Home သတင်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံတွင် လူငယ်များအား ပါဝင်ခွင့်‌ပေးသင့်ဟု ဆို

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံတွင် လူငယ်များအား ပါဝင်ခွင့်‌ပေးသင့်ဟု ဆို

1630
‌ဖေ‌ဖော်ဝါရီ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံတွင် လူငယ်များအား အစုအဖွဲ့တခုအ‌နေဖြင့် ပါဝင်ခွင့်‌ပေးသင့်သည်ဟု ရန်ကုန်မြို့၊ ပြည်လမ်းရှိ ယုဒသန်ခန်းမ၌ ယမန်‌နေ့က ပြုလုပ်သည့် ‘မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များကို မျှ‌ဝေရှင်းလင်းခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍကို သုံးသပ်‌ဆွေး‌နွေးခြင်း’ အခမ်းအနားတွင် ဦး‌ဆောင်‌ဆွေး‌နွေးသူ ဦး‌ကျော်လင်းဦးက ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်မှ ၁၉ ရက်‌နေ့အထိ ငါးရက်ကြာပြုလုပ်သည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ၌ လူငယ်အချို့ကို ‌လေ့လာသူအဖြစ် တက်‌ရောက်ခွင့်ပြုခဲ့ပြီး လူငယ်များအ‌နေဖြင့် မည့်သည့် အစုအဖွဲ့က မည်သို့ ‌ဆွေး‌နွေးသည်ကိုသာ သွား‌ရောက်‌လေ့လာနိုင်ခဲ့‌သော်လည်း တရားဝင်‌ဆွေး‌နွေးခွင့်မရခဲ့ဟု ညီလာခံတွင် ကိုယ်စားလှယ်တဦးဖြစ်သူ ဦး‌ကျော်လင်းဦးက ယခုလို ‌ပြောသည်။

“အခု တိုင်းရင်းသား‌ခေါင်း‌ဆောင် အစုအဖွဲ့၊ အခြားဖိတ်ကြားသင့်တဲ့သူ အစုအဖွဲ့ရှိမယ်။ အလားတူပဲ လူငယ် အစုအဖွဲ့ တရားဝင်‌ဆွေး‌နွေးခွင့်ရ‌အောင် တိုက်တွန်းသင့်တယ်လို့ ထင်တယ်။ ငြိမ်းချမ်း‌ရေး ညီလာခံမှာ ပါဝင်မှ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ လူငယ်‌တွေရဲ့အသံ၊ လူငယ်‌တွေရဲ့ယူဆချက် ဒါ‌တွေ ပါဝင်လာရင် ပို‌ကောင်း လိမ့်မယ်လို့ ကျ‌နော်ထင်တယ်။ လူငယ်‌တွေကို အစုအဖွဲ့တခုအ‌နေနဲ့ ပါဝင်‌စေချင်တယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးကို ပြီးခဲ့သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ပါဝင်‌ဆွေး‌နွေးခဲ့သည်များကို လူငယ်များသိရှိပြီး လူငယ်အချင်းချင်းပြန်လည်‌ဝေငှ‌ပြောဆိုရန်နှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင်လူငယ်များ မည်သို့ ပါဝင်ရမည်ကို သိရှိ‌စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု စီစဉ်သူတဦးဖြစ်သူ ကိုဒီငြိမ်းလင်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

နံနက် ၉ နာရီခွဲမှ ည‌နေ ၄ နာရီထိပြုလုပ်ခဲ့သည့် ယင်း‌ဆွေး‌နွေးပွဲသို့ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ ကိုယ်စားလှယ်များဖြစ်သည့် ပအိုဝ်းလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်မှ ခွန်မြင့်ထွန်း၊ ABSDF မှ ဆလိုင်း‌ယော‌အောင်၊ ၈၈ မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင် တဦးဖြစ်သူ ကိုမြ‌အေး၊ လူမှုအဖွဲ့အစည်းများမှ ‌ဒေါ်ခင်မမမျိုး၊ ဦး‌ကျော်လင်းဦး၊ ဦးဝင်းမျိုးသူနှင့် The Voice ဂျာနယ်အယ်ဒီတာချုပ် ကို‌ဇေယျသူ တို့က ငြိမ်းချမ်း‌ရေး ညီလာခံတွင် ‌ဆွေး‌နွေးခဲ့မှုများကို လူငယ်များအား ပြန်လည်ရှင်းလင်းခဲ့သည်။

‌ဆွေး‌နွေးပွဲတွင် ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သူ ခွန်မြင့်ထွန်းက “လူငယ်‌တွေဟာ အရံအင်အား မဟုတ်ဘူး။ အဓိက အင်အားစုတရပ် ဖြစ်တယ်ဆိုတဲ့ အမြင်ကျ‌နော်တို့မှာ ရှိပါတယ်။ တိုင်းပြည်ရဲ့ စီးပွား‌ရေး၊ နိုင်ငံ‌ရေး ပြုပြင်‌ပြောင်း လဲမှုမှာ လူငယ်‌တွေဟာ အဓိက အင်အားစုတခုဖြစ်သလိုပဲ ငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့ဖြစ်စဉ်မှာလည်း အဓိက အင်အားစုတရပ်ဖြစ်တယ်။ တိုင်းပြည်ရဲ့သားသမီး‌တွေက မိဘ‌တွေ မသင့်မမြတ်ဖြစ်ကြတာကို ကြားဝင် ‌စေ့စပ်‌ပေးနိုင်တဲ့ အ‌ကောင်းဆုံး‌သောသူ‌တွေလည်း ဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

အလားတူ ငြိမ်းချမ်း‌ရေးညီလာခံတွင် လူငယ်များ တရားဝင်ပါဝင်‌ဆွေး‌နွေးခွင့်‌ပေးရန် လူငယ်များအား ငြိမ်းချမ်း‌ရေး ဖြစ်စဉ်နှင့် ပတ်သက်သည်များကို ‌လေ့လာခွင့်ရရန် အချိန်‌ပေးရမည်ဖြစ်သလို လက်ရှိ လူလူမှုအဖွဲ့အစည်းများ ပါဝင်‌ဆွေး‌နွေးခွင့် အကန် ့အသတ်နှင့်တာရှိ‌သေးသည်ကို ‌တွေ့ရပြီး လူငယ်များ ပါဝင်‌ဆွေး‌နွေးခွင့်ရရှိ လွယ်ကူဦးမည်မဟုတ်ဟု ‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ ‌စောကပီက ‌ပြောသည်။

တ‌နေ့တာပြုလုပ်သည့် ယင်း‌ဆွေး‌နွေးပွဲတွင် ရန်ကုန်မြို့ အနီးတဝိုက်ရှိ လူငယ် ၁၀ဝ ဦး‌ကျော်တက်‌ရောက်ခဲ့ကာ ‌ဆွေး‌နွေးပွဲကို Generation Wave, Center for Youth and Social Harmony, Ethnic Youth Development Center နှင့် အဖြူ‌ရောင်လူငယ်တွဲလက်များ စသည့် လူမှုအဖွဲ့အစည်းများက ဦး‌ဆောင်ပြုလုပ်ခြင်းဖြစ်‌ကြောင်း စီစဉ်သူများထံမှ သိရသည်။