Home သတင်း ထီမန်လူငယ် စာ‌ပေ‌ဟော‌ပြောပွဲ လူတစ်‌ထောင်ခန့် တက်‌ရောက်

ထီမန်လူငယ် စာ‌ပေ‌ဟော‌ပြောပွဲ လူတစ်‌ထောင်ခန့် တက်‌ရောက်

2160

မတ် ၁၇ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်‌ကျေးရွာ အ‌ခြေပြု ထီမန်ကရင်လူငယ်အဖွဲ့က ဦး‌ဆောင်ပြုလုပ်သည့် စတုတ္ထအကြိမ်စာ‌ပေ‌ဟော‌ပြောပွဲကို မတ်လ ၁၆ ရက်‌နေ့၊ ည ၈ နာရီမှ ၁၁ နာရီအထိ အဆိုပါ ‌ကျေးရွာ နှစ်သစ်ကူးကွင်း၌ ပြုလုပ်ခဲ့ရာ လူ ၁,၀၀ဝ ‌ကျော်ခန့် တက်‌ရောက်ခဲ့ကြသည်။

မန်းကလိပ်‌ကျေးရွာ ရပ်မိရပ်ဖတဦးဖြစ်သူ မန်းထွန်းမြင့်က “ကျ‌နော်တို့ ဆယ်တန်းစာ‌မေးပွဲအပြီးမှာ ‌ကျောင်း သား‌တွေ စိတ်ဓါတ်တိုးတက်ဖွံ့ဖြိုး‌အောင် ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ အားလုံးအတွက်လည်း ပါတာ‌ပေါ့‌နော်။ ကျ‌နော်တို့ စလုပ်တုန်းက စာသင်‌ကျောင်း‌လေးမှ လူတစ်ရာ‌လောက်ပဲ ရှိတယ်။ အခုလို စည်စည်ကားကားနဲ ့ စတုတ္ထအကြိမ်အထိ လုပ်နိုင်ခဲ့ပြီး အဖက်ဖက်က‌နေ ကူညီသူ‌တွေအားလုံးကို ‌ကျေးဇူးတင်တယ်”ဟု ‌ပြောသည်။

စာ‌ပေ‌ဟော‌ပြောပွဲတွင် စာ‌ရေးဆရာ‌မောင်သာချိုက “ကိုယ့်ရပ်ဌာနီ”‌ခေါင်းစဉ်ဖြင့် တိုင်းပြည်ရပ်ခြားများသို့ သွား‌ရောက်အလုပ်လုပ်ကိုင်‌နေရသူများ၏ အ‌ခြေအ‌နေနှင့် တိုင်းပြည်ပြန်လည်ဖွံ့ဖြိုး‌ရေး ဆက်လုပ်ရမည့် အ‌ခြေအ‌နေ၊ စာ‌ရေးဆရာ ချစ်ဦးညိုကလည်း “မန်းကလိပ်အတွက် လက်‌ဆောင်”ဟူ‌သော ‌ခေါင်းစဉ်ဖြင့် ပထမ ဆုံး‌သော လူထု‌ရွေးချယ်သည့် ကွမ်းခြံကုန်းဇာတိ နိုင်ငံ‌တော်သမ္မတ ဦးထင်‌ကျော်နှင့် ဆရာကြီး မင်းသုဝဏ်တို့ အ‌ကြောင်း၊ စာ‌ပေ‌ရေးရာများ လူငယ်များ ‌လေးစားအတုယူတက်‌စေရန် ‌ဟော‌ပြောတိုက်တွန်းခဲ့သည်။
IMG_5185
ဆရာချစ်ဦးညိုက “ဒီရွာကို သတင်းစာ၊ ဂျာနယ်‌တွေ ‌ရောက်တာနည်းတာ ‌တွေ့ရတယ်။ ဒါ‌ပေမဲ့လည်း အခုလို စာ‌ပေ‌ဟော‌ပြောပွဲကို လူတစ်‌ထောင်‌ကျော် ‌လောက်‌ရောက်လာပြီး အများစုက လူငယ်‌တွေဖြစ်တဲ့အတွက် အရမ်းအားရတယ်။ အခုပွဲကို စီစဉ်တဲ့ ထီမန်ကရင်လူငယ်‌တွေ စုစည်းညီညွတ်ကြတာ‌တွေ့ရ‌တော့ ဝမ်းသာတယ်။ အခုလို ‌ဟောခြင်းအားဖြင့် လူငယ်‌တွေ‌ရော အားလုံး‌ပေါ့ ဗဟုသုတရရှိပြီး တစုံတရာ အကျိုးရှိမယ်ဆို ‌ကျေနပ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်‌ကျေးရွာအ‌ခြေပြု ထီမန်ကရင်လူငယ်အဖွဲ့အ‌နေဖြင့် စာ‌ပေ‌ဟော‌ပြောပွဲကို ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ ကရင်နှစ်သစ်ကူးပွဲနှင့် ချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားကို နှစ်စဉ် နှစ်တိုင်းကျင်းပလာခဲ့ပြီး ယခင်လ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့က ကျ‌ရောက်သည့် ကရင်မျိုးသား‌နေ့ အခမ်းအနား တွင်လည်း မန်းကလိပ်‌ကျေးရွာ၌ ရန်ကုန်ကရင်လူငယ်များနှင့်အတူ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့‌ကြောင်း သိရသည်။