Home သတင်း အိုးအိမ်စွန့်ဒုက္ခသည်များနှင့် ‌ရွှေ့‌ပြောင်းမြန်မာများအား မယ်‌တော်‌ဆေးခန်းမှ ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ပေး သွားမည်ဟု ‌ဒေါက်တာစင်သီယာ‌မောင် ‌ပြောဆို

အိုးအိမ်စွန့်ဒုက္ခသည်များနှင့် ‌ရွှေ့‌ပြောင်းမြန်မာများအား မယ်‌တော်‌ဆေးခန်းမှ ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ပေး သွားမည်ဟု ‌ဒေါက်တာစင်သီယာ‌မောင် ‌ပြောဆို

1905

‌မေ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေး၊ ကျန်းမာ‌ရေး ပြုပြင်‌ပြောင်းလဲမှုများ ပီပြင်စွာ မဖြစ်ထွန်းချိန်အထိ နယ်စပ်‌ဒေသတစ်‌လျှောက် အိုးအိမ်စွန့် ဒုက္ခသည်များနှင့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများအား ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ပေးသွားမည်ဟု ‌မေလ ၂၈ရက်‌နေ့၌ ပြုလုပ် သည့် မယ်‌တော်‌ဆေးခန်း‌ဆောင်သစ်ဖွင့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်အ‌ခြေစိုက် မယ်‌တော်‌ဆေး ခန်းတာဝန်ခံ ‌ဒေါက်တာ စင်သီယာ‌မောင်က ‌ပြောဆိုလိုက်သည်။

‌ဒေါက်တာစင်သီယာ‌မောင်က “ဒီလူထု‌တွေဟာ ဒီနယ်စပ်မှာပဲ ဆက်ရှိ‌နေအုံးမှာဖြစ်လို့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌တွေကို ဆက် လိုအပ်‌နေလိမ့်မယ်။ ဒီလူထု‌တွေအတွက်ဆိုရင် မယ်‌တော်‌ဆေးခန်းက လက်လှမ်းအမှီနို်င်ဆုံး ကျန်းမာ‌ရေးဌာန ဖြစ်ပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံ၏ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုစနစ်သည် နယ်စပ်‌ဒေသ‌ရောက်‌ရွှေ့‌ပြောင်းနှင့် ဒုက္ခသည် မြန်မာပြည်သူတို့ အ‌ပေါ် လွှမ်းခြုံသွားနိုင်ပြီဆိုပါက ‌ဆေးကုသ‌ရေးပိုင်းများကို အစိုးရ‌ဆေးရုံများမှ ပိုမို တာဝန်ယူသွား‌စေပြီး ‌ရောဂါကာကွယ်‌ရေး မြှင့်တင်‌ရေးလုပ်ငန်းများကိုသာ ‌ဆေးခန်းအ‌နေဖြင့် ဆက်လက် လုပ်‌ဆောင်သွားမည်ဟုလည်း ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်‌ပြောသည်။

‌ဆေးခန်းအ‌ဆောင်သစ်ဖွင့်ပွဲသို့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှ အစိုးရတာဝန်ရှိသူများ၊ ရန်ကုန်နာ‌ရေးကူညီမှုအသင်းမှ ဥက္ကဌ ဦး‌ကျော် သူနှင့်အဖွဲ့များ၊ ၈၈မျိုးဆက်‌ကျောင်းသားနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် အဖွဲ့ဝင်များ၊ နို်င်ငံ‌ရေးပါတီ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း၊ လူမှုကယ်ဆယ်‌ရေးအဖွဲ့၊ ‌ဆေးခန်းဝန်ထမ်းများ၊ မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်း‌ကျောင်းသား‌ကျောင်းသူများ၊ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် နိုင်ငံတကာ NGOs အဖွဲ့အစည်းများအပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၃၀၀၀‌ကျော် တက် ‌ရောက်အား‌ပေးခဲ့ကြသည်။
DSC_0421
ရန်ကုန်နာ‌ရေးကူညီမှုအသင်း ဥက္ကဌ ဦး‌ကျော်သူက “လက်ရှိမြန်မာနိုင်ငံမှာ အများသိကြတဲ့အတိုင်း ပွင့်လင်း‌ပြောင်းလဲလာတာနဲ့ အမျှ လူထုအတွက် လုပ်‌ဆောင်တဲ့လုပ်ငန်း‌တွေ များပြားလာပါတယ်။ ဒီလိုအချိန်မှာ ပြည်သူလူထုအတွက် အကျိုးရှိမယ့် ပူး ‌ပေါင်း‌ဆောင်ရွက်မှုဖြစ်တဲ့ လူနာလွှဲ‌ပြောင်း‌ရေးဆိုင်ရာ လုပ်ငန်းများကို ထိထိ‌ရောက်‌ရောက် လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ယခင် အစိုးရလက်ထက်များမှာ တားဆီးပိတ်ပင်မှု‌တွေ ကြုံ‌တွေ့ခဲ့ရပါတယ်။ ‌ဒေါက်တာစင်သီယာ‌မောင်အ‌နေနဲ့လည်း အလားတူ ကြုံ ‌တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ဒီလိုနယ်စပ်‌ဒေသမျိုး‌တွေမှာ လူမှုအကျိုးလုပ်တဲ့‌နေရာမှာ နိုင်ငံတကာ လူထုအ‌ခြေပြုအဖွဲ့အစည်း၊ နိုင်ငံတကာ အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံအစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှု အထူးလိုအပ်ပါတယ်”ဟု အခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

လက်ရှိ ဖွင့်လှစ်လိုက်သည့် ကုတင် ၁၅ဝဆန့် မယ်‌တော်‌ဆေးခန်းအ‌ဆောင်သစ်သည် မဲ‌ဆောက်မြို့၊ မြို့ပတ်လမ်းသစ်အနီးတွင် တည်ရှိပြီး မယ်‌တော်‌ဆေးခန်း၏ မိတ်ဖက် စူဝန်နမစ်‌ဖောင်‌ဒေးရှင်းနှင့် နိုင်ငံတကာ ကူညီ‌ထောက်ပံ့‌ရေးအဖွဲ့အစည်းများ၏ အကူ အညီဖြင့် စုစု‌ပေါင်း ထိုင်းဘတ်‌ငွေသန်း ၅ဝခန့် အကုန်အကျခံကာ တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး ‌ဆေးခန်းသစ်တည်‌ဆောက်နိုင် ‌ရေးအတွက် (၁၀)နှစ်ကြာ ပြင်ဆင်‌ဆောင်ရွက်ခဲ့ရသည်ဟု ‌ဆေးခန်းတာဝန်ရှိသူများထံမှ သိရသည်။

၁၉၈၈ခုနှစ်၌် မြန်မာနိုင်ငံအတွင်း လူထုအုံကြွမှုကြီး ဖြစ်‌ပေါ်ခဲ့ပြီး‌နောက် ထိုင်း-မြန်မာနယ်စပ်‌ဒေသသို့ ‌ရောက်ရှိလာ‌သော ၈၈ မျိုး ဆက်‌ကျောင်းသားများဖြစ်ကြသည့် ‌ဒေါက်တာစင်သီယာ‌မောင်နှင့် အ‌ပေါင်းအ‌ဖော် ဆယ်ဦးခန့်မှာ ၁၉၈၉ခုနှစ်တွင် မယ်‌တော် ‌ဆေးခန်းကို စတင် တည်‌ထောင်ခဲ့သည်။

လက်ရှိ မယ်‌တော်‌ဆေးခန်းတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားနှင့် အိုးအိမ်စွန့် ဒုက္ခသည်များ အပါအဝင် လူနာ‌ပေါင်း ၁သိန်းခွဲ (၁၅၀၀၀၀)ခန့်အား နှစ်စဉ် အခမဲ့ ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေးလျှက်ရှိသည်ဟု သိရသည်။