မတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုုံး-KNU လက်အောက်ခံ ဗဟိုသစ်တောရေးရာဌာနက ၎င်းတို့၏ချမှတ်ခဲ့သည့် မူဝါဒနှင့် လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်ကာ လိုအပ်သည့် မူဝါဒများကို ပြင်ဆင်ဖြည့်စွက် သည့် ဆွေးနွေးပွဲတရပ်ကိုု မတ် ၈ ရက်မှ ၉ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ပြုလုပ်လျှက်ရှိသည်။
KNU ဗဟို သစ်တောရေးရာဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက “သစ်တောပေါ်လစီက ခေတ်အခြေအနေနဲ့ ကိုယ်လုပ်နိုင်၊ မနိုင်တော့ တစ်ပိုင်းပေါ့နော်။ ပြောင်းလဲနေတဲ့ ကိုယ့်ရဲ့ဓလေ့ထုံစံတွေနဲ့ ကိုက်ညီဖို့၊ ပြီးတော့ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ ပြန်ပြီးတော့ သုံးသပ်ပြီးတော့မှ ပြင်ဆင်ပြီး ဖြည့်စွက်ဆွေးနွေးကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်လူမှုအဖွဲ့အစည်းများ၊ KNU ခရုိုင်(၇)ခုမှ သစ်တောဌာနကိုယ်စားလှယ်များနှင့် နုိုင်ငံခြားသား ပညာရှင် အချို့တုို့မှ ကိုုယ်စားလှယ် ၃၀ကျော်တက်သည့် ဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောကော်မတီကို ဖွဲ့စည်းနိုင်ရန် ဖွဲ့စည်းရမည့်ပုံစံ၊ ပါဝင်သင့်သူများနှင့် ကော်မတီ၏ တာဝန်ဝတ္တရာများကို ဆွေးနွေးခဲ့ကြသလုို ကော်မတီဖွဲ့စည်းရန် သစ်တောမူဝါဒ (မူကြမ်း)ထဲ၌ ထည့်သွင်းထားနိုင်ခဲ့ကြောင်းလည်း ပဒုိုမန်းဘထွန်းက ဆက်ပြောသည်။
နှစ်ရက်တာပြုလုုပ်မည့် ၎င်းဆွေးနွေးပွဲ၌ ယခင်ရှိထားခဲ့သည့် သစ်တောမူဝါဒ မူကြမ်းကို ပြန်လည်သုံးသပ် ဆွေးနွေးကြရာ ယင်းမူကြမ်းမှ စကားလုံးဝေါဟာရ အရ မရှင်းလင်းသည့်အချက်များကို ပညာရှင်များက ပြန်လည် ရှင်းလင်းမှုများပြုလုုပ်ခဲ့ပြီး ကဏ္ဍခြောက်ခုရှိသည့်အနက် သစ်တောမူဝါဒ၏ အခြေခံမူ ကဏ္ဍနှစ်ခုကို ယနေ့ ပထမနေ့အတွက် ဆွေးနွေးပြီးစီးခဲ့သည်ဟုု သိရသည်။
ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆုိုင်ရာ လှုပ်ရှားမှုကွန်ရက်-KESAN ၏ ဒါရုိုက်တာဖြစ်သူ စောပေါလ်စိန်ထွားက “အပစ်ရပ်တဲ့နောက်ပိုင်းမှာ နေရာတွေကို သူများတွေပိုပြီးတော့ ဝင်လာလို့ရတယ်လေ။ သစ်တောနေရာတွေမှာ စီမံကိန်းတွေ တခြားလုပ်ငန်းတွေဝင်လာတော့ သစ်တောအပေါ်မှာ အများကြီး ထိခိုက်တာကို တွေ့ရတယ်။ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာတဲ့အပေါ်မှာ ကျနော်တို့မှာ ပိုမိုကောင်းမွန်တဲ့ မူဝါဒ အစီအစဉ် တွေရှိဖို့လိုအပ်တယ်”ဟု ပြောသည်။
ထုို့အပြင် သစ်တောထိန်းသိမ်းရေးလုပ်ငန်းနှင့် စီမံခန့်ခွဲမှုများသည် KNU သစ်တောဌာန တခုတည်း၏ တာဝန် မဟုတ်ဘဲ လူမှုအဖွဲ့အစည်းများတွင်လည်း တာဝန်ရှိကြောင်း၊ လက်ရှိတွင် သစ်တောနှင့် ပြည်သူလူထုဘဝများ ပိုမိုလုံခြုံရန်နှင့် စစ်ဘေးရှောင်ဒုက္ခသည်များ မိမိဒေသသို့ ပြန်သွားသည့်အခါ ၎င်းတို့၏ သစ်တောအခွင့်အရေး ပြန်လည်ရရှိရန်အတွက် ဆွေးနွေးထားရမည်ဟုလည်း စောပေါလ်စိန်ထွားက ဖြည့်စွက်ပြောဆိုသည်။
KNU ဗဟိုသစ်တောဌာန၏ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနှင့် သစ်တောဆုိုင်ရာ သတင်း အချက်အလက်များကို ကရင်လူမှုအဖွဲ့အစည်းများနှင့်အတူ ခရုိုင်၊ မြို့နယ်အသီးသီးမှ သစ်တောဋ္ဌာန ကိုယ်စားလှယ်များက လေးနှစ်တကြိမ် ပြန်လည်သုံးသပ်ဆွေးနွေးရန် သတ်မှတ်ခဲ့သည်။ အကြောင်း အမျိုးမျုိုးကြောင့် ၂၀၀၈ခုုနှစ်က စကာ ပြုလုုပ်နုိုင်ခြင်းမရှိတော့ဘဲ ယခုုလုို ပြန်လည်ပြုလုုပ်လာခြင်းဖြစ်သည်။