Home သတင်း ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၄ဝဦး ရန်ကုန်၊ အာလိန်ငါးဆင့် နှစ်သစ်ကူးပွဲ‌တော်တွင် ထူးချွန်ဆုများချီးမြှင့်

ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၄ဝဦး ရန်ကုန်၊ အာလိန်ငါးဆင့် နှစ်သစ်ကူးပွဲ‌တော်တွင် ထူးချွန်ဆုများချီးမြှင့်

2883

ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

၂၇၅၅ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်) မှ ဇန်နဝါရီလ ၁ဝရက်‌နေ့တွင် ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဝဂင်္ဘာ၊ အာလိန်ငါးဆင့်‌ကျောင်းတိုက်၌ ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူး ပွဲ‌တော်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ဂုဏ်ထူးဖြင့် ‌အောင်မြင်ခဲ့သည့် ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၄ဝဦးကို ထူးချွန်ဆု များ ချီးမြှင့်ခဲ့သည်။

အဆိုပါ ဗဟို‌ကော်မတီအ‌နေဖြင့် ကရင်နှစ်သစ်ကူး‌နေ့တွင် ကရင်လူငယ်များအား မိမိတို့လူမျိုး ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် တတတ်တအား ပါဝင်ရန် ရည်ရွယ်၍ ပညာရည်ချွန်ဆု‌ပေးအပ်ခြင်းဖြစ်သလို ယခုနှစ်တွင် တစ်ဘာသာဂုဏ်ထူးရှင် ၇ဝဦး၊ နှစ် ဘာသာဂုဏ်ထူးရှင် ၂၁ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၉ဦး၊ ‌လေးဘာသာ ဂုဏ်ထူးရှင် ၁၅ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၁ဦးနှင့် ‌ခြောက်ဘာသာ ဂုဏ်ထူးရှင် ၄ဦး စုစု‌ပေါင်း ၁၄ဝဦးကို ဆုချီးမြှင့်ခဲ့သည်ဟု ပညာရည်ချွန်ဆု‌ပေးအပ်‌ရေး ‌ကော်မတီဥက္ကဌ နန့်ခင် ‌ရွှေဝါက ‌ပြောသည်။

ယင်းအခမ်းအနားတွင် ၂၀၁၅ခုနှစ်၊ ဖ‌လော့ရင့်နိုက်တင်‌ဂေးဆုရှင် စနိုင်နိုင်ထွန်း၊ မြန်မာတိုင်းရင်းသားရိုးရာယဉ်‌ကျေးမှု အဆို အက အ‌ရေးအတီးပြိုင်ပွဲ အမျိုးသားအတီး (တ‌ယော)ပထမဆုရှင် ‌စော‌ဟေနဲတာ‌အေးနှင့် အမျိုးသမီး (တ‌ယော) ပထမဆုရှင် ‌နော်ထက်ဆုလဒ်တို့ကိုလည်း ဂုဏ်ပြုဆုများ အသီးသီး ‌ပေးအပ်ခဲ့ကြသည့်အပြင် ထူးချွန်ဆုရ ကရင်‌မောင်မယ်များအ‌နေနှင့် မိမိ တို့ရဲ့ အမျိုးသား‌ရေးစိတ်ဓါတ်ဖြင့် ကရင်နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီနှင့်အတူ ပူး‌ပေါင်းကူညီလုပ်ကိုင်ကြရန် ဖိတ်‌ခေါ် လို‌ကြောင်း ‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

‌ခြောက်ဘာသာဂုဏ်ထူးရှင် ‌နော်ခဲန်ဒီးနာက “အခုလို ဆု‌ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ပညာသင်‌နေရင်း အမျိုးသား‌ရေးအ တွက် တတ်နိုင်တဲ့ဘက်က‌နေ ဝိုင်းလုပ်သွားမှာပါ။ တချိန်ချိန်မှာ‌တော့ ကရင်လူငယ်‌တွေအတွက် ပညာ‌ရေးအပိုင်းကို တတ်နိုင် တဲ့ဘက်က လုပ်သွားဖို ့ရည်ရွယ်ထားတယ်။ ကရင်လူငယ်‌တွေကို လူငယ်အချင်းချင်း တိုက်တွန်းလိုတာက‌တော့ ပညာ‌ခေတ်မှာ ပညာကို ကြိုးစားသင်ယူပါလို့ တိုက်တွန်းချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူပရိဿတ် ၅၀၀ဝခန့် တက်‌ရောက်ခဲ့ကြသည့် အဆိုပါ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ထို‌နေ့နံနက်(၆)နာရီအချိန်၌ ကရင်အမျိုးသား အလံတင် အခမ်းအနားပြုလုပ်ခဲ့ပြီး ‌ကော်မတီ၏ ပြန်ကြား‌ရေးပြခန်းဖွင့်ပွဲကို ဇန်နဝါရီလ ၉ရက်‌နေ့မှစ၍ သုံးရက်ကြာပြုလုပ်ခဲ့သည့်အပြင် နှစ်သစ်ကူးပွဲ‌တော်တွင် ဖြူနီပြာ ပန်းချီပြပွဲ၊ ဒုံးပြိုင်ပွဲနှင့် ကရင်ရိုးရာ လက်‌ဝှေ့ပြိုင်ပွဲများ ထည့် သွင်းကျင်းပခဲ့ကြသည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်)အ‌နေဖြင့် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ၁၉၆၄ ခုနှစ်မှ စတင်ကာ ယခုနှစ်ထိ ၅၂ကြိမ်ကျင်းပနိုင်ခဲ့ပြီး ယခင်နှစ် ၂၇၅၄ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်တွင် ထူးချွန်သည့် ကရင် ‌ကျောင်းသူ‌ကျောင်းသား ၁၂၁ဦးကို ဆု‌ပေးအပ်နိုင်ခဲ့သည်။