Home သတင်း တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကိုု ယခင်နှစ်လို ‌အောင်ချက်‌ကောင်းရန် ဝင်း‌ရော်‌ဒေသမှ ‌ကျောင်းတာဝန်ရှိသူများ ‌မျှော်မှန်းထား

တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကိုု ယခင်နှစ်လို ‌အောင်ချက်‌ကောင်းရန် ဝင်း‌ရော်‌ဒေသမှ ‌ကျောင်းတာဝန်ရှိသူများ ‌မျှော်မှန်းထား

1755

မတ် ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ယ‌နေ့ မတ်လ ၉ ရက်‌နေ့တွင် စတင်သည့် ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆို‌နေကြသည့် ဝင်း‌ရော်‌ဒေသမှ ‌ကျောင်းသူ‌ကျောင်းသားများအ‌နေဖြင့် ယခင်နှစ်ကဲ့သို့ ‌အောင်ချက်‌ကောင်းရန် ‌မျှော်မှန်းထား‌ကြောင်း သက်ဆိုင်ရာ‌ကျောင်းအသီးသီးမှ တာဝန်ရှိသူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ခလယ်-တံခွန်တိုင် အထက်တန်း‌ကျောင်း စာစစ်ဌာန၌ ဝင်‌ရောက် ‌ဖြေဆိုမည့် ကျုံခဝန်၊ ဖားပြ၊ အနန်းကွင်းနှင့် ခလယ်စသည့် စာသင်‌ကျောင်းများမှ ‌ကျောင်းသူ‌ကျောင်းသား ၅၈၁ ဦးကို ‌မေလနှင့် ဇူလိုင်လကတည်းက စခန်းသွင်း‌လေ့ကျင့်မှုများ ပြုလုပ်ထားပြီဖြစ်၍ ယခုလို ‌အောင်ချက်‌ကောင်းရန် ‌ကျောင်းတာဝန်ရှိသူများက ‌မျှော်လင့်ခဲ့ခြင်းဖြစ်သည်။

အနန်းကွင်း‌ကျေးရွာ ‌ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်ချိုချိုမာက “အနန်းကွင်းရွာက ဆယ်တန်း‌ဖြေမယ့် ‌ကျောင်းသူ ‌ကျောင်းသား ၅ဝ ‌ကျော်ကုို ဇူလိုင်လက စပြီး‌တော့ စခန်းသွင်း‌လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး တစ်ဝက်နီးပါး ‌အောင်မြင်မှုရမယ်လို့ ‌မျှော်လင့်ထားတယ်”ဟု ‌ကေအုိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းလွန်း‌သော‌ကြောင့် စာ‌မေးပွဲ‌ဖြေဆိုကြသည့် က‌လေးများ၏ ကျန်းမာ‌ရေးအတွက် အထူးစိုးရိမ်‌နေရသဖြင့် ချက်ပြုတ်‌ကျွေး‌မွေး‌ရေးနှင့် ‌ကျောင်းသားကြိုပို့မည့်ကားကို ‌ကျောင်းသားမိဘနှင့် ‌ကျောင်းအကျိုး‌တော်‌ဆောင်များကသာ စီစဉ်ထား‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ဖားပြ‌ကျောင်းတာဝန်ခံ ဆရာမ ‌နော်ချိုချိုထွန်းကလည်း “‌မေလကတည်းက စခန်းသွင်း‌လေ့ကျင့်လာခဲ့တယ် ဆို‌တော့ ‌ကျောင်းသား‌တွေ အားလုံး‌ဖြေဖို့ အဆင်သင့်ဖြစ်‌နေပါပြီ၊ ဘုန်းကြီး‌ကျောင်းမှာ တည်းတယ်ဆို‌တော့ ဆူဆူညံညံမရှိဘူး‌လေ။ က‌လေး‌တွေ စာကျက်ရတာလည်း အဆင်‌ပြေတာ‌ပေါ့၊ အဓိက‌တော့ ‌ရေကို ကျိုချက်ပြီး မှ ‌သောက်ခိုင်းတယ်။ ချက်ပြုတ်‌ကျွေး‌မွေး‌ရေး‌တွေက‌တော့ ‌ကျောင်းသားမိဘ‌တွေကပဲ တာဝန်ယူ ချက်ပြုတ်‌ပေးတယ်”ဟု ‌ပြောသည်။

ဖားပြ‌ကျောင်းမှ တက္ကသိုလ်ဝင်ခွင့်‌ဖြေဆိုသူ ‌ကျောင်းသား ‌စော‌နေမင်းခန့်‌ဇော်က “ကျ‌နော် ‌ဖြေဖို့‌တော့ အဆင်သင့်ဖြစ်‌နေပြီ။ ဒါ‌ပေမဲ့ တကယ့်စာ‌မေးပွဲ‌မေးခွန်း‌ဖြေရ‌တော့မယ်ဆို‌တော့ စိတ်‌တော့ပူတယ်။ ကျ‌နော် အမှတ်‌ကောင်း‌ကောင်းနဲ့‌အောင်မြင်ရင်‌တော့ အင်ဂျင်နီယာလိုင်းဘဲ တက်မယ်”ဟု ‌ကေအိုင်စီသုို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် အဇင်း၊ ကျိုက်ဒုံ၊ ခလယ်-တံခွန်တိုင်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး၊ စသဖြင့် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန(၄)ခုရှိပြီး ခလယ်-တံခွန်တိုင်အ‌နေဖြင့် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ဦး‌စောမြဝင်း လွှတ်‌တော်သို့ အဆိုတင်သွင်းခဲ့ရာတွင် ၂၀၁၃ ခုနှစ်က တရားဝင် စာစစ်ဌာန ရရှိခဲ့သည်။

ဝင်း‌ရော်‌ဒေသတွင် ယခင်နှစ် ၂၀၁၄-၁၅ပညာသင်နှစ်က တက္ကသုိုလ်ဝင်တန်း စာ‌မေးပွဲကိုု ‌ကျောင်းသူ‌ကျောင်းသား ၄၈ဝဦး ဝင်‌ရောက်‌ဖြေဆုိုရာမှာ (၁၄၉)ဦး‌အောင်မြင်ခဲ့ပြီး ကရင်ပြည်နယ်တခုလုံး အတိုင်းအတာဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်သည် ‌အောင်ချက် ပထမ ဖြစ်သည်။

မတ် ၉ရက်မှ ၁၆ရက်‌နေ့အထိ ‌ဖြေဆိုမည့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ (၂၀၁၅-၂၀၁၆)ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာ‌မေးပွဲကို ပြင်ပ စာစစ်ဋ္ဌာနအပါအဝင် စာစစ်ဋ္ဌာန‌ပေါင်း ၁‚၄၇ဝခုရှိပြီး စာ‌မေးပွဲ ‌ဖြေဆိုရန် စာရင်း‌ပေးထားသူ စုစု‌ပေါင်း ၆၇၁‚၃၃၁ဦးရှိသည်ဟု မြန်မာနိုင်ငံစာစစ် ဦးစီးဋ္ဌာန အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။