Home သတင်း ယာဉ်လိုင်စင် ဖမ်းဆီးကာလ‌ကြောင့် ‌ကော့ကရိတ်မြို့တွင် ‌ဈေး‌ရောင်း‌ဈေးဝယ် ပါးလာ

ယာဉ်လိုင်စင် ဖမ်းဆီးကာလ‌ကြောင့် ‌ကော့ကရိတ်မြို့တွင် ‌ဈေး‌ရောင်း‌ဈေးဝယ် ပါးလာ

3070
‌ဖေ‌ဖော်ဝါရီ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းမှစ၍ ယခုအချိန်အထိ ကရင်ပြည်နယ်အစိုးရ၏ ယာဉ်လိုင်စင် ဖမ်းဆီးစစ်‌ဆေးခြင်း ကာလ‌ကြောင့် ‌ကော့ကရိတ်မြို့၌ ကားသွားလာမှု နည်းလာကာ ‌ဈေး‌ရောင်း‌ဈေးဝယ်ပါးလာသည်ဟု ‌ကော့ကရိတ်မြို့ခံများက ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ယာဉ်ဖမ်းဆီးကာလ၌ ‌ကော့ကရိတ်မြို့တွင် သက်ဆိုင်ရာ အစိုးရအာဏာပိုင် များက ပညာ‌ပေးမှုများသာ ဆက်လုပ်ကာ ဖမ်းဆီးမှုများ မရှိ‌သော်လည်း မြို့ခံနှင့် မြို့အနီးအနားရှိ ‌ဒေသခံများ သည် ယာဉ်ဖမ်းဆီးမှုပြုလုပ်မည်ကို စိုးရိမ်သဖြင့် လိုင်စင်မဲ့ကားများ သွားလာခြင်းမရှိဘဲ ‌ဈေး‌ရောင်း‌ဈေးဝယ် နည်းပါးလာ‌ကြောင်းကို ဆိုင်ကယ် ရပ်နားခ အ‌ကောက်သမားတစ်ဦးဖြစ်သူ ကို‌ကျော်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အခု ကား‌တွေ၊ ဆိုင်ကယ်‌တွေ လိုင်စင်မဲ့‌တွေ ဖမ်းမယ်ဆို‌တော့ ‌တော်‌တော်‌လေး ‌ဈေးလာသူ နည်းသွားတယ်။ အ‌ရောင်းအဝယ်ပါး ကုန်တယ်။ ‌ဈေးဦး မ‌ပေါက်သူ‌တွေ‌တောင် ရှိလာတယ်။ ဒီ‌ကော့ကရိတ်မြို့မ‌ဈေးကြီးက ခရိုင် တွင်းက ‌ကျေးရွာ‌တွေက အများဆုံး‌ဈေးလာဝယ်ကြတာ‌လေ။ အခုဆို အဖွဲ့အစည်းနဲ့ပတ်သက်ပြီး တပ်ဖွဲ့ဝင်ကား‌တွေ‌လောက်ပဲ မြို့‌ပေါ်လာကြတယ်”ဟု သူက ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့ရှိ ငါးပိ၊ ငါး‌ခြောက် ‌ဈေးသယ်တစ်ဦးဖြစ်သူ ‌ဒေါ်‌အေး‌မေကလည်း ယခင်က ‌ဈေး‌ရောင်း‌ကောင်း ပုံမှန်‌ကောင်းပြီး တနလင်္ာ‌နေ့တွင် ‌ဒေသခံရွာသားအများစု ‌ဈေးလာတက်ဝယ်ကြ‌ကြောင်း၊ မြို့အနားရှိ ရွာများမှာ အလှူ၊ မဂင်္လာ‌ဆောင်ရှိသည့်အခါ အ‌ရောင်းအဝယ် ပါးပါကလည်း တစ်ပတ်ခန့်သာ ရှိပြီး ပုံမှန်ပြန်ဖြစ်‌ကြောင်း နှင့် လိုင်စင်မဲ့ ဖမ်းဆီးမှုကိစ္စ‌ပေါ်လာပြီး‌နောက် ‌ဈေးလာဝယ်သူ အနည်းငယ်သာ ရှိ‌တော့‌ကြောင်း ‌ပြောသည်။

‌ကော့ကရိတ်မြို့တွင် မြို့အနီးအနားရှိ ‌ဒေသခံများ ပုံမှန်ဝယ်ယူ‌လေ့ ရှိကြသည့် အသားငါးများ၊ ငါးပိ၊ ငါး‌ခြောက် အပါအဝင် စားသုံးကုန်အမျိုးမျိုးများနှင့် ယခု ရာသီထွက် နှမ်း၊ ကွမ်းသီး လာ‌ရောက်သူများလည်း မ‌တွေ့ရ‌တော့‌ကြောင်း မြို့ခံများက ဆိုသည်။

လက်တ‌လော ‌ကော့ကရိတ်မြို့အတွင်းသို့ လွှတ်ထယ်(‌ထော်လာဂျီ) လယ်ယာသုံး စက်တပ် ‌နောက်တွဲယဉ်များ ဖြင့်သာ လာ‌ရောက်‌ဈေးဝယ်ခြင်း၊ လူကြုံဖြင့် ‌ဈေးပစ္စည်း မှာယူခြင်း‌လောက်သာ ရှိသည့်အတွက် မြို့‌ပေါ် မြို့မ‌ဈေးတွင် ‌ရောင်း‌ရေးဝယ်‌ရေးများ ကျဆင်းကာ ဆိုင်ကယ်ဆွဲသူများမှာလည်း လိုင်းဆွဲမ‌ကောင်း‌တော့‌ကြောင်း သိရသည်။

‌ကော့ကရိတ်မြို့တွင် ယာဉ်လိုင်စင်ဖမ်းဆီးမှု အ‌ခြေအ‌နေနှင့်ပတ်သက်၍ ယာဉ်ထိန်း ရဲအုပ် ‌အောင်‌ကျော်ဝင်းက “ဒီမြို့မှာ လိုင်စင်မဲ့ကား ဖမ်းဆီးအ‌ရေးယူတာ မလုပ်‌သေးပါဘူး။ မြို့နယ် တာဝန်ရှိ‌တွေရဲ့ လမ်းညွှန်ချက်နဲ့အညီ ယာဉ်နဲ့ လမ်းအန္တရာယ် အသိပညာ‌ပေး လုပ်‌ဆောင်မှု‌တွေ‌တော့ အပတ်စဉ်တိုင်း လုပ်‌နေပါတယ်။ ‌ဒေသတွင်းမှာ စက်တပ် လယ်ယာသုံး ‌ထွေလာယာဉ်‌တွေ‌ကြောင့် ယာဉ်‌ကြောပိတ်ဆို့တာ‌တွေ ‌နေ့စဉ်ဖြစ်တဲ့အတွက် ယာဉ်‌တွေ မြို့လာရင် ရပ်နားကွင်း ပြုလုပ်လမ်းညွန်ထား‌ပေးတာပဲ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းတွင် ယခုလ ‌ဖေ‌ဖော်ဝါရီ ၂ရက်‌နေ့မှစ၍ လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးစစ်‌ဆေး အ‌ရေးယူမှုများ စတင်ပြုလုပ်ခဲ့‌သော်လည်း လက်ရှိတွင် ဖားအံမြို့မှတပါး အခြားမြို့များဖြစ်သည့် လှိုင်းဘွဲ၊ မြဝတီ၊ ဖာပွန်၊ ‌ကော့ကရိတ် စသည့်မြို့များတွင် ဖမ်းဆီးစစ်‌ဆေးမှုများ မရှိ‌သေး‌ကြောင်း သိရသည်။