Home သတင်း တိုင်းရင်းသားများ စု‌ပေါင်းကာ ငြိမ်းချမ်း‌ရေး ပညာ‌ပေးသင်တန်း ‌ကော့ကရိတ်တွင် ပြုလုပ်‌နေ

တိုင်းရင်းသားများ စု‌ပေါင်းကာ ငြိမ်းချမ်း‌ရေး ပညာ‌ပေးသင်တန်း ‌ကော့ကရိတ်တွင် ပြုလုပ်‌နေ

2065

ဒီဇင်ဘာ ၁၈ ရက်၊၂၀၁၅ ခုနှစ်။ က‌ဆောဝါး

ထိုင်း-မြန်မာနယ်စပ်၊ နို ့ဖိုးဒုက္ခသည် စခန်းရှိ GBS အထက်တန်း‌ကျောင်းမှ တိုင်းရင်းသား‌ပေါင်းစုံပါဝင်သည့် ‌ကျောင်းသူ၊ ‌ကျောင်းသား ၂၁ ဦးက ဦး‌ဆောင်ကာ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ သုံးဆယ့်သုံးဆူ ‌ကျေးရွာ၌ ငြိမ်းချမ်း‌ရေးဆိုင်ရာ ပညာ‌ပေးသင်တန်းကို ဒီဇင်ဘာ ၁၅မှ ၁၉ ရက်ထိ ပြုလုပ်‌နေသည်ဟု သင်တန်းတာဝန်ခံ ‌ထော့ကွီးက ‌ကေအိုင်စီသို ့ ‌ပြောသည်။

အဆိုပါ သင်တန်းကို ‌ဒေသတွင်းငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များအား လူထုလူတန်းစား အသီးသီး ပူး‌ပေါင်း ပါဝင်‌ဆောင်ရွက် လာနိုင်ရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းသို ့ ကချင်၊ ကရင်၊ ကယန်း၊ မွန်၊ ပအိုဝ့်၊ ကရင်နီ၊ ဗမာ၊ ပ‌လောင်၊ ချင်း စသည့်တိုင်းရင်းသားများပါဝင်သည့် ‌ကျောင်းသား ၂၁ ဦးက ဦး‌ဆောင်ပို့ချ ‌ပေးသွားမည်ဟု သင်တန်းတာဝန်ခံက ယခုလို ့‌ပြောသည်။

” ကျ‌နော်တို့က ‌ဒေသတွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ လူထုလူတန်းစား အသီးသီး ပူး‌ပေါင်းပါဝင်‌ဆောင် ရွက်လာနိုင်‌အောင် အသိပညာ‌ပေးချင် တဲ့ရည်ရွယ်ချက်ကိုအဓိကထားပြီး သင်တန်းပို့ချတာဖြစ်ပါတယ်။ ဒါမှ ‌ဒေသတွင်း ပြည်သူလူထုက ငြိ်မ်းချမ်း‌ရေးကို ဘယ်လို တည်‌ဆောက်‌ဖော်‌ဆောင်ရလဲ၊ အခက်အခဲ‌တွေကို ဘယ်လို‌ဖြေရှင်းရလဲဆိုတာ ‌တွေး‌ခေါ်ပြီး စု‌ပေါင်း‌ဖြေရှင်း တတ်လာမှာ ဖြစ်ပါတယ်” ဟု သင်တန်းတာဝန်ခံ ‌ထော့ကွီးက ‌ပြောသည်။

ငါးရက်ကြာ ပြုလုပ်သည့် သင်တန်းတွင် ခွဲခြားဆက်ဆံခံရမှု ပညာ‌ပေးခြင်း၊ ‌ခေါင်း‌ဆောင်မှု အရည်အချင်း ဆိုင်ရာ အသိပညာ‌ပေးခြင်း၊ ‌ဒေသတွင်းပြဿနာများ ဖြစ်ရသည့် အ‌ကြောင်းရင်းနှင့် ‌ဖြေရှင်းရန် နည်းလမ်း များကို ပို့ချ‌ပေးမည်ဖြစ်သလို သင်တန်းသို ့ ‌ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူ ‌ကျေးရွာအုပ်စု အတွင်းရှိ ‌ဟောင်သ‌ရော၊ ကျိုက်သလိုက်၊ သရက်‌တော၊ အံ‌ကောင် ‌ကျေးရွာတို ့မှ ‌ကျောင်းသူ၊ ‌ကျောင်းသားများ၊ မိဘနှင့် ရပ်မိရပ်ဖများ အပါအဝင် သင်တန်းသူ၊ သင်တန်းသား ၂၀၄ ဦးတက်‌ရောက်လျက်ရှိသည်။

သရက်‌တော‌ကျေးရွာအုပ်စုမှ သင်တန်းသား ခွန်သန်းထွန်းက “ လွန်ခဲ့တဲ့ ဆယ်နှစ် ဆယ့်ငါးနှစ် တုန်းက ဒီလိုငြိမ်းချမ်း‌ရေး သင်တန်းမရှိဘူး၊ ကျ‌နော်တို့စစ်‌မြေပြင်မှာပဲ ‌နေရတယ်။ အစိုးရတပ် ရွာထဲဝင်လာရင် အမြဲ တိုက်ပွဲဖြစ်ပြီး။ ရွာထဲ‌နေလို့မရဘူး။ အခု တိုက်ပွဲ‌တွေ မရှိ‌တော့ဘူး။ ‌နောင်လာ ‌နောင်သား‌တွေကို ဒီသင်တန်းကရတဲ့ အသိပညာ‌တွေ မျှ‌ဝေသွားမယ်” ဟု ‌ပြောသည်။

ယခု သင်တန်းပြုလုပ်သည့် ‌နေရာ၌ ယခင်က တိုက်ပွဲများမကြာခဏ ဖြစ်ပွားပြီး ထွက်‌ပြေးတိမ်း‌ရှောင်ရ ခြင်း၊ ‌ပေါ်တာလိုက်ရခြင်း၊ကင်း‌စောင့်ရခြင်းနှင့်မတရားခိုင်း‌စေခံရခြင်းများရှိခဲ့ပြီး ယခုအ‌ခြေအ‌နေ ငြိမ်းချမ်းစ ပြုလာသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

အလားတူ ‌ဒေသခံ ‌နော်ကြည်ကြည်‌အေးက “ ဒီသင်တန်းကို ရပ်ရွာ‌ကောင်းကျိုးဖြစ်‌စေဖို့နဲ့ ရပ်ရွာထဲမှာ ပြဿနာ မဖြစ်‌အောင်ကြိုတင်ကာကွယ်နိုင်ဖို ့ရည်ရွယ်ပြီး လာတက်တာပါ။ ငြိမ်းချမ်းမှုကိုလိုချင်တယ်၊ ဒါ‌ပေမယ့် အဲဒီအချိန်က ‌စောင့်ရအုံးမလား၊ ‌ရောက်လာ‌တော့မလားမသိဘူး၊ ငြိမ်းချမ်းမှုရရင်‌တော့ အဖီး အရမ်း ‌ပျော်တာ‌ပေါ့” ဟု ‌ပြောသည်။

ယင်း‌ကျောင်းသားများက နှစ်နှစ်လျှင်တစ်ကြိမ် ‌ကျောင်းပိတ်ရက်များတွင် သက်ဆိုင်ရာ ကရင်အမျိုးသား အစည်းအရုံး(KNU) ခရိုင်များအတွင်းရှိ ‌ကျေးရွာများသို့ သွား‌ရောက်ကာ အသိပညာ‌ပေး သင်တန်းများပို့ချ ‌လေ့ရှိပြီး ယခုနှစ်အစီအစဉ်အရ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဝါးဘိုးကုန်းနှင့် သူး‌လေကုန်း ‌ကျေးရွာ များတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ လက်ရှိသင်တန်းသည် ‌ကျောင်းပိတ်ရက်အတွင်း ‌နောက်ဆုံးပြုလုပ်သည့် သင်တန်းဖြစ်‌ကြောင်း သိရသည်။