Home သတင်း ‌တော်လှန်‌ရေးနှစ်(၅၀)ပြည့် အမှုထမ်းခဲ့သူများကို ၆၇နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့တွင် ဂုဏ်ထူး‌ဆောင်ဆု ချီးမြှင့်မည်

‌တော်လှန်‌ရေးနှစ်(၅၀)ပြည့် အမှုထမ်းခဲ့သူများကို ၆၇နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့တွင် ဂုဏ်ထူး‌ဆောင်ဆု ချီးမြှင့်မည်

1871

ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) လက်‌အောက်ခံ ဖားအံခရိုင်၊ KNLA တပ်မဟာ(၇)ဌာနချုပ် စစ်‌ရေးပြကွင်း၌ ဇန်နဝါရီ လ ၃၁ရက်‌နေ့တွင် ကျင်းပမည့် (၆၇)နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့တွင် ‌တော်လှန်‌ရေးသက်တမ်းနှစ်(၅၀)ပြည့် အမှုထမ်းခဲ့သူများကို ဂုဏ်ထူး‌ဆောင်ဆုများ ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။

အဆိုပါကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူ(ဗဟို)၊ KNLA တပ်မဟာ(၇)ဌာနချုပ်နှင့် ‌ကေအဲန်ယူ ဖားအံခရိုင်တို့ ပူး‌ပေါင်းကျင်းပမည်ဖြစ်ပြီး စစ်‌ရေးပြပွဲ အပါအဝင် ဂုဏ်ထူး‌ဆောင်ဆုနှင့် ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အစီအစဉ်ကို ထည့်သွင်းလုပ် ‌ဆောင်သွားမည်ဖြစ်‌ကြောင်း ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဋ္ဌ ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ယခုလို ‌ပြောသည်။

“၁၉၄၉ခုနှစ်ကတည်းက ‌တော်လှန်‌ရေး စလုပ်ခဲ့တဲ့သူ‌တွေဟာ နှစ် ၄ဝပြည့်၊ နှစ် ၅ဝပြည့်၊ ၆ဝ စသည်ဖြင့် အသီးသီးရရှိခဲ့ဖူးတဲ့ သူ‌တွေ ရှိတယ်။ အဲဒီလို‌ပေးခဲ့တဲ့အချိန်‌တွေမှာ နှစ်ပြည့်‌ပေမယ့် မရခဲ့လိုက်တဲ့သူ‌တွေအတွက် အခု ၆၇ကြိမ်‌မြောက် ‌တော်လှန် ‌ရေး‌နေ့မှာ နှစ်(၅၀) ‌တောက်‌လျှောက် ခွင့်မယူဘဲ အမှုထမ်းလာခဲ့တဲ့ ‌တော်လှန်‌ရေးသမား‌တွေကို ‌ပေးသင့်တယ်ဆိုပြီး‌တော့ အခု လို စီစဉ်လိုက်တာဖြစ်ပါတယ်״ဟု ပဒို‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ဂုဏ်ပြုရာတွင် နှစ်(၅၀)ပြည့် ဂုဏ်ထူး‌ဆောင်ဆုအတွက် (၅၃)ဦးကို ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုတံဆိပ်‌ပေးအပ်မည်ဖြစ်ပြီး ‌တော်လှန်‌ရေးကာလအတွင်း အစိုးရ၏ ဖမ်းဆီး‌ထောင်ချမှုခံရပြီး အဖွဲ့အစည်းတွင် ပြန်လည်အမှုထမ်းခဲ့သူ (၁၆)ဦးကိုလည်း ဂုဏ်ပြုလွှာများ ‌ပေးအပ်ချီးမြှင့်သွားမည်ဟု သိရသည်။

၎င်းအပြင် ‌တော်လှန်‌ရေး တိုက်ပွဲကာလများအတွင်း ကိုယ်လက်အဂင်္ါ ချို့ယွင်းဆုံးရှုံးခဲ့ရသူများကိုလည်း ဂုဏ်ပြုလက်‌ဆောင်များ ‌ပေးအပ်သွားမည်ဖြစ်ပြီး ယင်းအစီအစဉ်အလိုက် ဂုဏ်ပြုခံရသူများစာရင်းတွင် အမျိုးသမီးများ မပါဝင်‌သေးကြာင်းလည်း ပွဲ‌တော် ကျင်းပ‌ရေး‌ကော်မတီက ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၀၈ခု၊ နှစ်(၆၀)‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့တွင် ‌ပေးအပ်ခဲ့သည့် နှစ်(၆၀)ပြည့် ဂုဏ်ထူး‌ဆောင်ဆု ရရှိထားသူ များမှာ စုစု‌ပေါင်း (၁၆)ဦးအထိရှိပြီး ယခုနှစ် ‌ပေးအပ်မည့် ဂုဏ်ထူး‌ဆောင်ဆုတွင် အဆိုပါ ဂုဏ်ပြုခံခဲ့ပြီးသူများ ပါဝင်ခြင်းမရှိ ‌တော့‌ကြောင်းလည်း ပဒို‌စော‌သောသီဘွဲက ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေများဖြစ်သည့် ခရိုင်နှင့် တပ်မဟာနယ် ‌မြေများအလိုက် နှစ်စဉ် ကျင်းပ‌လေ့ရှိခဲ့ပြီး ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။