Home သတင်း လိုင်စင်မဲ့ယာဉ်များ ဖမ်းမည့်ကိစ္စ ပြန်စဉ်းစား‌ပေးရန် ကရင်ပါတီများ စု‌ပေါင်းတိုက်တွန်း

လိုင်စင်မဲ့ယာဉ်များ ဖမ်းမည့်ကိစ္စ ပြန်စဉ်းစား‌ပေးရန် ကရင်ပါတီများ စု‌ပေါင်းတိုက်တွန်း

1472

ဇန်နဝါရီ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များအား လာမည့် ‌ဖေ‌ဖော်ဝါရီ ၂ ရက်‌နေ့တွင် စတင်ဖမ်းဆီးမည့် ကိစ္စကို ပြန်လည်စဉ်းစား‌ပေးရန် နိုင်ငံ‌တော်အစိုးရအား ‌မေတ္တာရပ်ခံ‌ကြောင်း ကရင်နိုင်ငံ‌ရေးပါတီ ငါးခုက ဇန်နဝါရီ ၂၆ ရက်‌နေ့တွင် ‌တောင်းဆိုခဲ့သည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်း၊ အမှတ် ၇စီရှိ ကရင်ပြည်သူ့ပါတီ(KPP) ဒုဥက္ကဌ ‌ဒေါက်တာ ‌စောဆိုင်မွန်သာအိမ်၌ ပြုလုပ်သည့် ကရင်ပါတီများ‌ပေါင်းစည်း‌ရေး အစည်းအ‌ဝေးအပြီး ထုတ်ပြန်သည့် ‌ကြေညာချက်ထဲတွင် ထိုသို့ ‌တောင်းဆိုထားခြင်းဖြစ်သည်။

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက “အခု လိုင်စင်မဲ့ ‌မော်‌တော် ယာဉ်‌တွေကို ပြည်နယ်ထဲမှာ ဖမ်းမယ့်ကိစ္စက ပြည်သူ‌တွေ စိုးရိမ်ပူပန်မှုရှိတယ်။ ဒီအ‌ပေါ် ငါးပါတီ ‌ပေါင်းစည်း‌ရေး‌ဆွေး‌နွေးပွဲမှာ ‌ဆွေး‌နွေးပြီး အချက်နှစ်ချက်ပါ ‌ကြေညာချက်ထုတ်တယ်။ ဖမ်းမယ့် ကိစ္စ ပြန်စဉ်းစား‌ပေးဖို့ အစိုးရကို ‌တောင်းဆိုတယ်၊ ‌နောက်တစ်ချက်က လိုင်စင်မဲ့ကား‌တွေကို သင့်‌တော်တဲ့ အခွန်‌ကောက်ခံပြီး တရားဝင်လိုင်စင် ထုတ်‌ပေးဖို့ အကြုံပြုချက်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပါတီများ ‌ပေါင်းစည်း‌ရေး အစည်းအ‌ဝေးသို့ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၊ ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ(KNP)တို့မှ ကိုယ်စားလှယ် စုစု‌ပေါင်း ၃ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြပြီး အစည်းအ‌ဝေးတွင် ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမည့် ကိစ္စကိုလည်း ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်များကို အစိုးရဝန်ထမ်းများအပါအဝင် အလွှာစုံ ‌ဒေသခံများ အသုံးပြုလျှက်ရှိ‌သော‌ကြောင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမည်ကို ‌ဒေသခံများက စိုးရိမ်ပူပန်‌နေကြကာ သင့်‌တော်သည့် နည်းလမ်းဖြင့် ‌ဖြေရှင်း‌ပေးရန် လိုလားကြသည်ဟု သိရသည်။

“အခုချိန်မှာ ပြည်နယ်အတွင်း လိုင်စင်မဲ့ကားများကို တရားဥပ‌ဒေနဲ့အညီ ဖမ်းဆီးမယ့်အ‌ပေါ် နားလည် ‌ပေမယ့် အစိုးရနဲ့ ‌ဒေသခံတို့ နှစ်ဦးနှစ်ဖက် အဆင်‌ပြေမည့် အခွန်အခ ‌ကောက်ခံပြီး‌တော့ တရားဝင် လိုင်စင် ထုတ်‌ပေးမယ်ဆိုရင် အသင့်‌လျော်ဆုံးဖြစ်မယ်လို့ မြင်ပါတယ်”ဟု ဖားအံမြို့‌ဒေသခံတစ်ဦး ဖြစ်သူ ကရင့်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ဆရာ‌စော‌ကျော်စွာက ‌ပြောသည်။

ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်များကို ယခုလ ဇန်နဝါရီအတွင်း ဖမ်းဆီးမည်ဟု ကနဦး သတင်းထွက်‌ပေါ်ခဲ့‌သော်လည်း ‌ဖေ‌ဖော်ဝါရီ လဆန်းပိုင်းတွင် စတင်ဖမ်းဆီးမည်ဖြစ်သည်ဟု ပြည်နယ်၊ ရဲမှူးက ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုထားသည်။