Home သတင်း သထုံခရိုင်တွင် ‌ကေဝိုင်အို ‌ကော်မတီဝင် ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်

သထုံခရိုင်တွင် ‌ကေဝိုင်အို ‌ကော်မတီဝင် ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်

1555

‌မေလ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ဘီးလင်းမြို့နယ်ရှိ သထုံခရိုင် ‌မောကဲမူဌာနချုပ်၌ ‌မေလ ၂၅ရက်မှ ၂၆ရက်‌နေ့အထိ ပြုလုပ်‌သော ခရိုင်အဆင့် ကရင်လူငယ်အစည်းအရုံး(‌ကေဝိုင်အို)၏ (၅)ကြိမ်‌မြောက် ကွန်ဂရက်တွင် ခရိုင်အမြဲတမ်း ‌ကော်မတီ ဝင် ၉ဦးကို အသစ်ပြန်လည်‌ရွေး‌ကောက် တင်‌မြှောက်ခဲ့သည်။

ဥက္ကဌ ‌စောမြ‌အေး၊ ဒု-ဥက္ကဌ ‌စော‌နေမူထူး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောထူးထူး‌လေး၊ တွဲဖက်အတွင်း‌ရေးမှူး ‌စောအဲ့ဒို့နှင့် ‌ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ‌စောကြံတိုင်း‌အောင်၊ ‌စောကို‌ကျော်၊ ‌နော်ရတနာ‌ထွေး‌ထွေး၊ ‌နော်သိန်းသိန်းမြင့်၊ ‌စော‌ကော်ခု ထူးတို့ကို လျှို့ဝှက်မဲစနစ်ဖြင့် ကွန်ဂရက်တွင် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

သထုံခရိုင် ‌ကေဝိုင်အို ဥက္ကဌအဖြစ် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ရသည့် ‌စောမြ‌အေးက “အခု ကွန်ဂရက်မှာ ကျ‌နော်တို့ကို ဥက္ကဌ အဖြစ် ‌ရွေး‌ကောက်တင်‌မြှောက်ကြတဲ့အတွက် ကျလာတဲ့ တာဝန်ကို ကျ‌နော်အ‌ကောင်းဆုံး လုပ်‌ဆောင်ပါ့မယ်။ လုပ်ငန်း‌တွေ အဆင်‌ပြေ‌ချော‌မွေ့ဖို့အတွက် ကျ‌နော်တို့လူငယ်‌တွေ ကျ‌နော့်ကို ဝိုင်းကူညီကြပါလို့ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါကွန်ဂရက်သို့ သထုံခရိုင်အတွင်းရှိ လူငယ်ကိုယ်စားလှယ် ၃၀‌ကျော် တက်‌ရောက်ခဲ့ပြီး ကွန်ဂရက် နှစ်ရက်တာအတွင်း ခရိုင်‌ကေဝိုင်အို၏ ၂နှစ်တာလုပ်ငန်းများ တင်ပြခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ‌နောက်လာမည့် သက်တမ်းအတွက် လုပ်‌ဆောင် သွားမည့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးချမှတ်ခဲ့ကြသည်ဟု ၎င်းက ဆက်‌ပြောသည်။
13312787_1729504440666405_3342792157708696158_n
‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ခရိုင်အတွင်း မြို့နယ်နှင့် ‌ကျေးရွာအုပ်စုများတွင် ကွင်းဆင်းပြီး ‌ကေဝိုင်အို လူငယ်များ အ‌ရေ အတွက် ဖြည့်ဆည်းခြင်းနှင့် ဖွဲ့စည်းခြင်း၊ လူငယ်များကို စိတ်ဓာတ်မြှင့်တင်စည်းရုံးခြင်း၊ လူငယ်များ ‌တွေ့ဆုံပွဲပြုလုပ်ခြင်း၊ သစ် ‌တောထိန်းသိမ်းခြင်း၊ မူးယစ်‌ဆေးဝါး ကာကွယ်ခြင်း အပါအဝင် ဆုံးဖြတ်ချက် ၁၁ချက်ကို ချမှတ်ခဲ့ကြသည်။

ကွန်ဂရက်တက်‌ရောက်ခဲ့သူ ‌ကေဝိုင်အို(ဗဟို) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောအဲ့ထူးစိုးက “ဒီကွန်ဂရက်မှာ ‌ရှေ့လုပ်ငန်းစဉ် ၁၁ ချက်ကို ချမှတ်ခဲ့တာ‌ပေါ့။ အဲဒီမှာ မူးယစ်‌ဆေးဝါးဖြစ်တဲ့ မြင်း‌ဆေး(စိတ်ကြွ‌ဆေးပြား)ဆိုရင် အခု ခရိုင်အတွင်းမှာ ပျံ့နှံ့လာတာ ရှိ တယ်။ ဒါကို မိခင် ‌ကေအဲန်ယူနဲ့‌ပေါင်းပြီး ‌ရှောင်ရှားတတ်လာ‌အောင် အသိပညာ‌ပေး‌တွေ လုပ်သွားဖို့ ရှိတယ်။ ချမှတ်သွားတဲ့ ‌ရှေ့လုပ်ငန်းစဉ်‌တွေမှာ အ‌ကောင်းဆုံး လုပ်သွားကြမယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ ခရိုင် ၇ခုအတွင်းရှိ ခရိုင်အဆင့် ‌ကေဝိုင်အို ကွန်ဂရက်ကို (၂)နှစ်တစ်ကြိမ် ပုံမှန် ကျင်းပ‌လေ့ရှိပြီး ပြီးခဲ့သည့် သထုံ ခရိုင် ‌ကေဝိုင်အို၏ (၄)ကြိမ်‌မြောက် ကွန်ဂရက်ကို ဘီးလင်းမြို့နယ်၊ ‌ဒေါဇံကြီးရွာ ဘုန်းကြီး‌ကျောင်းတွင် ပြုလုပ်ခဲ့‌ကြောင်း သိရ သည်။