Home သတင်း စာသင်‌ကျောင်းများတွင် ‌ငွေ‌ကြေး ‌ကောက်ခံ‌နေမှုများ မပြုလုပ်ကြရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် ‌ပြောကြား

စာသင်‌ကျောင်းများတွင် ‌ငွေ‌ကြေး ‌ကောက်ခံ‌နေမှုများ မပြုလုပ်ကြရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် ‌ပြောကြား

1870
ဇွန် ၁ဝ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်ရှိ စာသင်‌ကျောင်းများတွင် တစ်နှစ်ပတ်လုံး ‌ကျောင်းသူ‌ကျောင်းသားများထံ ‌ငွေ‌ကြေး ‌ကောက်ခံမှုများ လုံးဝ မပြုလုပ်ကြရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ဇွန်လ ၆ ရက်‌နေ့တွင် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ပြုလုပ်‌သော အစိုးရ၏ တစ်လ တစ်ကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် အစိုးရအဖွဲ့ ‌တွေ့ဆုံပွဲတွင် ‌ပြောကြားခဲ့သည်။

“ဒီက‌နေ့ ကျမ‌ပြောချင်တာက‌တော့ ‌ကျောင်း‌တွေမှာ ပိုက်ဆံ‌ကောက်တဲ့ ကိစ္စက‌တော့ ‌ကျောင်းဖွင့်ချိန်မှ မ‌ကောက်ရတာ မဟုတ်ပါဘူး။ ‌ကျောင်းဖွင့်ပြီး‌နောက်ပိုင်းလည်း ‌ကောက်လို့ မရပါဘူး။ တစ်နှစ်ပတ်လုံးကို ‌ပြောတာပါ။ ဒါကို အုပ်ချုပ်‌ရေးမှူး‌တွေအ‌နေနဲ့ မိမိ‌ကျေးရွာက လူ‌တွေကို သိ‌အောင်‌ပြောပြ‌ပေးထားပါ”ဟု ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောကြားခဲ့သည်။

ထို့အပြင် အစည်းအ‌ဝေး၌ ကရင်ပြည်နယ်ရှိ ‌ကျေးနယ်များတွင် ရပ်ကွက်ဖွံ့ဖြိုး‌ရေးနှင့် အ‌ထောက်အကူပြု‌ကော်မတီနှင့် ‌ကျေးရွာ ဖွံ့ဖြိုး‌ရေးနှင့် အ‌ထောက်အကူပြု‌ကော်မတီ အဖွဲ့များကို ‌ရွေးချယ်သည့်အခါ လက်သိပ်ထိုး ‌ရွေးချယ်ခြင်း မပြုလုပ်ကြရန်လည်း ဝန်ကြီးချုပ်က ဆက်‌ပြောသည်။

နံနက် ၁ဝ နာရီမှ ‌နေ့လည် ၁၂နာရီခွဲအထိ ပြုလုပ်သည့် အဆိုပါ အစည်းအ‌ဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ဖားအံမြို့နယ်အတွင်းရှိ ရပ်‌ကျေးနယ်အုပ်စု ၁၀ဝ မှ ရပ်‌ကျေး အုပ်ချုပ်‌ရေးမှူးများနှင့် ရပ်‌ကျေးဝန်ထမ်းစာ‌ရေးများ စုစု‌ပေါင်း ၂၅ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

အစိုးရသစ် တက်လာပြီး‌နောက် ကရင်ပြည်နယ်တွင် ယခုကဲ့သို့ လစဉ် အစည်းအ‌ဝေးကို ကျင်းပလာခဲ့သည်မှာ သုံးကြိမ်ရှိဖြစ်ပြီး လာမည့် လစဉ် အစည်းအ‌ဝေးကို ဇူလိုင် ပထမအပတ်တွင် ကျင်းပသွားရန် ရှိသည်ဟု သိရသည်။