Home သတင်း ရိုးရာလက်ချည်ပွဲတွင် တက္ကသိုလ်ဝင်တန်း‌အောင် ‌ကျောင်းသူ‌ကျောင်းသား ၃၀‌ကျော်အား ဂုဏ်ပြုဆုချီးမြှင့်

ရိုးရာလက်ချည်ပွဲတွင် တက္ကသိုလ်ဝင်တန်း‌အောင် ‌ကျောင်းသူ‌ကျောင်းသား ၃၀‌ကျော်အား ဂုဏ်ပြုဆုချီးမြှင့်

1793
ဩဂုတ် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ ခလယ်‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းရှိ ယ‌နေ့ (ဩဂုတ်လ ၁၈ရက်‌နေ့)တွင် ကျင်းပ သည့် ဝါ‌ခေါင်လ ကရင့်ရိုးရာလက်ချည်ပွဲ‌တော်အခမ်းအနားတွင် တက္ကသိုလ်ဝင်တန်း ‌အောင်မြင်ခဲ့ကြသည့် ထူးချွန်‌ကျောင်းသူ ‌ကျောင်းသား ၃၅ဦးအား ဂုဏ်ပြုဆု‌ပေးပွဲများ ပြုလုပ်ခဲ့သည်။

ခလယ်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စောဆန်းညွန့်‌မောင်က “အဓိက မျိုးဆက်သစ်လူငယ်‌တွေ ကိုယ့်ရဲ့ ရိုးရာယဉ်‌ကျေးမှု အ‌မွေအနှစ်‌တွေကို ထိန်းသိမ်းတတ်လာ‌အောင်‌ပေါ့‌နော်။ ပြီး‌တော့ ပညာ‌ရေးအခန်းကဏ္ဍမှာလည်း တိုးတက်မြင့်မားလာဖို့ပါ။ ထူး ချွန်‌ကျောင်းသား‌လေး‌တွေကိုလည်း ဒီအခမ်းအနားမှာ နှစ်တိုင်း ဂုဏ်ပြုဆုပါ‌ပေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ခလယ်‌ကျေးရွာအ‌နေဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ‌အောင်မြင်ခဲ့ကြသည့် ထူးချွန်‌ကျောင်းသူ ‌ကျောင်းသား (၃၅)ဦးအနက် သုံးဘာသာဂုဏ်ထူး (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူး (၂)ဦး၊ တစ်ဘာသာဂုဏ်ထူး (၈)ဦးတို့အား အထိမ်းအမှတ် ဒိုင်းဆုတစ်ခုနှင့် ‌ငွေသား ကျပ်သုံး‌သောင်းစီဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ခလယ်ရွာမှ နှစ်ဘာသာဂုဏ်ထူး ‌အောင်မြင်ခဲ့သူ နန်းစူရှုး‌ဖေါင်က “သမီးတို့ကို အခုလို ‌ကျေးရွာလက်ချည်ပွဲ အခမ်းအနားမှာ ဂုဏ်ပြုဆု‌ပေးတာ အရမ်းပီတိဖြစ်ပါတယ်။ တစ်ရွာလုံးကလည်း ပညာ‌ရေးကို အား‌ပေး‌နေ‌တော့ သမီးတို့‌ရှေ့သွားမယ့် ပညာ‌ရေး ခရီးမှာလည်း ခွန်အား‌တွေ အများကြီး ဖြစ်‌စေတယ်”ဟု ‌ပြောသည်။
14031055_1568709696770556_1008319764_n
ခလယ်‌ကျေးရွာအ‌နေဖြင့် ရိုးရာလက်ချည်ဖြုဖွဲ့မဂင်္လာ အခမ်းအနားအတွင်း ထူးချွန်‌ကျောင်းသားများအား ဂုဏ်ပြုဆု ချီးမြှင့်လာခဲ့ မှုကို (၁၉၉၆-၉၇) ပညာသင်နှစ်မှစတင်ကာ နှစ်စဉ် ကျင်းပလာခဲ့ရာ (၂၀၁၅-၂၀၁၆) ပညာသင်နှစ်အထိ တက္ကသိုလ်ဝင်တန်း ထူးချွန်ဆုရ ‌ကျောင်းသူ‌ကျောင်းသား (၂၀၀)ဦးခန့်အား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီးဟု ဆု‌ပေး‌ရေးအဖွဲ့ထံမှ သိရသည်။

ကရင်ရိုးရာလက်ချည်ပွဲကို ဝင်း‌ရော်‌ဒေသတွင် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလျှက်ရှိပြီး ယခု ကျင်းပသည့် လက်ချည်ပွဲ အခမ်းအနားတွင် သံဃာ‌တော်များထံမှ တရားနာ‌ရေစက်ချခြင်း၊ အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်း၊ လက်ချည်ပွဲကျင်းပရ ခြင်း၏ ရည်ရွယ်ချက်ကို ဖတ်ကြားခြင်း၊ စု‌ပေါင်း ချည်ဖြူဖွဲ့ထုံးခြင်း၊ ရိုးရာ‌တေးသီချင်းများဖြင့် သီဆို‌ဖျော်‌ဖြေခဲ့ကြသည်။

‌ရှေးကရင်လူကြီးများ၏ အဆိုအရ ဝါ‌ခေါင်လတွင် ‌ရောဂါဘယ အန္တရာယ်များပြားသည့်အတွက် မိသားစုအ‌နေဖြင့်‌သော်လည်း ‌ကောင်း၊ ‌ကျေးရွာအ‌နေဖြင့်‌သော်လည်း‌ကောင်း လက်ချည်ပွဲကို ကျင်းပလာခဲ့ခြင်းသလို ကွဲပြား‌နေသည့် ကရင်လူမျိုးများအား ပြန်လည် စုရုံး‌စေသည့် ရိုးရာပွဲ‌တော်တစ်ခုလည်း ဖြစ်သည်။