Home သတင်း ဘုရားသုံးဆူ မြိုင်သာယာ‌ကျေးရွာ ကိုယ်ထူကိုယ်ထ မူလတန်း‌ကျောင်း ဆက်ရပ်တည်ရန် ခက်ခဲ‌နေ

ဘုရားသုံးဆူ မြိုင်သာယာ‌ကျေးရွာ ကိုယ်ထူကိုယ်ထ မူလတန်း‌ကျောင်း ဆက်ရပ်တည်ရန် ခက်ခဲ‌နေ

2998

ဇန်နဝါရီ ၃ဝ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မြိုင်သာယာ‌ကျေးရွာ ကိုယ်ထူကိုယ်ထ မူလတန်းစာ‌ကျောင်းတွင် ‌ကျောင်းသုံးပစ္စည်းများ၊ သင်‌ထောက်ကူများနှင့် စာ‌ရေးကိရိယာတို့ကို ‌ဒေသခံ‌စေတနာဝန်ထမ်း ဆရာ၊ ဆရာမ များကိုယ်တိုင် စိုက်ထုတ်ဝယ်ယူ‌နေရသည့်အတွက် ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည်ဟု ယင်း‌ကျောင်း၏ ဆရာမတစ်ဦးဖြစ်သူ နန့်‌ဖေါ့စီက ‌ကေအိုင်စီသို့ ဇန်နဝါရီ ၂၉ ရက်‌နေ့တွင် ‌ပြောသည်။

သူမက “လက်ရှိ‌ကျောင်းမှာ စာ‌ရေးကိရိယာ၊ ဗလာစာအုပ်၊ သင်‌ထောက်ကူပစ္စည်း‌တွေ အစစရာရာ ကိုယ့်ပိုက်ဆံနဲ့ ဝယ်‌နေရတယ်။ ဒီမှာက မိသားစုအဆင်မ‌ပြေလို့ လာတက်တဲ့ က‌လေး‌တွေများတယ်။ ဘယ်အစိုးရမှလည်း လာပြီး ‌ထောက်ပံ့‌ပေးတာ မရှိဘူး။ အခက်ခဲကြားက‌နေ က‌လေး‌တွေကို ပညာတတ်‌အောင် ‌စေတနာနဲ့ လာပြီးသင်‌ပေး‌နေတာ ဆက်ရပ်တည်ဖို့ ခက်ခဲ‌နေတယ်”ဟု ‌ပြောသည်။

‌ကျောင်းဆရာ/ဆရာမ ၃ ဦး၊ ‌ကျောင်းသူ‌ကျောင်းသား ၅၂ ဦးရှိသည့် ၎င်း‌ကျောင်းတွင် ရပ်မိရပ်ဖများက ဆရာ တဦးကို တစ်လ ကျပ် ၃၀,၀၀ဝ ‌ထောက်ပံ့‌ပေး‌သော်လည်း ‌ကျောင်းသုံးပစ္စည်းများ ပြန်လည်ဝယ်ယူ‌နေရသဖြင့် အသုံးစရိတ် မလုံမ‌လောက်ဖြစ်‌နေသည်။ ထို့အတွက် ဆိုင်ရာတာဝန်ရှိသူများ အစိုးရအ‌နေဖြင့် ‌ကျောင်းသုံး ပစ္စည်းနှင့် စာ‌ရေးကရိယာများကို ‌ထောက်ပံ့‌ပေးမည်ဆိုပါက က‌လေးများအတွက် များစွာအဆင်‌ပြေနိုင်သည်ဟု ‌စေတနာဝန်ထမ်း ဆရာမ နန့်‌ဖေါ့စီက ဆက်‌ပြောသည်။

မြိုင်သာယာ‌ကျေးရွာ‌နေ ‌ကျောင်းသားမိဘတဦးဖြစ်သူ ‌နော်သန်းသန်းစိုးကလည်း “ကျမ က‌လေးသုံး‌ယောက် စလုံး ဒီ‌ကျောင်းမှာပဲ ‌နေတယ်။ ‌ကျောင်းကလည်း မပြည့်စုံဘူး။ သင်‌ထောက်ကူပစ္စည်း‌တွေလည်း မရှိဘူး။ ‌နောက်‌ကျောင်းသား‌တွေက များပြီး ဆရာ၊ ဆရာမ သုံး‌ယောက်နဲ့ဆို‌တော့ ဘယ်လိုမှ ထိထိ‌ရောက်‌ရောက် သင်‌ပေးနိုင်မှာ မဟုတ်ဘူး။ က‌လေး‌တွေ စာမတတ်မှာ အရမ်းစိုးရိမ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
12625883_1501828330125360_1318907186_n
အဆိုပါ ‌ကျောင်းသည် ဘုရားသုံးဆူမြို့ ဓမ္မ‌ဟေဝန် ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်း၏ ‌ကျောင်းခွဲတခု ဖြစ်ကာ မူလတန်း‌အောင်မြင်ပြီးသူများကို ယင်းဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်းသို့ ဆက်လက်တက်ရ သည်ဟု ‌ဒေသခံများထံမှ သိရသည်။

“သမီးငယ်ငယ်ထဲက အ‌ဖေဆုံးသွားတယ်။ အ‌မေကလည်း ဆင်းရဲတယ်။ ‌ကျောင်းတက်ချင်တယ်။ ‌ကျောင်း မရှိ‌တော့ အခု သမီးအသက် ၁ဝနှစ်မှ ‌ကျောင်း‌နေရတယ်။ သမီးကြီးလာရင် အင်ဂျင်နီယာ ဖြစ်ချင်တယ်”ဟု မြိုင်သာယာမူလတန်း‌ကျောင်းတွင် ပထမတန်း‌ကျောင်းသူ ‌နော်ရူးခလိန်က ဆိုသည်။

စစ်‌ပြေး‌ရှောင်ဒုက္ခသည်အများစု ‌နေထိုင်‌သော အိမ်‌ခြေ ၁၀၉ လုံးရှိသည့် မြိုင်သာယာ‌ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ ကိုယ်ထူကိုယ်ထ မူလတန်း‌ကျောင်း ‌ဆောက်လုပ်ကာ ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့‌သော် လည်း ယခုအချိန်ထိ အစိုးရက အသိအမှတ်ပြုထားခြင်း မရှိ‌သေး‌ကြောင်း သိရသည်။