Home သတင်း ကြာအင်းဆိပ်ကြီး ‌ဒေသခံများအတွက် မဲ‌ပေးခြင်းပညာ‌ပေးပွဲ ပြုလုပ်ပြီးစီး

ကြာအင်းဆိပ်ကြီး ‌ဒေသခံများအတွက် မဲ‌ပေးခြင်းပညာ‌ပေးပွဲ ပြုလုပ်ပြီးစီး

1615

‌အောက်တိုဘာ ၈ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောမြတ်ဦးသာ

၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွင် မဲ‌ပေးခြင်းဆိုင်ရာ အသိပညာများနှင့် ပတ်သက်ပြီး ပြည်သူများ ပိုမိုသိရှိနားလည် လာ‌စေရန် ရည်ရွယ်ပြီး ကရင်ပြည်နယ် လူမှုအဖွဲ့အစည်းများ ကွန်ရက်က ဦး‌ဆောင်ကာ မဲ‌ပေးခြင်းဆိုင်ရာ အသိပညာ‌ပေးပွဲ တစ်ခုကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာ၌် ‌အောက်တိုဘာ ၇ ရက်မှ ၈ ရက်ထိ ပြုလုပ်ခဲ့သည်ဟု ဦး‌ဆောင်စီစဉ်သူများက ‌ကေအိုင်စီသို ့‌ပြောသည်။

“ အမှန်‌တော့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က မလုပ်နိုင်တဲ့ အပိုင်းကို ဝိုင်းလုပ်တာ‌ပေါ့။ လက်ရှိပြည်သူ‌တွေ မဲဘယ် လိုထည့်ရမလဲ။ ကြိုတင်မဲ၊ ပယ်မဲ၊ ခိုင်လုံမဲ၊ ပြီး‌တော့ မဲရုံရဲအ‌ခြေအ‌နေ‌တွေဘယ်လို‌စောင့်ကြည့် ရမလဲအကုန် လုံး သင်ကြား‌ပေးခဲ့ပါတယ်” ဟု မဲပညာ‌ပေးပွဲ ဦး‌ဆောင်စီစဉ်သူ ကရင်လူမှုအဖွဲ့အစည်းများ ကွန်ရက်မှ ‌စောဆန်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ‌ရွေး‌ကောက်ပွဲမဲ‌ပေးခြင်းဆိုင်ရာ အသိပညာ‌ပေးပွဲသို ့ ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ ‌တောင်ဒီး‌ကျေးရွာအုပ်စု၊ တံခွန်တိုင်‌ကျေးရွာအုပ်စု၊ ခလယ်‌ကျေးရွာအုပ်စုများမှ ‌ဒေသခံ ၄ဝ ‌ကျော် တက်‌ရောက်ခဲ့‌ကြောင်း ပညာ‌ပေးပွဲဖြစ်‌မြောက်‌ရေး စီစဉ်သူများထံမှ သိရသည်။

ထိုသို့ အသိပညာ‌ပေးပွဲပြုလုပ်ခြင်းအ‌ပေါ် ကြာအင်းဆိပ်ကြီး၊ မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေး နှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ဦး‌စောထူးက‌ပေါ်က“ အခု အဲလိုလုပ်‌ပေး‌တော့ ကျွန်‌တော်တို့ မဲဆန္ဒရှင် ပြည်သူ‌တွေက မဲ‌ပေးတဲ့အချိန်မှာ သူတို့‌ပေးချင်တဲ့ ကိုယ်စားလှယ်‌လောင်း အလဟသ မဖြစ်ဘူး‌ပေါ့။ မဲဆန္ဒရှင်‌တွေအတွက် မဲတစ်ပြားမဆုံးရှုံးရ‌အောင် မဲ‌ပေးတဲ့ ‌နေရာမှာ မှန်မှန်ကန်ကန် ဖြစ်‌အောင် သူတို့က ဘက်မလိုက်ဘဲနဲ့၊ ပါတီအစွဲမထားဘဲနဲ့ ရှင်းပြရင်‌တော့ ကိုယ်စားလှယ်‌လောင်း တစ်‌ယောက် အ‌နေနဲ့ ဘာမှ‌ပြောစရာ မရှိပါဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရက် အ‌နေဖြင့် ပြီးခဲ့သည့်လပိုင်းက လှိုင်းဘွဲ့၊ ဘားအံ၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင် ‌ရွေး‌ကောက်ပွဲ ပညာ‌ပေးလုပ်ငန်းများပြုလုပ်ခဲ့ပြီး ဖာပွန်၊ သံ‌တောင်ကြီးမြို့နယ် တို့တွင်လည်း မဲ‌ပေးခြင်းပညာ‌ပေးလုပ်ငန်းများ ဆက်လုပ် သွားမည်ဟု ယင်းကွန်ရက်မှ သိရသည်။

လက်ရှိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ကျေးရွာအုပ်စု‌ပေါင်း ၅၇ အုပ်စုရှိရာ ၄၁ အုပ်စုတွင် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ၌ လုံခြုံ‌ရေးအ‌ကြောင်းပြချက်ဖြင့် မဲရုံဖွင့်လှစ်‌ပေးနိုင်မည် မဟုတ်သလို ၂၀၁ဝ ပြည့်နှစ်‌ရွေး‌ကောက်ပွဲတွင် ‌ကျေးရွာအုပ်စု ၄၆ အုပ်စု၌ လုံခြုံ‌ရေး‌ကြောင့် မဲရုံဖွင့်လှစ်‌ပေးနိင်ခြင်း မရှိခဲ့‌ကြောင်း ပြည်နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထုတ်ပြန်ချက်များအရ သိရသည်။