Home သတင်း ‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်း အ‌ခြေအ‌နေ ‌ဒေသခံများ ဂဃနဏ မသိ၍ ဆန့်ကျင်ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ စီးပွား‌ရေး‌ကော်မတီ ဥက္ကဌ ‌ပြောဆို

‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်း အ‌ခြေအ‌နေ ‌ဒေသခံများ ဂဃနဏ မသိ၍ ဆန့်ကျင်ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ စီးပွား‌ရေး‌ကော်မတီ ဥက္ကဌ ‌ပြောဆို

1862

‌မေ ၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီး‌ဒေသရှိ ‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ‌ဒေသခံများအ‌နေဖြင့် ဂဃနဏ မသိ‌သေးသည့်အတွက် ယင်းစီမံကိန်း ပြုလုပ်သွားမည့်အ‌ပေါ် ဆန့်ကျင်ခြင်းဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေ အဲန်ယူ) စီးပွား‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စောတာဒိုမူးက ‌မေလ ၅ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“‌ဒေသခံ‌တွေ ကျ‌နော်ကြားသ‌လောက်‌တော့ ဆန့်ကျင်တယ်‌ပေါ့။ သူတို့ အမှန်တကယ် ဂဃနဏ မသိတဲ့အခါကျ‌တော့လည်း သူတို့ စိုးရိမ်တာ‌ပေါ့‌လေ။ သူတို့ စိုးရိမ်ပိုင်ခွင့် ရှိပါတယ်။ ကျ‌နော်တို့ကလည်း သူတို့နားလည်‌အောင် ရှင်းပြရမှာ‌ပေါ့။ ဆို‌တော့ အဲ့ဒီနှစ်ခုကြား မဆုံနိုင်တဲ့ကာလမှာ‌တော့ ဒီလိုပဲ ဖြစ်‌နေမှာ‌ပေါ့‌လေ။ အဲ‌တော့ ဆုံနိုင်‌အောင်လည်း အစီအစဉ်‌တွေ ကျ‌နော်တို့ ဆွဲထားပါတယ်”ဟု ပဒို‌စောတာဒိုမူးက ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ (Queen Palace) ဟိုတယ်၌ ‌မေလ ၅ရက်‌နေ့က ပြုလုပ်သည့် ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်းများ နှင့် ‌ကေအဲန်ယူ စီပွား‌ရေး‌ကော်မတီတာဝန်ရှိသူများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအပြီး ‌ကေအိုင်စီနှင့် သီးသန့်‌မေးမြန်းခန်းတွင် ပဒို‌စောတာ ဒိုမူးက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

‌ဒေသခံလူထုများ၏ ဆန့်ကျင်ခြင်းအ‌ပေါ် ‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်း၌ ကူညီ‌ပေး‌နေသည့် ‌နော်‌ဝေးနိုင်ငံ(NVE,NC)မှ ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ‌ကျောက်ကြီး‌ဒေသဖွံ့ဖြိုး‌ရေး ‌စောင့်ကြည့်‌လေ့လာ‌ရေးအဖွဲ့(KDW)နှင့် ‌ဒေသခံလူထုကို ‌မေလ ၉ရက်‌နေ့တွင် ‌တွေ့ဆုံပြီး သ‌ဘောထားရယူသွားရန်ရှိသည်ဟုလည်း ယင်း‌တွေ့ဆုံပွဲရလဒ်အရ သိရသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် KDW ၏ တာဝန်ခံ ‌နော်တဘီးသာက “ဒီ‌နေ့က ကျမက ‌ဒေသခံလူထုရဲ့ကိုယ်စားလှယ်တစ်ဦးအ ‌နေနဲ့ လာတဲ့အတွက် ဆုံးဖြတ်ချက်‌ပေးလို့ မရဘူး။ ကျမ‌ပြောတယ်။ စီမံကိန်း‌နေရာကို ‌ဒေသခံဆုံးဖြတ်ချက်ရမှ သွားလို့ရမယ်။ ဒါ ‌ကြောင့် ပညာရှင်အဖွဲ့နဲ့‌တွေ့မယ်။ အဲဒီက‌နေ လူထုက သ‌ဘောတူမှ စီမံကိန်း‌ဒေသ‌နေရာကိုသွားပြီး လူထုအ‌ခြေအ‌နေနဲ့ ဘူမိ ‌ဗေဒကွင်းဆင်း‌လေ့လာမှု‌တွေကို သွားစမ်းသပ်လို့ရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ဆွေး‌နွေးပွဲသို့ ပြည်တွင်းနှင့် နယ်စပ်အ‌ခြေစိုက် ကရင်လူထုအ‌ခြေပြု အဖွဲ့ ၁၄ဖွဲ့မှ ကိုယ်စားလှယ်များ၊ ‌နော်‌ဝေနိုင်ငံမှ Norwegian Water Resource and Energy Directorate (NVE) နှင့် Norwegian consultancy company – Norconsult) ပညာရှင်များ၊ ‌ကေအဲန်ယူစီးပွား‌ရေး‌ကော်မတီမှ ဥက္ကဌ ပဒို‌စောတာဒိုမူးနှင့် တာဝန်ခံများ၊ ‌လေ့လာသူအချို့ စုစု‌ပေါင်း ၃၇ဦး တက် ‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ထို့‌နောက် ‌ကေအဲန်ယူက ‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်း၏ ရည်ရွယ်ချက်များ၊ ပါဝင်မည့်သူများနှင့် စီမံကိန်း၏ ဖြစ်စဉ်များ ကို ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းများထံသို့ မိတ်ဆက်ရှင်းလင်းခြင်းနှင့်အတူ ‌နော်‌ဝေပညာရှင်များကလည်း ‌ရေအားလျှပ်စစ်အ စီအစဉ်များ၏ ဖြစ်စဉ်များကို ချပြရှင်းလင်းပြီး ကရင်လူထု အ‌ခြေပြုအဖွဲ့အစည်းများမှ တင်ပြ‌ဆွေး‌နွေး‌မေးမြန်းမှုများနှင့် အပြန်အ လှန် ‌ဆွေး‌နွေးတင်ပြခဲ့ကြသည်။

ဤ‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်းသည် ဖြစ်နိုင်စွမ်း ကြိုတင်‌လေ့လာမှုအဆင့်၌သာရှိ‌နေပြီး ဖြစ်နိုင်စွမ်း‌လေ့လာမှုတခုလုံး ၂၄လ ကြာမြင့်မည့်အနက် ‌လေ့လာမှုအဆင့်မှာ ၈လဖြစ်‌ကြောင်း၊ ၎င်းအပြင် ‌ရေကာတာတည်‌ဆောက်မည့် ဆုံးဖြတ်ချက်များ တစုံတရာ ချထားခြင်း လုံးဝ မရှိ‌သေး‌ကြောင်းလည်း ယ‌နေ့ ထုတ်ပြန်သည့် ‌ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြ ထားသည်။

‌ကေအဲန်ယူအ‌နေဖြင့် ဌာ‌နေလူထုအပြင် စိတ်ပါဝင်စားလျက်ရှိ‌သော အဖွဲ့အစည်းများနှင့် လုံ‌လောက်‌သော အမြင်ဖလှယ်မှုများ ပြုလုပ်ကာ လူမှု‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုများကို ‌နော်‌ဝေနိုင်ငံအစိုးရ၏ ‌ထောက်ပံ့မှုဖြင့် နိုင်ငံတကာမှ ပညာရှင်များနှင့် လုပ်‌ဆောင်ရန်ရှိ‌ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်းကို အကြိုစမ်းသပ်လုပ်‌ဆောင်ရန် သူး‌လေကုမ္ပဏီလီမီတက် ဥက္ကဌလည်းဖြစ်၊ ‌ကေအဲန်ယူ၏ ဗဟို စီးပွား‌ရေး‌ကော်မတီ ဥက္ကဌလည်းဖြစ်သူ ပဒို‌စောတာဒိုမူးနှင့် လျှပ်စစ်စွမ်းအားစီမံကိန်းဦးစီးဌာန ညွန်ကြား‌ရေးမှူးချုပ် ဦး‌အေး ဆန်းတို့က ယခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်‌နေ့၌ ‌နေပြည်‌တော်တွင် စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်‌ရေး ထိုးခဲ့သည်။

နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်‌ရေးထိုးမှုအပြီး အကြိုစမ်းသပ်ကာလအတွင်း၌ ‌ဒေသခံလူမှုအဖွဲ့အစည်းများနှင့် သူး‌လေ ကုမ္ပဏီတာဝန်ရှိသူတို့ ပဲခူးတိုင်း၊ ‌ကျောက်ကြီး‌ဒေသဘက်၌ သုံးကြိမ်မျှ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး ‌ဒေသခံများက ‌ဘောကထာ့‌ရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ လူထုကိုယ်စားညှိနှိုင်း‌ရေး‌ကော်မတီကိုလည်း ဖွဲ့စည်းထားခဲ့သည်။