Home သတင်း ‌မြေယာ၊ သစ်‌တောကိစ္စရပ်များကိုု အစိုးရသစ်နှင့် ‌ဆွေး‌နွေးညှိနှိုင်းနိုင်ရန် KNU ဗဟိုသစ်‌တောဋ္ဌာန ပြင်ဆင်

‌မြေယာ၊ သစ်‌တောကိစ္စရပ်များကိုု အစိုးရသစ်နှင့် ‌ဆွေး‌နွေးညှိနှိုင်းနိုင်ရန် KNU ဗဟိုသစ်‌တောဋ္ဌာန ပြင်ဆင်

1661

မတ် ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုုံး(KNU) လက်‌အောက်ခံ ဗဟိုသစ်‌တော‌ရေးရာဌာနအ‌နေဖြင့် ‌မြေယာ၊ သစ်‌တော ‌ရေးရာကိစ္စရပ်များကို အစိုးရသစ်နှင့် ‌ဆွေး‌နွေးညှိနှိုင်းသွားနိုင်‌ရေးအတွက် ခိုင်မာသည့် မူဝါဒများကို ချမှတ်သွား နိုင်ရန် ပြင်ဆင်လျှက်ရှိသည်ဟု KNU ဗဟို သစ်‌တော‌ရေးရာဋ္ဌာနက ‌ကေအုိုင်စီသုို့ ‌ပြောဆုိုလုိုက်သည်။

သစ်‌တော‌ရေးရာမူဝါဒများ ပိုမိုခိုင်မာရန် ရည်ရွယ်ပြီး မတ် ၈ရက်မှ ၉ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ်တ‌နေရာ ၌ ပြုလုုပ်သည့် ကရင်လူမှုအဖွဲ့အစည်း၊ ဗဟိုသစ်‌တောဌာနနှင့် ခရုိုင်သစ်‌တောဋ္ဌာန အသီးသီးမှ ကိုယ်စားလှယ် များနှင့် ပညာရှင်များပါဝင်‌သော KNU သစ်‌တော‌ရေးရာမူဝါဒ ပြင်ဆင်ဖြည့်စွက်ခြင်း ဆိုင်ရာ‌ဆွေး‌နွေးပွဲအပြီးတွင် KNU ဗဟို သစ်‌တော‌ရေးရာဋ္ဌာနတာဝန်ခံ ပဒုိုမန်းဘထွန်းက ထိုသုို့ ‌ပြောဆုိုလုိုက်ခြင်းဖြစ်သည်။

“သူ(အစိုးရ)လည်း သူ့သစ်‌တောဥပ‌ဒေနဲ့ သူ၊ ကိုယ်လည်း ကိုယ့်ဥပ‌ဒေနဲ့ ကိုယ်ရှိမယ်။ ဥပမာ-ကျ‌နော်တို့မှာ လူထု‌တောင်းဆိုချက်အရ အတည်ပြုထားတဲ့ ‌ကျေးရွာပိုင်ဘုံသစ်‌တောလိုမျိုး ရှိတယ်။ ဒါ‌တွေကို အစိုးရသစ်က ဘယ်လိုသတ်မှတ်နိုင်မလဲ။ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာပဲဖြစ်ဖြစ် ဒါကို ဒီကြားကာလ ဖက်ဒရယ်ပြည်‌ထောင်စုကို အ‌ကောင်အထည်မ‌ဖော်နိုင်‌သေးတဲ့ ကာလမှာ ညှိနှိုင်းသွားဖို့ ပြင်ဆင်မှုအ‌နေနဲ့ ကျ‌နော်တို့ရဲ့ရှိ‌နေတဲ့ သစ်‌တော မူဝါဒကို ခိုင်မာ‌အောင် ပြင်ဆင်ချမှတ်‌နေတယ်”ဟု ၎င်းက ‌ပြောသည်။

ထုို့အပြင် စီးပွား‌ရေး၊ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ကြောင့် သစ်‌တောနယ်နိမိတ်အတွင်း ဖြစ်‌ပေါ်‌နေ‌သော လူထုနစ်နာမှု ဖြစ်သည့် ‌မြေယာပြဿနာ ကိစ္စရပ်များကိုလည်း အစုိုးရသစ်နှင့် ‌ဆွေး‌နွေးညှိနှိုင်းသွားရန်ရှိသည်ဟုလည်း ပဒိုမန်းဘထွန်းက ဆက်‌ပြောသည်။

နှစ်ရက်ကြာ ပြုလုုပ်သည့် ယင်းသစ်‌တော‌ရေးရာမူဝါဒ ‌ဆွေး‌နွေးပွဲတွင် KNU ၏ သစ်‌တောမူဝါဒအ‌ခြေခံမူ၊ သစ်‌တောအုပ်ချုပ်‌ရေး၊ ကိုယ်ပိုင်လွတ်လပ်စွာ လုပ်ကိုင်စားသုံး ထိန်းသိမ်း‌ရေး၊ ကိုယ်ပိုင်လုပ်ကိုင် ထိန်းသိမ်း‌ရေး အခွင့်အလမ်းနှင့် ‌ပြောင်းလဲမှုများ စသည့်ကဏ္ဍများကုို ‌ဆွေး‌နွေးခဲ့ကြသည်ဟုု သိရသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်-KESAN ၏ ဒါရုိုက်တာ ‌စော‌ပေါလ်စိန်ထွားက “KNU နဲ့ အစုိုးရတုို့ နှစ်ဖက်လုုပ်‌ဆောင်တဲ့ သစ်‌တော‌ရေးရာကိစ္စရပ်‌တွေကိုု အပြန်အလှန်‌လေးစားကြဖို့၊ ကရင် ပြည်နယ်မှာ သစ်‌တောကို ထိခိုက်နိုင်တဲ့ လမ်း‌ဖောက်ခြင်း၊ ‌ရေကာတာတည်‌ဆောက်ခြင်း‌တွေကို လူထုပါဝင်တဲ့ ဆုံးဖြတ်ချက်အရသာ လုုပ်သွားဖို့ လိုပါတယ်။ ‌ဒေသဖွံ့ဖြိုး‌ရေး စီမံကိန်း‌တွေ‌ကြောင့် ဖြစ်‌ပေါ်လာမယ့် ‌ဒေသခံ ‌တွေရဲ့ထိခိုက်နစ်နာမှုကိုလည်း နှစ်ဖက်အာဏာပိုင်‌တွေ ‌ဖြေရှင်းသွားသင့်တယ်”ဟု ‌ကေအိုင်စီသုို့ ‌ပြောသည်။

KNU နှင့် အစုိုးရတုို့အကြား အပစ်အခတ်ရပ်စဲပြီး‌နောက်ပုိုင်း ကရင်ပြည်နယ်အတွင်း ‌မြေယာသိမ်းဆည်းမှု ပြဿနာ၊ ‌မြေ‌အောက် သယံဇာတထုုတ်ယူသုုံးစွဲမှုနှင့် သ‌ဘောဝသစ်‌တောထုုတ်လုုပ်သုုံးစွဲမှုများ အပုိုင်းနှင့် ပတ်သက်၍ သက်ဆုိုင်ရာတာဝန်ရှိသူများက ‌တွေ့ဆုုံ‌ဆွေး‌နွေးမှုများရှိ‌သော်လည်း နှစ်ဘက်လုိုက်နာမှု အားနည်းမှုများရှိ‌ကြောင်း ကရင်လူမှုအဖွဲ့အစည်းများက ‌ထောက်ပြ‌ပြောဆုိုကြသည်။

KNU လက်‌အောက်ခံ ဌာနဆိုင်ရာ (၁၄)ခုအနက် တစ်ခုဖြစ်‌သော ဗဟိုသစ်‌တောဌာနသည် ‌ကော်သူး‌လေ နယ်‌မြေအတွင်းရှိ သစ်‌တောနှင့် သားရဲတိရိစာ္ဆန်များကိုု ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ပြီး ၁၉၄၉ခုနှစ်၊ ဇွန်လ ၁၄ ရက်‌နေ့တွင် ‌ကော်သူး‌လေ အစိုးရစတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်လာခဲ့သည့်ဌာန ဖြစ်သည်။ လက်တ‌လောတွင် ၎င်းတို့ သတ်မှတ်နယ်‌မြေရှိ ပြည်သူပုိုင် ‌မြေယာများကို ‌မြေဂရမ်(‌ပြေစာ)ထုုတ်‌ပေးခြင်းနှင့် သစ်‌တောကြိုးဝိုင်း နယ်နိမိတ်သတ်မှတ်ခြင်းများကိုု လုုပ်‌ဆောင်လျှက်ရှိသည်။