစားရတာ‌တော့ မ‌ကောင်းဘူး။ မဖြစ်မ‌နေ‌တော့ လုပ်ချင်တယ်။ ဒါ‌ပေမယ့် သဘာဝ‌ဘေးအန္တရာယ် ကျ‌ရောက်‌နေတဲ့အချိန် အားလုံးက အခက်ခဲ‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌ရေး‌ပေါ်အ‌ခြေ‌နေ ကျ‌ရောက်‌နေ‌သော ‌ကျေးရွာများသို့ ထိ‌ရောက်‌သော ကူညီကယ်ဆယ်မှုများ ‌ရောက်ရှိရန် နှင့် မြစ်ရိုးတစ်‌လျှောက် ‌ရေကာတာများ လုံခြုံ‌စေရန်အတွက်လည်း ‌စောင့်ကြည့်‌လေ့လာ‌နေပြီး ‌ဒေသခံအာဏာ ပိုင်များ၊ တာဝန်ရှိအဖွဲ့အစည်းများပါ လူသားချင်းစာနာမှုအတွက် ချိတ်ဆက်လုပ်‌ဆောင်‌နေ‌ကြောင်း စရဲသူရိန်ဟန်က ဆက်‌ပြောသည်။

ယခု ပြုလုပ်ကျင်းပရန် ဖျက်သိမ်းလိုက်ရသည့် ရိုးရာချည်ဖြူဖွဲ့ အခမ်းအနားသည် ဒုတိယအကြိမ်‌မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ပန်းတ‌နော်မြို့၊ ယွန်းသီရိဓမ္မရုံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။