Home သတင်း မဲ‌ဆောက်‌ဒေသ ကရင်ရိုးရာလက်ချည်ပွဲ အလွှာစုံလူထု ၃၀၀၀‌ကျော် တက်‌ရောက်ဆင်နွှဲ

မဲ‌ဆောက်‌ဒေသ ကရင်ရိုးရာလက်ချည်ပွဲ အလွှာစုံလူထု ၃၀၀၀‌ကျော် တက်‌ရောက်ဆင်နွှဲ

2961
ဩဂုတ် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ ‌တောရဘုန်းကြီး‌ကျောင်း၌ ယ‌နေ့ဩဂုတ်လ ၁၈ရက်‌နေ့တွင် မဲ‌ဆောက်‌ဒေသရှိ ကရင်အမျိုးသား များက စု‌ပေါင်းကျင်းပသည့် ကရင်ရိုးရာလက်ချည်ပွဲကို ‌ဒေသထိုင်းအာဏာပိုင်များ အပါအဝင် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု အဖွဲ့အစည်းနှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၊ အလွှာ‌ပေါင်းစုံမှ ကရင်လူမျိုး အပါအဝင် လူထုပရိဿတ်‌ပေါင်း (၃၀၀၀)‌ကျော် တက်‌ရောက်ဆင်နွှဲခဲ့ကြသည်။

ဦး‌ဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ခွဲက‌ဘောင်ကရင်အမျိုးသား‌ကျောင်းအုပ် မန်းဗလစိန်က “ကရင်‌တွေ ‌ရောက်ရာအရပ်မှာ မျိုးချစ်စိတ်မ‌ပျောက်‌အောင်၊ သူများ‌ပြောတာကို မယုံမိ‌အောင်နဲ့ ‌ကောင်းတဲ့လိပ်ပြာကို ကရင်‌တွေရဲ့ဝမ်းတွင်းမှာ ထည့်ထားမိ ‌အောင် ဝါ‌ခေါင်လမှာ ချည်ဖြူဖွဲ့မဂင်္လာကို သတ်မှတ်ခြင်းဖြစ်တယ်။ ဒါက ရိုးရာဓ‌လေ့ပဲ ဘာသာ‌ရေးမဟုတ်ဘူး။ ဒီနှစ်မှာဆိုရင် အားလုံးစုစည်းပြီး ညီညွတ်‌ရေးကို တည်‌ဆောက်တာ‌ပေါ့ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ချည်ဖြူထုံးဖွဲ့ မဂင်္လာပွဲ အခမ်းအနားကို မဲ‌ဆောက်မြို့နယ်မှူး နိုင်အန်းဖဲမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး‌နောက် အဖွင့်မိန့်ခွန်း ‌ပြောကြားခြင်း၊ လက်ချည်ပွဲ ဖြစ်‌ပေါ်လာပုံကို ဖတ်ကြားခြင်း၊ ချည်ဖြူဖွဲ့ခြင်း၊ ကရင်‌ရွှေ့‌ပြောင်း ‌ကျောင်းသား ‌ကျောင်းသူများမှ ယဉ်‌ကျေးမှုအကများဖြင့် တင်ဆက်ကပြခြင်းအပြင် ‌တေးသံရှင်အချို့မှ ရိုးရာ၊ ‌ခေတ်‌ပေါ်‌တေးသီချင်းများဖြင့် ‌ဖျော်‌ဖြေခဲ့ကြသည်။

လက်ချည်ပွဲတွင် တက်‌ရောက်ပါဝင်ဆင်နွှဲခဲ့သူ ထိုင်းကရင်အဆို‌တော် ‌စောစီက “အဖိုးအဖွား‌တွေ ဖန်တီးခဲ့တဲ့ ဒီလို‌နေ့ရက် မျိုးကို တို့တ‌တွေ တန်ဖိုးထားရမယ်။ ဒီလို‌နေ့ရက်မျိုးသာမရှိခဲ့ရင် ကျ‌နော်တို့မှာ လုပ်ကိုင်စား‌သောက်သွားလာရတာနဲ့ အချိန် ‌တွေကုန်ပြီး ဒီလိုစုစည်း‌တွေ့ဖို့ဆိုတာ မလွယ်ဘူး။ ဒီမဲ‌ဆောက်မှာဆို ကျ‌နော်တို့ကရင်‌တွေ ပုံစံအမျိုးမျိုးနဲ့‌ရောက်လာကြတယ်။ ဒီလို‌နေ့ထူး‌နေ့မြတ်‌လေးသာမရှိရင် ဒီလိုလူ‌တွေနဲ့ စုစည်းနိုင်ဖို့မလွယ်ဘူး။ ဒီလို‌နေ့ရက်က ကျ‌နော်တို့ ကရင်လူမျိုး‌တွေအတွက် အရမ်းကိုအ‌ရေးကြီးတယ်”ဟု ကရင်ဘာသာဖြင့် ‌ပြောသည်။

‌ရှေးကရင်ဘိုးဘွားများက ၎င်းတို့သားသမီးများ သဘာဝ‌ဘေးဒဏ်မှကင်း‌ဝေးရန်နှင့် တစ်ဦးနှင့်တစ်ဦးလွယ်ကူစွာ မှတ်မိ‌စေနိုင် ရန် လက်‌ကောက်ဝတ်တွင် ချည်ဖြူဖြင့် ဖွဲ့ထုံးခြင်းကို ဝါ‌ခေါင်လတွင် အစပြုလုပ်‌ဆောင်ခဲ့ရာမှ ကရင်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာပွဲ ‌တော် ‌ပေါ်‌ပေါက်လာခဲ့သည်။ ထိုသို့ ချည်ဖြူဖွဲ့ရာတွင် ကရင်လူမျိုး‌နေထိုင်ရာ‌ဒေသများအလိုက် ပွဲ‌တော်များအဖြစ် ကျင်းပခဲ့ကြသ ကဲ့သို့ ‌နေအိမ်အတွင်း မိသားစုအလိုက် ကျင်းပခြင်းများလည်း ပြုလုပ်‌လေ့ရှိကြသည်။

၎င်းအပြင် ကရင်ရိုးရာချည်ဖြူထုံးဖွဲ့ခြင်းကို မဂင်္လာ‌ဆောင် လက်ချည်ခြင်း၊ နတ်စား၍ လက်ချည်ခြင်းနှင့် ဝါ‌ခေါင်လ လိပ်ပြာ‌ခေါ် ချည်ဖြူထုံးဖွဲ့ခြင်းဟူ၍ သုံးမျိုးရှိသည်။ ယင်းသုံးမျိုးအနက် ဝါ‌ခေါင်လ လက်ချည်ပွဲတွင် ချည်ဖြူ၊ ‌ရေ၊ ထမင်းဆုပ်၊ ကြံ၊ ငှက်‌ပျော သီး၊ နတ်ပန်းညိုနှင့် ‌ကောက်ညှင်းထုပ် စသည့်ပစ္စည်းအမယ် ၇မျိုးနှင့်အတူ ‌မောင်နှံစုံဘိုးဘွားများက ဆု‌တောင်းဂါထာရွတ်ဖတ် ကာ လက်‌ကောက်ဝတ်၌ လက်တစ်ဖက်ချင်းစီ ရစ်ပတ်‌ပေးရသည့် ကိုးကွယ်ရာ ဘာသာနှင့်သက်ဆိုင်ခြင်းမရှိ‌သော ဓ‌လေ့ထုံး တမ်းပွဲ‌တော်တစ်ခုဖြစ်သည်။

မဲ‌ဆောက်မြို့တွင် ၁၉၉၁ခုနှစ်မှစတင်ကာ ဝါ‌ခေါင်လ လက်ချည်ပွဲကို နှစ်စဉ် စု‌ပေါင်းကျင်းပလာခဲ့ရာ ယခုအကြိမ် အပါအဝင် ၂၅ ကြိမ်‌မြောက်ဖြစ်ပြီး ယခုနှစ်တွင် မဲ‌ဆောက်‌ဒေသ အာဏာပိုင်းများက ပထမဦးဆုံးအကြိမ် တက်‌ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။