Home သတင်း ၂၁ရာစုပင်လုံညီလာခံသည် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံဖြစ်ဟု အစိုးရ‌ပြောဆို

၂၁ရာစုပင်လုံညီလာခံသည် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံဖြစ်ဟု အစိုးရ‌ပြောဆို

1879

‌မေ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

၂၁ရာစု ပင်လုံညီလာခံသည် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံသာ ဖြစ်သည်ဟု ‌နေပြည်‌တော်ရှိ၊ Horizon Lake View Resort ၌ ယ‌နေ့ စတင် ကျင်းပသည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုပူးတွဲ‌ကော်မတီ (UPDJC)၏ ပထမဆုံး အစည်းအ ‌ဝေးတွင် နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောဆိုလိုက်သည်။

‌မေလ ၂၇ရက်မှ ၂၈ရက်‌နေ့အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး UPDJC ၏ ယ‌နေ့ အစည်းအ‌ဝေးတွင် UPDJC ဥက္ကဌအ ဖြစ် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ဒုဥက္ကဌအဖြစ် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်‌ထောင်စုဝန် ကြီး ဦး‌ကျော်တင့်‌ဆွေတို့က ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး အစည်းအ‌ဝေး ပထမ‌နေ့တွင် ‌ဆွေး‌နွေးခဲ့သည်များနှင့် ပတ်သက်၍ အစည်းအ‌ဝေးတက်‌ရောက်‌နေသူ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီ‌နေ ့အစည်းအ‌ဝေးမှာ NLD အစိုးရရဲ့‌ပေါ်လစီသ‌ဘောထား‌တွေ ၂၁ရာစုပင်လုံညီလာခံဆိုတာ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီ လာခံ ဖြစ်တယ်။ ‌ဆွေး‌နွေးပွဲမူ‌ဘောင်ကို‌တော့ လိုအပ်သလို ပြင်ဆင်မယ်။ ဒါ‌တွေကို ‌ဆွေး‌နွေးတယ်။ မနက်ဖန် အစည်းအ‌ဝေးမှာ UPDJC ‌ပြောင်းလဲဖွဲ့စည်းမှုကို တိုင်းရင်းသားအစုအဖွဲ့က‌တော့ စာရင်းတင်လိုက်ပြီး။ အစိုးရဘက်ကလည်း စာရင်းတင်လိုက်ပြီး။ ပါတီ‌တွေဘက်က‌တော့ မပြီးပြတ်‌သေးဘူး။ မနက်ဖြန် ဆက်လက် ‌ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပဒိုကွယ်ထူးဝင်းက ‌ပြော သည်။

အဆိုပါအစည်းအ‌ဝေးသို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ၈ဖွဲ့မှ ကိုယ်စားလှယ် ၁၆ဦး၊ အစိုးရဘက်မှ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်သည့် အဖွဲ့ဝင်များ နှင့် နိုင်ငံ‌ရေးပါတီများမှ UPDJC ကိုယ်စားလှယ် ၁၆ဦး တက်‌ရောက်ခဲ့သည်။

နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က “အခု အစည်းအ‌ဝေးရဲ့ အဓိကရည်ရွယ်ချက်က ငြိမ်းချမ်း‌ရေးဖြစ်စဉ် ဆက်လက်ပြီး ‌ချော‌ချော‌မွေ့‌မွေ့ဖြစ်‌စေဖို့ ဖြစ်ပါတယ်။ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံအတွက် ပြင်ဆင်‌ရေးဖြစ်ပါတယ်။ တချို့ က ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံနဲ့ ၂၁ရာစု ပင်လုံညီလာခံကို တစ်ခုစီဖြစ်မှာလားလို့ ‌မေးကြပါတယ်။ တစ်ခုတည်းပါ။ နာ မည်နှစ်ခုသုံးတယ်ဆိုတာက ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံဆိုတာ အင်မတန်မှ တင့်တယ်ပြီး အများနှစ်သက်တဲ့ နာမည် ဖြစ်သလို ၂၁ရာစုပင်လုံ ဆိုတာကလည်း အများနှစ်သက်တဲ့ဟာ ဖြစ်ပါတယ်။ နှစ်ခုစလုံးက အတူတူပါပဲ”ဟု အမှာစကား ‌ပြော ဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ နိုင်ငံ‌ရေးပါတီ ၉၀‌ကျော်တွင် ပြီးခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် လွှတ်‌တော်တခုခု၌ အနည်းဆုံး တစ်‌နေရာ အနိုင်ရသည့် ပါတီကိုသာ ပါဝင်ခွင့်ပြုရန် အစိုးရသစ်အ‌နေဖြင့် မူဝါဒရှိသလို ကျန်နိုင်ငံ‌ရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများကို ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်သည့် ဖိုရမ်တစ်ခုပြုလုပ်ကာ ယင်းတွင် ပါဝင်ခွင့်ပြုရန် စဉ်းစားထားသည်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်က ဆက်‌ပြော သည်။

လက်ရှိ အစိုးရအဖွဲ့‌ပြောင်းလဲသွားသည့်အတွက် UPDJC တွင် ကိုယ်စားလှယ်များ ‌ပြောင်းလဲသွား‌သော်လည်း တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် အပစ်ရပ်စာချုပ်ပါအတိုင်း နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ် ၁၆ဦးကို ပါဝင်ခွင့် ပြုရမည်ဖြစ်ပြီး ယင်း ၁၆ဦးကို နိုင်ငံ‌ရေးပါတီများက မိမိတို့ဖာသာ‌ရွေးချယ်ကြရန် လိုသည်ဟု ပဒို‌စောကွယ်ထူးဝင်းက‌ပြောသည်။

UPDJC အစည်းအ‌ဝေးကို ‌မေလ ၂၈ရက်‌နေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ‌ကော်မတီဝင်များကို အတည်ပြုခြင်း နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲ မူ‌ဘောင်ပြန်လည်ပြင်ဆင်‌ရေး စသည့်ကိစ္စရပ်များ ‌ဆွေး‌နွေးသွားရန်ရှိသည်ဟု ‌ကော်မတီဝင်များထံမှ သိရသည်။