Home သတင်း ကရင်ပြည်နယ်အတွင်း အပူချိန်မြင့်ကာ ခရမ်းလွန်‌ရောင်ခြည်အညွှန်းကိန်း လွန်ကဲအဆင့်ရှိ‌နေ

ကရင်ပြည်နယ်အတွင်း အပူချိန်မြင့်ကာ ခရမ်းလွန်‌ရောင်ခြည်အညွှန်းကိန်း လွန်ကဲအဆင့်ရှိ‌နေ

1820

မတ် ၁ဝရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ်အတွင်း မတ် ၅ရက်မှ ၁၂ရက်‌နေ့အထိ ‌နေ့အပူချိန်မှာ ၄၀•C မှ ၄၅•C အထိ မြင့်တက်နိုင်ပြီး ခရမ်းလွန်‌ရောင် ခြည် အညွှန်းကိန်း လွန်ကဲအဆင့်ရှိ‌နေသည်ဟု မိုး‌လေဝသပညာရှင် ‌ဒေါက်တာထွန်းလွင်က Myanmar Climate Watch
(MCCW) တဆင့် သတိ‌ပေးချက် ထုတ်ပြန်ထားသည်။

မတ်လ ဒုတိယအပတ်အတွင်း ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ‌အောင်ပိုင်း‌ဒေသများ၌ ‌နေ ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ် မှာ ၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ပြီး အပူချိန်မြင့်မားမှုနှင့်အတူ ခရမ်းလွန်‌ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးအဆင့်ရှိ ကာ ဖားအံမြို့၌ လွန်ကဲအဆင့် (Extreme Level) ၁၂.၉ အထိ ရှိမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ရာသီဥတု ‌ပြောင်းလဲမှု‌စောင့် ကြည့်‌ရေး (MCCW) မှတဆင့် ဦးထွန်းလွင်က သတင်းထုတ်ပြန်‌ပြောဆိုထားသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး ကမ္ဘာ့အပူဆုံး အယ်နီညို ရာသီဥတုနှင့် ရင်ဆိုင်‌နေရပြီး ယခု‌နွေရာသီတွင် အပူချိန် မြင့်မားကာ တစ်နိုင်ငံလုံး၌ ခရမ်းလွန်‌ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်နှင့် အလွန်မြင့်သည့်အဆင့်သို ့‌ရောက်ရှိ‌နေပြီး ကရင်ပြည်နယ်တွင်လည်း ခရမ်းလွန်‌ရောင်ခြည် လွန်ကဲအဆင့် (Extreme Level) တွင် မတ်လမှ စတင်ရှိ‌နေမည်ဖြစ်သည်ဟု ‌ဒေါက်တာထွန်းလွင်က ဆက်‌ပြောထားသည်။

ကရင်ပြည်နယ်တွင် မတ်လ ၅ရက်‌နေ့က ခရမ်းလွန်‌ရောင်ခြည် ၁၂.၇ ရရှိကာ မတ်လ ၈ရက်‌နေ့တွင် ၁၂.၉အထိ ၂ရာခိုင်နှုန်း တိုးလာ‌နေပြီး ‌ရှေ့ဆက်၍တိုးနိုင်‌ကြောင်း MCCW က ခန့်မှန်းထားသည်။

ခရမ်းလွန်‌ရောင်ခြည် လွန်ကဲစွာကျ‌ရောက်‌နေသည့် ‌နေအပူကို ထိ‌တွေ့မိပါက အ‌ရေပြားကင်ဆာ၊ အရွယ် မတိုင်မီ အ‌ရေပြား များ ရင့်‌ရော်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်စိကင်ဆာနှင့် DNA များ ထိခိုက်နိုင်မှုများ‌ကြောင့် သားသမီးမရနိုင်‌တော့ခြင်းများ ဖြစ် ‌ပေါ်နိုင်သည်ဟု ကျွမ်းကျင်သူများက သတိ‌ပေး‌ပြောဆိုထားသည်။

ထို့‌ကြောင့် ခရမ်းလွန်‌ရောင်ခြည် လွန်ကဲအဆင့် ကျ‌ရောက်တက်သည့် ‌နေ့လည် ၁၁နာရီမှ မွန်းလွဲ ၁နာရီအတွင်း ‌နေပူထဲသို့ သွားလာခြင်းကို အထူး ‌ရှောင်ရှားသင့်ပြီး မဖြစ်မ‌နေ သွားလာမည်ဆိုပါက လုံခြုံသည့် အဝတ်အစားများ၊ မျက်လုံးကို ကာကွယ် ‌ပေးသည့် ‌နေကာမျက်မှန်များနှင့် ခ‌မောက်ဦးထုပ်ကဲ့သို့‌သော ‌နေ‌ရောင်ခြည်အကာအကွယ်ရှိသည့် ဦးထုပ်နှင့်ထီးတို့ကို မဖြစ်မ ‌နေ အသုံးပြုရန်လို‌ကြောင်း သိရသည်။

ယခုကဲ့သို ့ရာသီဥတု ပူပြင်းလာမှုအ‌ပေါ် ဖားအံမြို့ခံ နန်းလှသိန်းက “အခု ‌နေအရမ်းပူတယ်။ ဆယ်တန်း‌တွေ စာ‌မေးပွဲရာသီက လည်းဖြစ်‌တော့ စာ‌မေးပွဲ‌ဖြေ‌နေတဲ့ က‌လေးကိုလည်း ‌ပြောထားရတယ်။ အပြင်သွားရင် အကင်္ျင်္ီလက်ရှည်ဝတ်ဖို့နဲ့ ထီး‌ဆောင်းဖို့၊ အိမ်မှာ က‌လေး‌တွေကို အပြင်‌ပေးမထွက်ဘူး။ အရမ်းပူရင် က‌လေး‌တွေ ‌ချွေးထွက်လွန်တာ‌တွေ ‌ခေါင်းမူးတာ‌တွေနဲ့ နှာ‌ခေါင်း ‌သွေးယိုတာ‌တွေ ဖြစ်တတ်လို့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မတ်လ ၉ရက်‌နေ့တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲများ စတင်‌ဖြေဆို‌နေပြီး အပူချိန်မြင့်မားကာ ခရမ်းလွန်‌ရောင်ခြည် မြင့် မားစွာ ကျ‌ရောက်‌နေသည့်အတွက် စာ‌မေးပွဲ‌ဖြေဆိုသည့် ‌ကျောင်းသူ‌ကျောင်းသားများအ‌နေဖြင့် ကျန်းမာ‌ရေး ဂရုပြုရန် လိုသည် ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသမှ ‌ကျောင်းအုပ်ဆရာမကြီးတဦးဖြစ်သူ ‌ဒေါ်ချိုချိုမာက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ခရမ်းလွန်‌ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်ရှိ‌နေမည်ဖြစ်သလို အညွှန်းကိန်း ၈-၁ဝ အထိ ကို အလွန်မြင့်မားသည့်အဆင့် (very high)သတ်မှတ်ကာ ၁၁အထက် ‌ကျော်လွန်ပါက လွန်ကဲအဆင့် (Extreme)ဟု သတ် မှတ်‌ကြောင်း MCCW မှ ထုတ်ပြန်ချက်များအရ သိရသည်။