Home သတင်း ဗြိတိန်စစ်သံမှူး ‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့်ရန် ‌ကော့ကရိတ်‌ဒေသခံများနှင့် လာ‌တွေ့ဆုံခဲ့

ဗြိတိန်စစ်သံမှူး ‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့်ရန် ‌ကော့ကရိတ်‌ဒေသခံများနှင့် လာ‌တွေ့ဆုံခဲ့

1470

နိုဝင်ဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

‌ရွေး‌ကောက်ပွဲ‌စောင့်ကြည့် ‌လေ့လာ‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်စစ်သံမှူး Mr. Christ Thimdlay နှင့် သံရုံး ဒုတိယ အတွင်းဝန် Mrs. Lisa Evely တို့ နိုဝင်ဘာလ ၂ရက်‌နေ့က ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ‌ဒေသခံ ‌ရွေး‌ကောက်ပွဲ‌စောင့်ကြည့်‌ရေး အရပ်ဖက်အဖွဲ့အစည်းများ၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်နှင့် နိုင်ငံ‌ရေးပါတီများအား လာ ‌ရောက်‌တွေ့ဆုံခဲ့သည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ လာ‌ရောက်‌တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ယင်းသံရုံးစကားပြန် ဦးညီညီဖြူက “ကျ‌နော်တို့အ‌နေနဲ့ အခြားနိုင်ငံတကာ ‌ရွေး ‌ကောက်ပွဲ ‌လေ့လာ‌စောင့်ကြည့်သူ အဖွဲ့အစည်း‌တွေ၊ ပြည်တွင်းပြည်ပ ‌ရွေး‌ကောက်ပွဲဆိုင်ရာ ‌လေ့လာ‌စောင်ကြည့်သူ‌တွေနဲ့ ပူး ‌ပေါင်းပြီး‌တော့ ‌ရွေး‌ကောက်ပွဲကာလ ‌တွေ့ရှိချက်‌တွေကို အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့ အခုလို လာ‌ရောက်‌တွေ့ဆုံခြင်း ဖြစ်တယ်” ဟု နိုဝင်ဘာလ ၂ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောခဲ့သည်။

ဗြိတိန်စစ်သံမှူးနှင့်အဖွဲ့သည် ခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်နှင့် ‌တွေ့ဆုံကာ ‌ရွေး‌ကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်လုပ်ကိုင်‌နေ မှု၊ အခက်အခဲများ၊ ‌ရွေး‌ကောက်ပွဲကာလအတွင်း ပဋိပက္ခများဖြစ်‌ပေါ်လာပါက ‌ဖြေရှင်းရန် ပြင်ဆင်ထားမှုအ‌ခြေအ‌နေတို့ကို ‌မေး မြန်း‌ဆွေး‌နွေးခဲ့သလို မြို့နယ်အတွင်းအ‌ခြေစိုက် နိုင်ငံ‌ရေးပါတီများကို ‌တွေ့ဆုံကာ ‌ရွေး‌ကောက်ပွဲအကြိုကာလ အ‌ခြေအ‌နေ၊ ဥပ‌ဒေချိုး‌ဖောက်သည့် မဲဆွယ်မှုများရှိမရှိ၊ ပါတီများ ‌အောင်နိုင်‌ရေး အ‌ခြေအ‌နေများကို ‌တွေ့ဆုံ‌မေးမြန်းခဲ့သည်။

ထို့အပြင် သွီးလူမှုကူညီ‌ရေး အ‌ထောက်အကူပြုကွန်ရက်၊ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ‌ဒေသ တာဝန်ခံများ၊ ‌ဒေသတွင်း မဲဆန္ဒရှင်၊ ရပ်မိရပ်ဖ၊ သတင်းမီဒီယာသမားများနှင့် ‌တွေ့ဆုံပြီး ‌ရွေး‌ကောက်ပွဲဆိုင်ရာ သိရှိလိုသည်များကို ‌မေးမြန်းခဲ့သည်ဟု ‌တွေ့ဆုံပွဲတွင် ပါဝင်သူများထံမှ သိရသည်။

‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သူ သွီးလူမှုကူညီ‌ရေး အ‌ထောက်အကူပြုကွန်ရက် တာဝန်ခံ မန်းသိန်း‌ဇော်က “‌ကော့ကရိတ်မှာ ‌ရွေး ‌ကောက်ပွဲ ‌လေ့လာ‌စောင့်ကြည်မှု၊ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာ‌ပေးမှု‌တွေ အားနည်းတဲ့အတွက် မဲဆန္ဒရှင်‌တွေရဲ့ အခွင့်အ ‌ရေး သိသိသာသာနည်း‌နေတာကို ‌တွေ့‌နေရ‌ကြောင်းနဲ့ ‌ကော်မရှင်က အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေနဲ့ ချိတ်ဆက်တာလည်း မရှိ ပါဘူးဆိုတာ‌တွေကို သံရုံး တာဝန်ရှိသူ‌တွေကို ‌ဆွေး‌နွေးတင်ပြဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

ထို့အပြင် သံရုံးအဖွဲ့တာဝန်ရှိသူများအ‌နေဖြင့် ယခုကျင်းပမည့် ‌ရွေး‌ကောက်ပွဲအား ပွင့်လင်းမြင်သာ မျှတမှု မည်မျှရှိသည်ဆို သည်ကို ဘက်မလိုက်စတမ်း ‌လေ့လာ‌စောင်ကြည့် အစီရင်ခံစာ ထုတ်ပြန်သွားနိုင်ရန် ၎င်းတို့နှင့် ပူး‌ပေါင်းချိတ်ဆက်လုပ်‌ဆောင် သွားရန် ‌ပြောဆိုခဲ့သည်ဟု မန်းသိန်း‌ဇော်က ဆက်‌ပြောသည်။

နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပမည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအား ‌လေ့လာ‌စောင့်ကြည့်ရန် ဗြိတိန်သံရုံးမှ ‌စောင့်ကြည့်‌လေ့ လာ‌ရေးအဖွဲ့ ၂၇ဖွဲ့ကို တစ်နိုင်ငံလုံးသို့ ‌စေလွှတ်‌လေ့လာသွားမည်ဟုလည်း သံရုံးတာဝန်ရှိသူများထံမှ သိရသည်။