Home သတင်း နှစ်နိုင်ငံ နယ်နိမိတ်ကိစ္စ ‌ဖြေရှင်းပြီးပါက ဘုရားသုံးဆူ ကုန်သွယ်‌ရေးစခန်း ဖွင့်လှစ်မည်

နှစ်နိုင်ငံ နယ်နိမိတ်ကိစ္စ ‌ဖြေရှင်းပြီးပါက ဘုရားသုံးဆူ ကုန်သွယ်‌ရေးစခန်း ဖွင့်လှစ်မည်

2946
ဇွန် ၁ဝရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ နယ်စပ်ဂိတ်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို နှစ် ဖက် ‌ပြေလည်‌အောင် ‌ဖြေရှင်းပြီးပါက ဖွင့်လှစ်သွားမည်ဟု ဇွန်လ ၉ရက်‌နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်‌တော် ပထမပုံမှန် အစည်းအ‌ဝေး၌ စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာသန်းမြင့်က ‌ပြောဆိုလိုက်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ‌စောတင်ဝင်းက ဘုရားသုံးဆူမြို့ရှိ နယ် ခြားဂိတ်ပိတ်ထားခြင်းကို ဖွင့်လှစ်‌ပေးရန် အစီအစဉ်ရှိမရှိ အဆိုပါပြည်သူ့လွှတ်‌တော် အစည်းအ‌ဝေးတွင် ‌မေးမြန်းခဲ့မှုအ‌ပေါ် ပြည် ‌ထောင်စုဝန်ကြီးက ထိုသို့ ပြန်လည်‌ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကုန်သွယ်‌ရေး ကဏ္ဍရှု‌ထောင့် တစ်ခုတည်းသာမက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့် ကိုက်ညီ မှသာ ‌ဆောင်ရွက်နိုင်မည့် အ‌နေအထားဖြစ်ပါတယ်။ ဘုရားသုံးဆူ‌ဒေသတွင် ကုန်သွယ်‌ရေးစခန်း ဖွင့်လှစ်ရန်ကိစ္စမှာ လက်ရှိ တစ်ဖက်နိုင်ငံနဲ့ နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းသတ်မှတ် ‌ဆောင်ရွက်‌ဖြေရှင်းပြီးမှသာ စခန်းဖွင့်လှစ်နိုင်‌ရေး ဆက်လက် စီစဉ်‌ဆောင်ရွက်နိုင်မည် ဖြစ်တယ်”ဟု ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာသန်းမြင့်က ‌ပြောသည်။

လက်ရှိအချိန်တွင် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ပိတ်ထား‌သော်လည်း နှစ်နိုင်ငံ ‌မှောင်ခိုကုန်သွယ်မှုများ အနည်းအများဆိုသလို ရှိ‌နေပြီး စာ‌သောက်ကုန်များကို ကုန်သွယ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူ ‌ဒေသခံများထံမှ သိရသည်။

“‌နွေတုန်းက က‌လောပီနံဥ၊ နှမ်း‌လောက်ပဲ ထိုင်းဘက်က စီးပွား‌ရေးသမား‌တွေ ဆင်းဝယ်တယ်။ ‌နောက်ကား‌တွေ ‌မှောင်ခိုနည်းနဲ့ ဝင်လာတယ်။ စားသုံးဆီ၊ ဘီယာ၊ ခြုံ‌စောင်နဲ့ တာလပတ်မိုး‌တွေ ဝင်လာတယ်။ ငရုတ်သီး၊ ကြက် သွန်၊ ဆန်၊ ဆား က‌တော့ သံဖြူဇရပ်ဘက်က ဝင်တယ်။ နယ်စပ်ဂိတ် ပိတ်ထား‌တော့ ‌မောင်ခိုပစ္စည်း‌တွေက တရားဝင် ဂိတ်‌ပေါက်က‌နေ လာတာ‌တော့ မဟုတ်ဘူး‌ပေါ့။ အခြား တရားမဝင်ဂိတ်က‌နေ ဝင်လာတာ”ဟု ဘုရားသုံးဆူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

အဆိုပါ ဘုရားသုံးဆူ နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်‌ရေးအတွက် ၁၉၉၉ခုနှစ်နှင့် ၂၀၀၂ခုနှစ်တွင် ပြုလုပ်သည့် နှစ်နိုင်ငံ ပူးတွဲ‌ကော်မတီ အစည်းအ‌ဝေးတွင် ထိုင်းနိုင်ငံဘက်မှ တင်ပြခဲ့‌သော်လည်း မြန်မာဘက်က လက်မခံခဲ့သလို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်တွင် နယ်စပ် ဂိတ် ဖွင့်လှစ်နိုင်‌ရေးအတွက် နိုင်ငံခြား‌ရေးဝန်ကြီးဌာနမှ ကွင်းဆင်း စစ်‌ဆေးခဲ့သည့်အခါ၌လည်း နယ်နိမိတ်ပိုင်းဆိုင်ရာ အဆင်မ ‌ပြေမူများ ရှိ‌နေ‌ကြောင်း သိရသည်။