Home သတင်း KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော်များသို့ တက်‌ရောက်ခဲ့

KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော်များသို့ တက်‌ရောက်ခဲ့

1550
ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၊ ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်နှင့်အဖွဲ့သည် ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့‌သော ရန်ကုန် တိုင်း‌ဒေသကြီး၊ ရန်ကုန်မြို့အနီးတဝိုက်ရှိ ကရင်အမျိုးသား နှစ်သစ်ကူး‌နေ့ ပွဲ‌တော်များသို့ ပထမဆုံးအကြိမ် တက်‌ရောက်အား‌ပေး ဆင်နွှဲခဲ့သည်။

ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ နှစ်သစ်ကူးပွဲ‌တော်များကို ပဒို‌နော်စီဖိုးရာစိန်အ‌နေဖြင့် တက်‌ရောက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ဝရက်‌နေ့၊ နံနက် ၆နာရီတွင် အလုံမြို့နယ်ရှိ ပိုးကရင်ကျမ်းစာ‌ကျောင်းဝင်း၌ အလံတင်အ ခမ်းအနားကို တက်‌ရောက်ခဲ့သည့်အပြင် နံနက် ၁ဝနာရီတွင် အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဝဂင်္ဘာ အာလိန်ငါးဆင့်‌ကျောင်းတိုက် တွင် ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ‌တော်သို ့သွား‌ရောက်ကာ ‌ကျောင်းထိုင်ဆရာ‌တော်၊ ‌ကော်မတီတာဝန်ရှိသူများနှင့် ‌တွေ့ဆုံ ခဲ့သလို ပန်းချီပြခန်းနှင့် ယဉ်‌ကျေးမှုပြခန်းများသို့လည်း သွား‌ရောက်‌လေ့လာခဲ့သည်။

အလားတူ ည‌နေ ၅နာရီတွင် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ၊ တွံ‌တေးမြို့နယ်သို့သွား‌ရောက်ကာ နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ‌ကော်မတီမှ တာဝန်ရှိသူများနှင့် ‌တွေ့ဆုံခဲ့ပြီး တွံ‌တေးမြို့နယ်၊ ‌ဘောလုံးကွင်း၌ ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ‌တော်သို့ တက် ‌ရောက်ခဲ့သည်။

ပဒို‌နော်စီဖိုးရာစိန်က “ဒီကိုလာဖို ့ ဖိတ်‌ခေါ်ခဲ့သူ‌တွေနဲ ့ကူညီ‌ပေးခဲ့တဲ့သူ‌တွေကို ‌ကျေးဇူးတင်ပါတယ်။ တွံ‌တေးမြို့ ကရင်လူထုများ နဲ့ အခုလို ဆုံ‌တွေ့ခွင့်ရတာ အင်မတန်မှ ဝမ်းသာပါတယ်။ ဒီက‌နေ့မှာဆိုရင် ကျမတို ့ တိုင်းရင်းသားအားလုံး စစ်မှန်တဲ့ ငြိမ်းချမ်း ‌ရေးကို ရရှိဖို့နဲ့ လွတ်လပ်ခြင်းကိုရရှိဖို ့ကျမ အရင်ဦးဆုံး ဆုမွန်‌ကောင်း ‌တောင်းချင်ပါတယ်။ ကျမတို့‌ခေါင်း‌ဆောင်ကြီး‌တွေ စည်း စည်းလုံးလုံးနဲ ့ကြိုးစားခဲ့လို့ ဒီလိုနှစ်သစ်ကူးကျင်းပတဲ့ အခွင့်ရခဲ့သလို ဒီထက်မက ရရှိဖို ့ညီညွတ်စွာ ကြိုးစားကြမယ်ဆိုလို့ရှိရင် ဒီထက်မက အခွင့်အ‌ရေး‌တွေကို ရရှိနိုင်မှာ ဖြစ်တယ်”ဟု တွံ‌တေးနှစ်သစ်ကူး ည‌နေပိုင်းအခမ်းအနား၌ ‌ပြောကြားခဲ့သည်။

ထို့အပြင် ကရင်အမျိုးသားများ လိုလား‌သော စစ်မှန်သည့် ငြိမ်းချမ်း‌ရေးနှင့် လွတ်လပ်ခွင့်ရရန် ကရင်တစ်မျိုးသားလုံး ကျရာ‌နေ ရာမှ ပါဝင်ပူး‌ပေါင်း၊ အား‌ပေး‌ထောက်ခံမှုများ လိုအပ်‌ကြောင်း စစ်မှန်သည့် ငြိမ်းချမ်း‌ရေးရရန် တိုင်းရင်းသားများ၊ လက်ရှိအစိုးရ နှင့် ‌နောင်တက်လာမည့် အစိုးရနှင့်ပါ လက်တွဲလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌ပြောကြားခဲ့သည်။

တွံ‌တေးမြို့နယ်၊ ‌ဘောလုံးကွင်း၌ ပြုလုပ်သည့် ကရင်နှစ်သစ်ကူး‌နေ ့ည‌နေပိုင်းပညာရည်ချွန်ဆု‌ပေးပွဲသို့ တက်‌ရောက်လာသည့် ကရင်တိုင်းရင်းသား‌ရေးရာ လွှတ်‌တော်ကိုယ်စားလှယ် ‌နော်ပန်းသဉ်ဇာမျိုးက “ဒီက‌နေ့ဟာ ကျမအတွက်‌တော့ ‌နေ့ထူး‌နေ့မြတ် ‌နေ့ တစ်‌နေ့ပါ။ ဘာဖြစ်လို့လဲဆို‌တော့ ကျမ‌လေးစားချစ်ခင်ရတဲ့ ‌နော်စီဖိုးရာစိန်နဲ ့‌တွေ့ရလို ့အရမ်းဝမ်းသာတယ်”ဟု ‌ပြောသည်။

သူမက ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပရန် အဆင့်ဆင့် ခွင့်ပြုချက်တင်‌နေရသည်မှာ မဖြစ်သင့်‌ကြောင်း နိုင်ငံ‌တော်အ‌နေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်‌ကျေးမှုပွဲ‌တော်များကို အား‌ပေးသင့်သလို နှစ်သစ်ကူးပွဲ‌တော်သည် ကရင် တိုင်းရင်းသားများ၏ ဇာတိဂုဏ်ကို ပြသသည့်ပွဲ‌တော်ဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်။

ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးပွဲ‌တော်များသို့ တက်‌ရောက်ခဲ့သည့် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်နှင့်အတူ ‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါး၊ ပို့‌ဆောင်ဆက်သွယ်‌ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး‌စော‌နေစိုးနှင့် ကရင်အမျိုးသမီးအစည်း အရုံး အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောတို့ လိုက်ပါခဲ့ကြသည်။