Home သတင်း ‌ကော့ကရိတ်မြို့တွင် သန်း‌ခေါင်စာရင်း အချက်အလက်များဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပ

‌ကော့ကရိတ်မြို့တွင် သန်း‌ခေါင်စာရင်း အချက်အလက်များဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပ

1664

မတ် ၉ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ သန်း‌ခေါင်စာရင်း‌ကောက်ယူထားသည့် အချက်အလက်စာရင်းများကို ဌာနဆိုင်ရာများနှင့် အရပ်ဖက်အဖွဲ့အစည်းများသို့ မျှ‌ဝေအသိ‌ပေးရန် ရည်ရွယ်၍ ‌ကော့ကရိတ်မြို့ ခန်းမ‌ဆောင်တွင် မတ် ၉ ရက်မှ ၁၁ ရက်‌နေ့အထိ သန်း‌ခေါင်စာရင်း အချက်အလက်များဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခု ကျင်းပလျှက်ရှိသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ဦးစန်း‌ဝေက “ဒီစာရင်းအချက်အလက်‌တွေ‌ပေါ်မှာ လူမှု‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေး၊ ‌ဒေသတွင်းစီးပွား‌ရေး၊ ဖွံ့ဖြိုးတိုးတက်‌စေ‌ရေး လုပ်ငန်းစဉ် ‌တွေမှာ အသုံးချ စီမံကိန်းများ ‌ရေးဆွဲအ‌ကောင်အထည်‌ဖော်ရာမှာ အ‌ထောက်အကူဖြစ်နိုင်ရန် ရည်ရွယ်ပြီး လာ‌ရောက်ပြုလုပ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သန်း‌ခေါင်စာရင်း အချက်အလက်များ ဖြန့်‌ဝေခြင်းနှင့် အသိပညာ‌ပေးခြင်း ‌ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ၎င်းအလုပ် ရုံ‌ဆွေး‌နွေးပွဲကို လူ ၆ဝ ‌ကျော် တက်‌ရောက်ပြီး ထိုအထဲတွင် ‌ကော့ကရိတ်ခရိုင်တွင်းရှိ ဌာနဆိုင်ရာများအသီးသီး တက်‌ရောက်ခဲ့ကြကာ နိုင်ငံ‌ရေးပါတီဖြစ်သည့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ အမျိုးသား တိုးတက်‌ရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်း CSOs ဖြစ်သည့် မိခင်နှင့် က‌လေး‌စောင့်‌ရှောက်‌ရေးအသင်း၊ နာ‌ရေးကူညီမှုအသင်း စသည့် အစိုးရနှင့်နီးစပ်သည့် အဖွဲ့အချို့သာ အဓိက တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုညွှန်ကြား‌ရေးမှူး၊ မွန်ပြည်နယ် ဒုညွှန်ကြား‌ရေးမှူးတို့ ဦးစီးသည့် အဖွဲ့က လာ‌ရောက်ပြုလုပ်ခြင်းဖြစ်ပြီး ‌ကော့ကရိတ်မြို့တွင် ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ မတ်လအတွင်း ‌ကောက်ခံထားသည့် သန်း‌ခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် လူဦး‌ရေ (၁,၅၇၄,၀၇၉) ရှိသည်ဟု မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။