Home သတင်း မသန်စွမ်း အားကစားပြိုင်ပွဲ ဖားအံမြို့တွင် ပထမဆုံးအကြိမ် ကျင်းပ

မသန်စွမ်း အားကစားပြိုင်ပွဲ ဖားအံမြို့တွင် ပထမဆုံးအကြိမ် ကျင်းပ

2944

‌မေလ ၁၈ ရက်၊၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

မသန်စွမ်းသူများ လူမှုအသိုင်းအဝိုင်းအတွင်း ပိုမိုဝင်ဆံ့လာ‌စေရန်နှင့် ယင်းတို့၏ အခန်းကဏ္ဍတို့ကို အများ ပြည်သူ သတိပြုမိရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကြက်‌ခြေနီအသင်း၊ ဩစ‌တျေးလျ ကြက်‌ခြေနီအသင်းနှင့် ကရင် ပြည်နယ် မသန်စွမ်းအားကစား‌ကော်မတီတို့ပူး‌ပေါင်းကာ ဖားအံမြို့၊ အမှတ် ၁ရက်ကွက်၊ ပုဒုမ္မာလမ်းရှိ ပြည်နယ် အားကစားရုံ၌ ပထမဆုံးအကြိမ် မသန်စွမ်းအားကစားပြိုင်ပွဲကို ‌မေလ ၁၇ရက်‌နေ့တွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲ ဦး‌ဆောင်ပြုလုပ်သူ တဦးဖြစ်သည့် ဖားအံမြို့အ‌ခြေစိုက် မြန်မာနိုင်ငံ ‌ခြေတုလက်တုဆိုင်ရာ ရုံးခွဲမန်‌နေဂျာ နန်း‌ကျော့‌ကေသီ‌အောင်က “ကျမတို့ မြန်မာနိုင်ငံမှာ မသန်စွမ်း ဘီးတပ်ဘက်စကက်‌ဘော အမျိုးသား လက်‌ရွေး စင်တစ်သင်းပဲ ရှိပါ‌သေးတယ်။ ကရင်ပြည်နယ်အသင်းက မြန်မာပြည်မှာ ဆိုရင်‌တော့ ဒုတိယ‌မြောက်အသင်းပါ။ ဒါ‌ကြောင့် ကရင်ပြည်နယ်မှာ မသန်စွမ်း‌တွေရဲ့ အားကစားဖွံ့ဖြိုး‌အောင် မသန်‌ပေမယ့် စွမ်းနိုင်တာကို ပူး‌ပေါင်း ‌ဆောင်ရွက်ပြီး အားကစားနဲ့ သူ့တို့စိတ်ဓာတ်‌တွေကို မြှင့်တင်‌ပေးတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်ရက်တာ ကျင်းပခဲ့သည့် ယင်းပြိုင်ပွဲသို့ မသန်စွမ်း အားကစားသမား ၅ဝ ဦး‌ကျော်တို့က မသန်စွမ်းဘီးတပ် ကုလားထိုင် ဘတ်စကက်‌ဘောပြိုင်ပွဲ ၊စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်‌တောင် ရိုက်ပြိုင်ပွဲနှင့် ခြင်လုံးအလှခတ် သရုပ်ပြခြင်း၊ မသန်စွမ်းက‌လေးငယ်များ အားကစားပြိုင်ပွဲ စသည်တို့ကို ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် ကစားသမားများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြိုင်ပွဲတာဝန်ခံများက ဆုများ အသီးသီး ချီးမြှင့်‌ပေးခဲ့သည်။

ယင်းပြိုင်ပွဲသို့ ရန်ကုန်မြို့မှ လာ‌ရောက်ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံမသန်စွမ်း လက်‌ရွေးစင် ဘီးတပ်ကုလားထိုင် ဘတ်စကက်‌ဘောအသင်းမှ လက်‌ရွေးစင်ကစားသမား ‌အောင်ကိုကိုက “ပြည်နယ်အသင်းက ‌တော်‌တော် ‌ကောင်းပြီး ကြိုးစားကစားတယ်။ အစက ဒီ‌လောက်အထိ ‌တော်မယ်လို့ ‌မျှော်လည်း မ‌မျှော်လင့်ထားပါဘူး။ ကျ‌နော်တို့‌လောက် ကစားနိုင်တယ်။ ဒီအဆင့်ထိ ကစားဖို့ဆိုတာ ကျ‌နော်တို့တုန်းက ‌တော်‌တော်အချိန်ယူရ တယ်။ ကရင်ပြည်နယ်မှာ ဒီဘက်စကက်‌ဘောအသင်း‌လေးကို မ‌ပျောက်ပျက်သွား‌စေချင်ဘူး။ နိုင်ငံ လက်‌ရွေးစင် အဆင့်ကို ကူး‌ပြောင်း‌စေချင်တယ်”ဟု ‌ကေအိုင်စီ်သို့ ‌ပြောသည်။

ထို့အပြင် မသန်စွမ်း လူငယ်‌မောင်မယ်များအ‌နေဖြင့် စိတ်အားငယ်‌နေမည့်အစား အ‌ထွေ‌ထွေပြင်ပ အ‌ခြေအ‌နေ များကို ‌လေ့လာခြင်း၊ အခြားမသန်စွမ်းများ လုပ်ကိုင်သည့် အရာများကို ဂရုစိုက်ကြည့်ကာ အားကစားလုပ်လိုသူ မသန်စွမ်းများအတွက် ရန်ကုန်မြို့၊ ‌မြောက်ဒဂုံမြို့နယ်ရှိ မသန်စွမ်းအားကစား စခန်းတွင် လာ‌ရောက်‌လေ့လာ ကစားရန် ‌ခေါ်ယူခြင်း စသည်တို့အတွက် လာ‌ရောက်လက်တွဲနိုင်‌ကြောင်း ‌အောင်ကိုကိုက ဆက်‌ပြောသည်။

ပြည်နယ်အတွင်းရှိ မသန်စွမ်းက‌လေးငယ်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာမြှင့်တင်‌ပေးရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုး လာ‌စေရန်ရည်ရွယ်၍ ကရင်ပြည်နယ် မသန်စွမ်းအားကစား ‌ကော်မတီကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်း ပြီး‌နောက် ဖားအံမြို့၌ ပထမဆုံးအကြိမ် မသန်စွမ်းအားကစားပြိုင်ပွဲကို ‌ကော်မတီက ယခုလို စီစဉ်ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။